×

MPT မှ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းပြုလုပ်နိုင်မည့် နေရာများ တိုးချဲ့

21 Dec 2016

သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန် မှတ်ပုံတင်နိုင်မည့်နေရာများ တိုးချဲ့ဆောင်ရွက်ပေး

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ရာတွင် အဆင်ပြေလွယ်ကူချောမွေ့မှုရှိစေရန် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာများ ကို စီစဉ်တိုးချဲ့ဆောင်ရွက်ပေးလျက်ရှိပါသည်။

ယခုအချိန်တွင် MPT သုံးစွဲသူ ပေါင်း ၁၃ သန်းနီးပါးမှ ၄င်းတို့၏ဆင်းမ်ကတ်များကို မှတ်ပုံတင်ပြီးစီးခဲ့ပြီး ဖြစ်ပါသည်။ ၂၁ သန်းသော MPT သုံးစွဲသူအားလုံး ဆင်းမ်ကတ်မှတ်ပုံတင်ပြီးစီးစေရန် MPT အနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်နိုင်မည့်နေရာ ထောင်ပေါင်းများစွာကို မြန်မာနိုင်ငံတစ်ဝှမ်းတွင် MPT က စီစဉ်ပေးထားကာ ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ၂၀၁၇ ခုနှစ် မတ်လမတိုင်မီ ဆင်းမ်ကတ်များအားလုံး မှတ်ပုံတင်ရေး ညွှန်ကြားချက်နှင့်အညီ သတ်မှတ်ချိန်မတိုင်မီ သုံးစွဲသူများအားလုံးမှတ်ပုံတင် ပြီးစီးစေရေး တိုက်တွန်း အားပေးလျက်ရှိပါသည်။

လက်ရှိအချိန်တွင် MPT လက်လီအရောင်းဆိုင်ပေါင်း ၃၅၀၀၀ ၌ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ဆောင်ရွက် နိုင်ပြီဖြစ်ပြီး ယခုလည်း CB ဘဏ် ၊ KBZ ဘဏ် ၊ Bestone မိုဘိုင်းဖုန်းဆိုင်များနှင့် MPT တို့အကြား ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းအတွက် ပူးပေါင်းပြီးနောက်တွင် ဆက်လက်ပြီး ယခုကဲ့သို့ ထပ်မံတိုးချဲ့ရန် အစီအစဉ်များကို ဆောင်ရွက်သွားမည်ဖြစ်ပါသည်။ အလားတူပင် သုံးစွဲသူများ အနေဖြင့် ၄င်းတို့အဆင်ပြေမည့် နေရာများတွင် ရွေးချယ်မှတ်ပုံတင်နိုင်စေရန် အခြားသောမိတ်ဖက်လုပ်ငန်းများနှင့် ပူးပေါင်းလက်တွဲကာ မကြာမီအချိန်အတွင်း မှတ်ပုံတင်နိုင်မည့်နေရာများ ထပ်မံတိုးချဲ့ကြေညာသွားနိုင်ရန် စီစဉ်လျက်ရှိပါသည်။
ထိုအပြင် အလုပ်သမားအများစုရှိရာ နေရာများတွင်လည်း ဆောက်ရွက်လျက်ရှိပါသည်။ ရန်ကုန်နှင့် မန္တလေးတို့ရှိ တက္ကသိုလ်ကျောင်းပေါင်း ၅၀ တွင်ကျောင်းသူ ကျောင်းသားများအတွက် ပရိုးမိုးရှင်းအစီအစဉ် များဖြင့် ဆောင်ရွက်ပေးနေပြီး အလာတူပင် စက်မှုဇုန်လုပ်သားများနှင့် အစိုးရဝန်ထမ်းများအတွက်ပါ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများလည်းရရှိနေပြီ ဖြစ်ပါသည်။

အဆိုပါမြို့ကြီးများအတွက်သာ မကဘဲ မြန်မာတစ်နိုင်ငံလုံးရှိ နေရာအနှံအပြားသို့သွားရောက်ပြီး မှတ်ပုံတင်ခြင်းပွဲများဖြင့် ဆောင်ရွက်ပေးနေပါသည်။ ပထမဆုံး MPT Road Show ကို စက်တင်ဘာလ၌ နေရာဒေသအများအပြားတွင် အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ခဲ့ပြီး ပျော်ရွင်ဖွယ် ဂိမ်းအစီအစဉ်များ စတိတ်ရှိုးများနှင့်အတူ ဒုတိယအကြိမ်အဖြစ်လည်း ဆောင်ရွက်သွားရန်ရှိနေပါသည်။

အောက်တိုဘာလတွင် MPT မှ ကျေးလက်ဒေသများသို့ မော်တော်ယဉ်ဖြင့် mobile caravan ဝန်ဆောင်မှုကို လုပ်ဆောင်ပေးခဲ့ပြီး ကောင်းမွန်သော တုန့်ပြန်မှုများရရှိခဲ့သောကြောင့် အဆိုပါ mobile caravan ဝန်ဆောင်မှုဖြင့် မကွေး၊စစ်ကိုင်း၊ မန္တလေး၊ တနင်္သာရီ၊ ပဲခူး နှင့် ဧရာဝတီ တို့မှ အနည်းဆုံး နေရာဒေသ ၅၅ ခု ကို သွားရောက်ကာ ဝန်ဆောင်မှု ပေးသွားဦးမည်ဖြစ်ပါသည်။

MPT သုံးစွဲသူ ပြည်သူများအနေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်ရန်အတွက် နိုင်ငံသားမှတ်ပုံ တင်ကတ်၊ ကျောင်းသားကတ် သို့မဟုတ် ယာဉ်မောင်းလိုင်စင် လိုအပ်ပြီး နိုင်ငံခြား သားများအတွက် နိုင်ငံကူးလက်မှတ် စသည့် အထောက်အထားပါသည့်ကတ် ပါရှိရမည်ဖြစ်ပါသည်။

MPT မှ Road Show များနှင့် Caravan ဝန်ဆောင်မှုများ ဖြတ်သန်းသွားမည့် နေရာဒေသများတွင် စောင့်မျှော်နိုင်သည့်အပြင် မှတ်ပုံတင်ရမည့်နေရာများကို သိရှိနိုင်ရန်အတွက် http://mpt.com.mm/mm/sim-registration-mm/ ဝက်ဘ်ဆိုက်စာမျက်နှာသို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး အွန်လိုင်း နှင့် MPT အမှတ်တံဆိပ်ဆိုင်များ အပါအဝင် အခြားသော မှတ်ပုံတင်ခြင်းဆောင်ရွက်နိုင်မည့်နေရာများကိုလည်း လေ့လာကာ မှတ်ပုံတင်မှု ပြုလုပ်နိုင်ပါသည်။

ဆင်းကတ်မှတ်ပုံတင်နိုင်သည့်နေရာများ

ကျေးလက်ဒေသများ၌ Caravan ဝန်ဆောင်မှု

ကျေးလက်ဒေသများမှာ နေရာပေါင်း ၁၀၀ ကျော်