×

MPT ဖုန်း ငွေဖြည့်ကတ်များကို ဖြည့်ရင်း ၁၀၀% အထိ အပိုဆောင်း ငွေများ ရနိုင်ပြီ

27 May 2016

အပိုဆောင်းငွေဖြည့် အစီအစဉ် သည် သုံးစွဲသူများကို ၁၀၀% အထိ အပို လက်ကျန်ငွေ လက်ဆောင် ပေးနိုင်

(ရန်ကုန်။ ၂၀၁၆ ခုနှစ် ဇွန်လ ၂၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင် ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော မြန်မာ့ဆက်သွယ်ရေး လုပ်ငန်း MPT က သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်နှင့် အားပေးကြ သူ မိဘပြည်သူများအား ကျေးဇူးတုံ့ပြန်ခြင်း အထိမ်းအမှတ်အနေဖြင့် ဇွန်လ ၂၈ ရက်မှ ဇူလိုင်လ ၂ ရက်နေ့ အတွင်း ဖုန်းလက်ကျန်ငွေ ဖြည့်သွင်းသူများအား ၁၀၀%အထိ အပိုဆောင်း ငွေများ ပေးသွားမည် ဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန် ကြေငြာလိုက်သည်။

MPT ၏ GSM/WCDMA/CDMA များ၏ ကြိုတင်ငွေ ပေးချေစနစ် သုံးစွဲသူအားလုံး ဤအထူး အစီအစဉ်တွင် အကျုံးဝင်မည်ဖြစ်ပြီး အပိုဆောင်းရရှိသည့် ဖုန်းလက်ကျန်ငွေများသည် ရရှိသည့်ရက်မှ ၁၀ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ လက်ကျန် ငွေဖြည့်သည့် ပမာဏ များလေ အပိုဆောင်းပမာဏ ၁၀၀% အထိ ရရှိနိုင်မည့် အခွင့်အရေးများလေဖြစ်မည် ဖြစ်သည်။

လက်ကျန် ငွေဖြည့်ပမာဏ (ကျပ်) အပိုဆောင်းရရှိမည့် ရာခိုင်နှုန်း အပိုဆောင်းရရှိမည့် ငွေပမာဏ (ကျပ်)
၁,၀၀၀ ၂၀ % ၂၀၀
၃,၀၀၀ ၃၃ % ၁၀၀၀
၅,၀၀၀ ၄၀ % ၂၀၀၀
၁၀,၀၀၀ ၁၀၀ % ၁၀၀၀၀
100% ၂၀၀၀၀
၃၀,၀၀၀ ၁၀၀ % ၃၀၀၀၀

ယခုရရှိသော အပိုဆောင်း ဖုန်းလက်ကျန်ငွေများကို (MPT အချင်းချင်း) ဖုန်းခေါ်ဆိုမှုများ၊ (MPT အချင်းချင်း) စာတို ပေးပို့မှုများနှင့် အင်တာနက် အသုံးပြုနိုင်မည်ဖြစ်သည်။

GSM/WCDMA အသုံးပြုသူများသည် ဖုန်းလက်ကျန် ငွေဖြည့်ခြင်းကို ခဲခြစ်ငွေဖြည့်ကတ်ဖြင့်လည်းကောင်း၊ eTopup ဖြင့်လည်းကောင်း၊ ဘဏ်မှ တစ်ဆင့် ငွေဖြည့်ခြင်းဖြင် ့လည်းကောင်း၊ Myanmar MM မှလည်းကောင်း၊ လုပ်ဆောင်နိုင်မည်ဖြစ်ပြီး CDMA အသုံးပြုသူများ အတွက်မူ ခဲခြစ်ငွေဖြည့်ကတ်ကို ဝယ်ယူကာ ငွေဖြည့်ခြင်းဖြင့် လုပ်ဆောင် နိုင်မည်ဖြစ်သည်။ ငွေဖြည့်ကတ်များကို MPT အမှတ်တံဆိပ်ရှိသည့် အရောင်းဆိုင်တိုင်းတွင် အလွယ်တကူ ဝယ်ယူနိုင်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “MPT အနေနဲ့ သုံးစွဲသူတွေကို ငွေကြေးအရ အကုန်အကျ သက်သာစေချင်ပါတယ်၊ ဒါကြောင့် ဒီ အပိုဆောင်းငွေ အစီအစဉ်ဟာ MPT ကနေပြီးတော့ သုံးစွဲသူတွေ အပေါ်ကျေးဇူးတုံ့ပြန်တဲ့ အနေနဲ့ပြုလုပ်တဲ့ စိတ်ဝင်စားစရာ အစီအစဉ်တွေများစွာထဲက တစ်ခုဖြစ်ပါတယ်” ဟု ပြောသည်။