
MPT ဖုန်းများတွင် သောကြာနေ့မှာကြိုတင်ငွေဖြည့်၍ အင်တာနက်အခမဲ့ သုံးနိုင်ပြီ
16 May 2016MPT ၏ အပိုဆောင်းငွေဖြည့်ခြင်းအစီအစဉ်ဖြင့် သုံးစွဲသူများ စနေ၊ တနင်္ဂနွေပိတ်ရက်တွင် အင်တာနက်အခမဲ့ အသုံးပြုနိုင်တော့မည်ဖြစ်သည်။
(ရန်ကုန်၊ ၂၀၁၆ ဇွန်လ ၁၅ရက်) – သုံးစွဲသူ သန်း၂ဝကျော်ရှိနေပြီး မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် လက်ကျန်ငွေ ဖြည့်လိုက်သည် နှင့်တပြိုင်နက် အင်တာနက် အခမဲ့အသုံးပြုနိုင်မည့် အထူးလက်ဆောင် အစီအစဉ်ကို စတင်မည်ဖြစ်ကြောင်း ယနေ့ကြေငြာချက်ထုတ်ပြန်လိုက်သည်။ MPT သည် အမြဲမပြတ် အားပေးနေသော သုံးစွဲသူများကို အထူးကျေးဇူးတင် သည့်အနေဖြင့် ဇွန်လ ၁ရရက် သောကြာနေ ့တွင် ငွေဖြည့်ပါက စနေ၊ တနင်္ဂနွေ ပိတ်ရက်များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်သည်။
အဆိုပါ အထူး လက်ဆောင် အစီအစဉ်ကို ဇွန်လ ၁၇ ရက် (သောကြာနေ့)မှ နောက်ထပ်မကြေညာခင်အချိန်အထိိသောကြာနေ့ တိုင်းရယူနိုင်ပါသည်။MPT ဝန်ဆောင်မှုအသုံးပြုသူများ သည် သောကြာနေ့တွင် ကြိုတင်ငွေဖြည့်ခြင်းဖြင့် စနေနေ့ နှင့် တနင်္ဂနွေ ပိတ်ရက်များတွင် အင်တာနက် အခမဲ့ အသုံးပြုနိုင်မည်ဖြစ်ပြီး ငွေဖြည့် ပမာဏပေါ် မူတည်၍ ပမာဏများလျှှင် များသလို အင်တာနက်ကို အခမဲ့ များများ အသုံးပြုနိုင်မည်ဖြစ်သည်။ ယခုအခမဲ့ အင်တာနက် ဝန်ဆောင်မှုသည် သောကြာနေ့ ငွေဖြည့်သူများ အတွက်သာ အသုံးပြုနိုင်မည်ဖြစ်သည်။ MPT ၏ GSM နှင့် WCDMA အသုံးပြုပြီး ဆွေသဟာ ဝန်ဆောင်မှု ရယူထားသူ အားလုံးသည် ယခု အင်တာနက် အခမဲ့ အသုံးပြုမှု အစီအစဉ်တွင် ပါဝင်နို်င်ပါသည်။
ငွေဖြည့်သည့် ပမာဏအလိုက် အောက်ပါအခမဲ့ ဒေတာအသုံးပြုမှုများ ရရှိမည်ဖြစ်သည်။
Top-up denomination [Ks] | Free Data[MB] |
1000 | 20 |
3,000 | 80 |
5,000 | 150 |
10,000 | 400 |
20,000 | 800 |
30,000 | 1,200 |
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ကျွန်တော်တို့ရဲ့ အတွေ့အကြုံအရ ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ပိတ်ရက်တွေမှာ သူတို့ရဲ့ ဓါတ်ပုံတွေကို လူမှုကွန်ရက် စာမျက်နှာတွေမှာ ဝေမျှတာတွေနဲ့ မိသားစု၊ မိတ်ဆွေတွေနဲ့ တွေ့ကြဆုံကြ ချိန်းကြ ဖို့အင်တာနက်ကို ပိုသုံးတယ်လို့ သိထားပါတယ်။ ကျွန်တော်တို့ အနေနဲ့ သုံးစွဲသူတွေရဲ့ လိုအပ်ချက်တွေကို နားထောင်ပြီး အကောင်းဆုံး ဝန်ဆောင်မှုတွေ ပြန်ပေးသွားဖို့ အမြဲတမ်း ကြိုးစားနေပါတယ်။ အခု ကျွန်တော်တို့ရဲ့ ပိတ်ရက်တွေမှာ အင်တာနက် အခမဲ့အသုံးပြုနိုင်မယ့် အထူး လက်ဆောင် အစီအစဉ်ကလည်း အားလုံး နားနေတဲ့ စနေ၊ တနင်္ဂနွေတွေမှာ ချစ်ခင်သူတွေနဲ့ ပို အဆက်အသွယ် ရှိစေနိုင်မယ်လို့ မျှော်လင့်ပါတယ်။ ဒါကြောင့် ကျေးဇူးပြုပြီး သောကြာနေ့မှာ လက်ကျန် ငွေဖြည့်ပြီး ပိတ်ရက် တွေမှာ အပိုဆောင်း လက်ဆောင် အင်တာနက် ကြိုက်သလောက် သုံးလိုက်ပါ။ ”ဟု ပြောသည်။