×

MPT နှင့် Sony မှ Xperia ဖုန်းအသစ်များတွင် အထူးလက်ဆောင်များနှင့် ဒေတာများ အများအပြား ထည့်သွင်းပေးထား

12 May 2017

( ၂၀၁၇ ခုနှစ်၊ မေလ (၁၁) ရက်၊ ရန်ကုန်) – MPT နှင့် Sony တို့အနေဖြင့် စတိုင်ကျသည့် စမတ်ဖုန်းများဖြစ်သော Xperia XA1 မှသည် Xperia XZ Premium အထိ စိတ်ဝင်စားဖွယ်ရာ ပူးပေါင်းဆောင်ရွက်မှုကို စတင်လိုက်ပြီဖြစ်ကြောင်း ကြေညာလိုက်သည်။ သုံးစွဲသူများအနေဖြင့် MPT ၏ ကွန်ရက်အတွင်း ယခုလို စတိုင်ကျလှသည့် နောက်ဆုံးပေါ်ထုတ်ကုန်များကို ဝယ်ယူအသုံးပြုခြင်းဖြင့် များပြားလှသည့် အထူးလက်ဆောင်များနှင့် ဒေတာ ဘောနပ်စ်များကို ရရှိနိုင်မည်ဖြစ်ကာ တစ်လလျှင် 1.5GB ပမာဏမှ 3GB အထိ ငွေဖြည့်သွင်းသည့်ပမာဏပေါ်မူတည်ပြီး ရရှိနိုင်မည်ဖြစ်သည်။

ယခုလို သတင်းကောင်းတွင် MPT နှင့် SONY မှ ပူးပေါင်းပေးအပ်သည့် အဆိုပါ အထူးလက်ဆောင်များထဲတွင် Sony နားကြပ် အခမဲ့လက်ဆောင်များ၊ Sony 10000 mAh power bank တို့အပြင် ဆုကြီးများပိုင်ဆိုင်နိုင်ရန် ပါဝင်ကံစမ်းခွင့်များ ရရှိမည်ဖြစ်သည်။ ပေါက်မဲဆုကြီးများမှာ Sony TV များ၊ Sony PlayStations နှင့် ဂျပန်နိုင်ငံသို့ ပျော်စရာအထူးခရီးစဉ်လည်း ပါဝင်မည်ဖြစ်သည်။

သုံးစွဲသူများသည် မေလ (၁၂) ရက်နေ့မှစတင်၍ ရန်ကုန်မြို့၊ မြန်မာပလာဇာရှိ Sony ၏ အထင်ကရ အရောင်းဆိုင်များကြီးများ နှင့် အချို့သော MPT အမှတ်တံဆိပ်အရောင်းဆိုင်များတွင် ရရှိနိုင်သည့် ဖုန်းမော်ဒယ်လ်များပေါ် မူတည်၍ ဝယ်ယူနိုင်မည်ဖြစ်ပြီး မကြာမီကာလအတွင်းတွင် အကန့်အသတ်မရှိ ဝယ်ယူအားပေးနိုင်မည်ဖြစ်သည်။ ဖုန်းတိုင်းတွင် စံသတ်မှတ်ချက်အနေဖြင့် တစ်နှစ်အာမခံလည်း ပါရှိမည် ဖြစ်သည်။

အခမဲ့ဒေတာအပိုလက်ဆောင်သည် MPT ၏ဆွေသဟာနှင့် ရှယ်ပြောအစီအစဉ်များတွင် ရရှိနိုင်မည်ဖြစ်ပြီး စတင်အသုံးပြုချိန်မှစတင်၍ ခြောက်လအထိ ငွေဖြည့်သွင်းမှုပေါ်မူတည်ပြီး အသုံးပြုနိုင်မည်ဖြစ်သည်။ အဆိုပါအစီအစဉ်တွင် Xperia XA1 နှင့် Xperia Ultra 1 ပိုင်ရှင်များမှာ 1.5GB အခမဲ့ဒေတာရရှိနိုင်ရန် တစ်လလျှင် ဖုန်းငွေ ၃၀၀၀ ကျပ်သာဖြည့်သွင်းရမည်ဖြစ်ပြီး Xperia XZs အားရွေးချယ်ဝယ်ယူသူများသည် တစ်လလျှင် ဖုန်းငွေ ၅၀၀၀ ကျပ်ဖြည့်သွင်းပါက 2.5GB ရရှိမည်ဖြစ်သည်။ အမြင့်ဆုံး Xperia XZ Premium ဝယ်ယူသူများမှာ ဖုန်းငွေ ၅၀၀၀ ကျပ်အတွက် အခမဲ့ဒေတာ 3GB ရရှိမည်ဖြစ်သည်။ ဖြည့်သွင်းသည့် ဖုန်းငွေပမာဏအား ဖုန်းခေါ်ဆိုခြင်း၊ စာတို့ပေးပို့ခြင်း (သို့) သုံးစွဲသူနှစ်သက်ရာ အခြား package များတွင် အသုံးပြုနိုင်မည်ဖြစ်သည်။

