×

MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ရာသီသစ် ပွဲစဉ်ကို မုံရွာကွင်းတွင်ကျင်းပမည်

09 Jan 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ ၉ ရက်) – မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့ ပူးပေါင်းဆောင်ရွက်သည့် စိတ်လှုပ်ရှားဖွယ်ရာ ပထမဦးဆုံးသော MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ရာသီပွဲစဉ်များကို မကြာမီ ကျင်းပသွားမည်ဖြစ်ပါသည်။ ပထမမြောက်ပွဲစဉ်အဖြစ် စစ်ကိုင်းယူနိုက်တက် နှင့် ရခိုင်ယူနိုက်တက် ဘောလုံးအသင်းတို့၏ ယှဉ်ပြိုင်မှုကို ဇန်နဝါရီလ (၁၁) ရက်နေ့တွင် မုံရွာမြို့ အားကစားကွင်း၌ ကျင်းပမည် ဖြစ်ပြီး ရုပ်မြင်သံကြားမှလည်း တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ပါသည်။

မြန်မာနေရှင်နယ်လိဂ် နှင့် MPT တို့၏ သဘောတူညီမှုနှင့်အတူ ယခုနှစ်အတွက် ပထမဆုံးသော ပွဲစဉ်များကို ကျင်းပလိုက်ပြီဖြစ်ကာ “နိုင်ငံ၏သည်းခြေကြိုက်အားကစား” ကို ရေရှည်အောင်မြင် တိုးတက်စေရေး အားပေးကူညီ ထောက်ပံ့ရန် နှင့် မြန်မာနိုင်ငံရှိကလေးငယ်များ နှင့် မျိုးဆက်သစ်လူငယ် ဘောလုံးသမားများ အကြား ကျန်းမာကြံ့ခိုင်သော လူနေမှုဘဝပုံစံတစ်ခု ဖြစ်ပေါ်လာရေးအတွက် အလေးထားဆောင်ရွက်သွားမည် ဖြစ်ပါသည်။ နှစ်ဖက်အဖွဲ့ အစည်းများအနေဖြင့် ယူ-၁၄ နှင့် တက္ကသိုလ်အဆင့် ပြိုင်ပွဲများအတွက် ဘောလုံးပြိုင်ပွဲများအပြင် အသက် ၆ နှစ် မှ ၁၂ နှစ်အရွယ် ကလေးများအတွက် MPT ၏ အခြေခံအဆင့် ဘောလုံးပြိုင်ပွဲများကိုလည်း ကျင်းပသွားမည်ဖြစ်ပြီး အသက်အရွယ်အုပ်စုများအားလုံး ဘောလုံးအားကစားလှုပ်ရှားမှုများတွင် ပူးပေါင်းပါဝင်လာစေရန် ရည်ရွယ်ပါသည်။ MPT အနေဖြင့် မြန်မာလူငယ်များ၏ ဘောလုံးစွမ်းရည်အား နိုင်ငံတကာအဆင့်သို့ တက်လှမ်းနိုင်သည်အထိ တိုးတက်နိုင်စေရန် မျှော်လင့်ပါသည်။

MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ပထမမြောက်ပွဲစဉ်ကို ဇန်နဝါရီ (၁၁) ရက်နေ့တွင် မုံရွာမြို့အားကစားကွင်း၌ စတင်ကျင်းပမည် ဖြစ်ကြောင်း ပျော်ရွင်လှိုက်လှဲစွာ ကြေညာလိုက်ပါသည်။ မြန်မာနေရှင်နယ်လိဂ်-၁ ၏ ပထမပွဲစဉ်အဖြစ် ထိပ်တန်းအသင်း ၁၂ သင်းက ယှဉ်ပြိုင်ကစားကြမည်ဖြစ်ပါသည်။ ယခုနှစ်တွင် ဘောလုံးဝါသနာရှင်များ နှစ်သက်ကြသည့့် ရှမ်းယူနိုက်တက် နှင့် ရန်ကုန်ယူနိုက်တက်တို့၏ ယှဉ်ပြိုင် ကစားမှုကို ပြန်လည်တွေ့မြင်ရမည်ဖြစ်ပါသည်။

