×

MPT ဖြင့် ၂ မိနစ် ဖုန်းခေါ်လျှင် ၂ မိနစ်စာအခမဲ့ ဆက်ပြောနိုင်မည့်အစီအစဉ်သစ် စတင်

15 Nov 2016

(ရန်ကုန်၊ နိုဝင်ဘာလ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူများ အဆက်မပြတ်ဖုန်းခေါ်ဆိုမှု အတွက် ပထမ ၂မိနစ်စာသာ ငွေပေးဆောင်ရန်လိုပြီး နောက်၂မိနစ်စာအခမဲ့ရမည့် ထူးခြားကောင်းမွန်သည့် “၂ မိနစ်ပြော ၂ မိနစလက်ဆောင်” ပရိုမိုရှင်း အစီအစဉ်တစ််ခုကို ယနေ့စတင်လိုက်ပြီဖြစ်သည်။

မြန်မာနိုင်ငံ၏ အကြီးမားဆုံးကွန်ရက်ပေါ်တွင် အချိန်ကြာကြာနှင့် များများပြောဆိုနိုင်တော့မည် ဖြစ်ပြီး MPT ဖုန်းအချင်းချင်း ခေါ်ဆိုမှုများအတွက် ပထမ ၂ မိနစ်မှာ ပုံမှန်အတိုင်းကျသင့်မည်ဖြစ်ကာ နောက်ထပ် ၂ မိနစ်စာအတွက် အခမဲ့ ပြောဆိုနိုင်မည်ဖြစ်သောကြောင့်  စုစုပေါင်း ဖုန်းပြောဆိုခ၏ ၅၀ ရာခိုင်နှုန်းသာပေးရမည့်  အစီအစဉ်တစ်ခုဟု ဆိုနိုင်ပါသည်။ အခမဲ့ ၂ မိနစ်ပြည့်သွားလျှင်မူ  နောက်ထပ် ၂ မိနစ်အတွက် ပြောဆိုခကျသင့်မည်ဖြစ်ပြီး ဆက်လက်ပြောဆိုမည့် နောက် ၂ မိနစ်မှာ အခမဲ့ဖြစ်သည်။ သုံးစွဲသူများသည် အဆိုပါ  ၂ မိနစ်ပြော၊ ၂ မိနစ် အခမဲ့ပုံစံဖြင့် မိနစ်(၆၀) တိုင်အောင် ဖုန်းပြောဆိုနိုင်မည်  ဖြစ်သည်။

MPT ဆွေသဟာအသုံးပြုသူများအနေဖြင့် “၂ မိနစ်ပြော ၂ မိနစလက်ဆောင်”ဝန်ဆောင်မှုအစီအစဉ်ကို *2222# သို့ ဖုန်းခေါ်ဆို၍ သို့မဟုတ် 1332 သို့ TWO ဟု စာတိုပေးပို့၍ အခမဲ့ရယူနိုင်ပါသည်။ ဝန်ဆောင်မှုရယူခြင်းအတွက် အခကြေးငွေပေးရန်မလိုအပ်ဘဲ တစ်ကြိမ်ရယူထားလျှင် အဆိုပါ ပရိုမိုးရှင်းကာလ တစ်လျှောက်လုံး အကျုံးဝင်မည်ဖြစ်ပါသည်။

MPT-KSGM မှ Chief Commercial Officer ဖြစ်သူ Mr Koichi Kawase က “သုံးစွဲသူတွေအတွက် တစ်နေကုန် အကန့်အသတ်မရှိ ဖုန်းပြောဆိုနိုင်မယ့် စွဲမက်စရာကောင်းတဲ့ ဒီပရိုမိုးရှင်းကို မိတ်ဆက်လိုက်ပြီဖြစ်တာကြောင့် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ မြန်မာပြည်ရဲ့ အကြီးမားဆုံးကွန်ရက်ပေါ်ကနေ စကားပြောဆိုမှုတွေကို ပိုမိုပြုလုပ်နိုင်တော့မှာပါ။ MPT ဖုန်းအချင်းချင်း ၂ မိနစ်စာ ဖုန်းခေါ်ဆိုမှုတိုင်းမှာ နောက်ထပ် ၂ မိနစ်စာ အခမဲ့ပြောဆိုနိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားသည်။

အဆိုုပါ ပရိုမိုးရှင်းရယူထားသူများအတွက် ဖုန်းပြောဆိုခမှာ တစ်မိနစ်လျှင် ၂၃ ကျပ်ကျသင့်သည့် ဆွေသဟာနှုန်းထား အတိုင်းပင်ဖြစ်ပြီး အခမဲ့ပြောဆိုနိုင်သည့် မိနစ်များအတွက် လုံးဝ ငွေကြေးကုန်ကျမည် မဟုတ်ပေ။  “၂ မိနစ်ပြော ၂ မိနစ်လက်ဆောင်” ပရိုမိုးရှင်းအစီအစဉ်ဖြင့် မိနစ် (၆၀) ဆက်တိုက် ဖုန်းပြောဆိုပြီးနောက်ပိုင်း ဖုန်းခေါ်ဆိုမှုများကို  ပုံမှန်ဆွေသဟာနှုန်းထားအတိုင်းဆက်လက် ကောက်ခံသွား မည်ဖြစ်ပါသည်။

သုံးစွဲသူများ နားလည်လွယ်ရန်အတွက် အောက်ပါဇယားကွက်ကို ထည့်သွင်းပေးထားပါသည်။

 

မိနစ်များ

Rate

နှုန်းထားများ

အဆိုပါ ပရိုမိုးရှင်းအစီအစဉ်ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှ ဒီဇင်ဘာလ ၁၅ ရက်နေ့ထိ ရရှိနိုင်မည်ဖြစ်ပြီး အသေး စိတ်သိလိုသည်များအတွက် mpt.com.mm သို့မဟုတ် MPT Facebook Page တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါ သည်။

မှတ်ချက်။ အထက်ဖော်ပြပါ စျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅ % ထပ်ဆောင်းကောက်ခံသွားမည်   ဖြစ်ပါသည်။