Sony စွမ်းဆောင်ရည်ပုံဖော်ခြင်းဖြင့် ဖန်တီးထားခြင်းနှင့်အတူ Xperia XZs နှင့် Xperia XZ Premium တွင် 960fps အထူးအနှေးရိုက်ချက် ဗီဒီယိုအားလုပ်ဆောင်နိုင်သည့် အသစ်စက်စက် Motion Eye™ ကင်မရာ၊ Predictive Capture (ကြိုတင်ရိုက်ကူးခြင်း)၊ မိုဘိုင်းလ်ရုပ်ပုံထုတ်လုပ်ဆောင်ရွက်သည့် လုပ်ဆောင်ချက် အတွက် ပြန်လည်ဒီဇိုင်းပြုလုပ် ဖန်တီးထားသော G မှန်ဘီလူးများနှင့် Bionz™ အသစ်တို့၏ ထပ်ဆောင်း အရည်အသွေးဆိုင်ရာ အကျိုး ရလဒ်များအားလုံးကို အသုံးပြုနိုင်မည်ဖြစ်သည်။
အခြားတစ်ဖက်တွင်လည်း Xperia XA1 ၏အဓိကကင်မရာသည် မိုဘိုင်းအာရုံခံကိရိယာ၊ တောက်ပသည့် F2.0 မှန်ဘီလူးများနှင့် အလင်းရောင်မှိန်မှိန်၌ပင် အကောင်းဆုံးရိုက်ကူးနိုင်ရန် ကြီးမားသော 1/2.3” Exmor™RS နှင့် ရုပ်ထွက်ကောင်းမွန်သော 23 MP ပမာဏရှိသည့် ကင်မရာလည်းဖြစ်ပါသည်။ ခလုတ်နှိပ်လိုက်သည့်အချိန်မှ 0.6 စက္ကန့် အတွင်း ဖမ်းယူရိုက်ကူးနိုင်သည့် မယုံကြည်နိုင်လောက်အောင်လျင်မြန်မှုနှင့် တိကျသည့် Hybrid Autofocus တို့အား အာမခံချက်ပေးထားသောကြောင့် ရုတ်ချည်းအခိုက်အတန့်လေးများကိုပင် ဆုံချက်၌ ဖမ်းယူ ရိုက်ကူးနိုင်စွမ်း ရှိသည်။
MPT-KSGM Joint Operations ၏ CEO ဖြစ်သူ Mr Toshitake Amamiya မှ “MPT သုံးစွဲသူတွေဟာ အခုဆိုရင် နောက်ဆုံးပေါ် Sony Xperia စမတ်ဖုန်းတွေကို စမ်းသုံးကြည့်နိုင်ပြီဖြစ်ပြီး မြန်မာနိုင်ငံရဲ့အမြန်ဆန်ဆုံးနှင့် အကြီးမားဆုံး မိုဘိုင်းလ်ဒေတာ ကွန်ရက်မှာ တစ်လကို အခမဲ့ဒေတာ 3GB အထိရရှိနိုင်ပြီဖြစ်ပါတယ်။ Sony အနေနဲ့ အနာဂတ်ဆက်သွယ်ဆက်ဆံရေးကို ဖြန့်ကျက်ဖို့ ကတိကဝတ် ပြုထားပြီး ရှေ့သို့လှမ်းချီမြန်မာပြည် ဆိုတဲ့ MPT ရဲ့ဆောင်ပုဒ်နဲ့အတူ ဒီပရိုမိုးရှင်းဟာ ပြည့်စုံကောင်းမွန်တဲ့ တွဲဖက်မှုပါပဲ” ဟုပြောကြားခဲ့ပါသည်။

Sony International Singapore Ltd., ၏မြန်မာပြည်ရုံးခွဲအကြီးအကဲ Hideaki Koita မှလည်း “လှပကျော့ရှင်းတဲ့ ပုံစံဒီဇိုင်းကုန်ပစ္စည်းတွေမှာ အဆင့်အမြင့်မားဆုံးနည်းပညာတွေ ထည့်သွင်းပေးနိုင်ဖို့အတွက် တစိုက်မတ်မတ် အာရုံစိုက်လုပ်ဆောင်ခြင်းနဲ့အတူ ကျွန်တော်တို့ရဲ့စမတ်ဖုန်းပုံစံကို အသွင်ကူးပြောင်း ဆောင်ရွက်နေကြတာဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ အရင်နဲ့မတူဘဲ သုံးစွဲသူတွေနဲ့ စိတ်ပိုင်းဆိုင်ရာ၊ အဓိပ္ပါယ်ပြည့်ဝတဲ့ နည်းတွေနဲ့ဆက်စပ်နေတဲ့ တွေ့ကြုံခံစားမှုတွေကို ပေးစွမ်းနေတာလည်းဖြစ်ပါတယ်” ဟုပြောကြားခဲ့သည်။
အဆိုပါပရိုမိုးရှင်းအား ၂၀၁၇ ခုနှစ်၊ မေလမှ အောက်တိုဘာလအတွင်း ရရှိခံစားနိုင်ကြမည်ဖြစ်ပါသည်။