ပထမအပတ် ပွဲစဉ်(၁)အတွက် အောက်ဖော်ပြပါ ပွဲများကို ကျင်းပသွားမည်ဖြစ်ပါသည်။

စဉ်ရက်စွဲယှဉ်ပြိုင်မည့်အသင်းနေရာအချိန်
၁.၁၁-၁-၂၀၁၈စစ်ကိုင်းယူနိုက်တက် နှင့် ရခိုင်ယူနိုက်တက်မုံရွာမြို့အားကစားကွင်းညနေ ၃:၃၀ (Live)
၂.၁၂-၁-၂၀၁၈ဇွဲကပင်ယူနိုက်တက် နှင့် ရှမ်းယူနိုက်တက်သုဝဏ္ဏအားကစားကွင်းညနေ ၄:ဝဝ (Live)
၃.၁၃-၁-၂၀၁၈မြဝတီအက်ဖ်စီ နှင့် မကွေးအက်ဖ်စီအောင်ဆန်းကွင်းညနေ ၄:ဝဝ (Live)
၄.၁၄-၁-၂၀၁၈ဟံသာဝတီယူနိုက်တက် နှင့် ရန်ကုန်ယူနိုက်တက်ပဲခူးကွင်းညနေ ၃:၃၀ (Live)
၅.၁၅-၁-၂၀၁၈ဆောက်သမ်းမြန်မာ နှင့် ဂျီအက်ဖ်အေမော်လမြိုင်အားကစားကွင်းညနေ ၄:ဝဝ
၆.၁၅-၁-၂၀၁၈ရတနာပုံအက်ဖ်စီ နှင့် ဧရာဝတီယူနိုက်တက်မန္တလာသီရိကွင်းညနေ ၄:ဝဝ
(Live)

“ကျွန်တော်တို့အနေနဲ့ တစ်နိုင်ငံလုံးမှာ ရှိတဲ့ဘောလုံးဝါသနာ ရှင်များနဲ့အတူ MPT မြန်မာနေရှင်နယ်လိဂ် ၂၀၁၈ ပထမမြောက်ပွဲစဉ်တွေအတွက် စိတ်လှုပ်ရှားနေပါပြီ။ ဒီနှစ် MNL လိဂ်-၁ မှာ အကောင်းဆုံး ထိပ်တန်းအသင်း တွေရဲ့ယှဉ်ပြိုင်တင်ဆက်မှုတွေနဲ့အတူ အောင်မြင်မှုတွေလည်း ရရှိမယ်လို့ ယုံကြည်ပါတယ်။ တိုင်းပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးလုပ်ငန်းတစ်ခု ဖြစ်တာနဲ့အညီ နိုင်ငံရဲ့ မျိုးဆက်သစ်လူငယ်တွေ အတွက် ဘောလုံံးအားကစားတိုးတက်အောင်မြင်ရေးကို ကူညီထောက်ပံ့ခွင့်ရတဲ့အတွက် အလွန်ပဲစွာဂုဏ်ယူ ဝမ်းမြောက်မိပါတယ်။ မြန်မာဘောလုံးအားကစားအတွက် မြန်မာနေရှင်နယ်လိဂ်ရဲ့ ကြိုးပမ်းအားထုတ်မှု၊ တစ်နိုင်ငံလုံးမှာ သိရှိထားတဲ့ MPT အမှတ်တံဆိပ်နဲ့ နှစ်ဖက်အဖွဲ့အစည်းများရဲ့ စုပေါင်းညှိနှိုင်း ဆောင်ရွက်မှုကနေတစ်ဆင့် တစ်နိုင်ငံလုံးက ဘောလုံးဝါသနာရှင်အားလုံးအတွက် စိတ်ကျေနပ်စရာ ရလာဒ်ကောင်းတွေကို ဖော်ဆောင်ပေး နိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားပါသည်။

“မြန်မာဘောလုံးပွဲစဉ်တွေက အခုဆို နောက်ထပ်ရာသီသစ်အတွက် ထပ်မံရောက်ရှိလို့လာပြန်ပါပီ။ MNL အနေနဲ့ ဘောလုံးအားကစားပွဲအတွက် စိတ်အားထက်သန်နေသလို ဒီနှစ်မှာ MPT နဲ့ အတူတူ လက်တွဲပြီး ဘောလုံးကစားသမားတွေအတွက်လည်း အံ့အားသင့်ဖွယ်ကောင်းလောက်အောင် အောင်မြင်မှုတွေ ဖော်ဆောင် နိုင်မှာဖြစ်သလို တစ်နိုင်ငံလုံးမှာရှိကြတဲ့ ဘောလုံးအားကစားဝါသနာရှင်တိုင်းအတွက်လည်း ထို့အတူပဲ ခံစားရ မှာဖြစ်ပါတယ်။ ဒီနှစ်အတွက် ပြန်လည်ကျင်းပတဲ့ MNL လိဂ်-၁ နဲ့ လိဂ်-၂ ကစားပွဲတွေမှာလည်း ကောင်းမွန်တဲ့ ရလာဒ်ကောင်းတွေ ရရှိလာဦးမယ်လို့လည်း ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ဒါ့အပြင် ဒီရာသီပွဲစဉ်တွေကို လာရောက်ကြည့်ရှုပြီး ကိုယ်တိုင်ရော မိသားစုဝင်တွေကြားမှာပါ ကြည်နူးပျော်ရွှင်ဖွယ် အခိုက်အတန့်တွေ ရရှိလာစေမှာဖြစ်လို့ လူတိုင်းလာရောက်ကြည့်ရှုဖို့ တိုက်တွန်းချင်ပါတယ်။” ဟု မြန်မာနေရှင်နယ်လိဂ်၏ စီအီးအိုဖြစ်သူ ဦးစိုးမိုးကျော်က ပြောကြားခဲ့ပါသည်။