×

MPT မှ စမတ်ဖုန်းသုံးစွဲသူများအတွက် ပထမဆုံးသော လိုအပ်သည့်အချက်အလက်များကို တစ်နေရာထဲတွင်ရနိုင်သည့် “လိုတရ” web portal ကိုစတင်

17 Mar 2016

[:en](ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် မတ်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)သည် သုံးစွဲသူမိဘပြည်သူများအတွက် အတွေ့အကြုံသစ်များကို ပေးနိုင်မည့် ပထမဆုံးသော “လိုတရ” web portal ကိုစတင်ကြောင်း ကြေငြာလိုက်သည်။ အသုံးပြုလိုသူများအနေဖြင့် http://lotayamm.com တွင် သွားရောက်ရယူနိုင်ပြီဖြစ်သည်။

ဤ web portal သည် မြန်မာပြည်ရှိသုံးစွဲသူများ လိုအပ်သောအချက်အလက်များအားလုံး တစ်နေရာထဲတွင် ရရှိနိုင်ရန် ဒီဇိုင်းရေးဆွဲထားခြင်းဖြစ်သည်။ ပြီးပြည့်စုံသော အချက်အလက်များ၊ အသုံးဝင်မှုများကို ၂၄ နာရီပတ်လုံး လက်တစ်ချက်ထောက်လိုက်ရုံဖြင့် တစ်နေရာထဲတွင် စုံလင်စွာရရှိနိုင်မည်ဖြစ်သည်။

“လိုတရ”ကို သုံးစွဲခြင်းဖြင့် မြန်မာနိုင်ငံနှင့် ကမ္ဘာအဝန်းရှိ နောက်ဆုံးရသတင်းများကို အချိန်နှင့်တပြေးညီ သိရှိစေနိုင်မည်ဖြစ်သည်။ မိုးလေဝသဆိုင်ရာအချက်အလက်များ၊ နိုင်ငံခြားငွေလဲနှုန်းများနှင့် အခြားသော MPT ၏ ထပ်ဆောင်းဝန်ဆောင်မှုများ အကြောင်းအရာများကိုလည်း ကြည့်ရှုနိုင်သည်။

ဤ web portal ကို မြန်မာဘာသာစကားဖြင့် ကြည့်ရှုနိုင်မည်ဖြစ်ပြီး ပထမဆုံးစာမျက်နှာသို့ ဝင်ရောက်မှု အတွက် မည်သည့် အင်တာနက် data ဖိုးမျှ ကုန်ကျမည်မဟုတ်ပါ*။ “လိုတရ”တွင် အောက်ပါ အကြောင်းအရာ များ ပါဝင်မည်ဖြစ်သည်။

  • Google Search box
  • မိုးလေဝသဆိုင်ရာ သတင်းအချက်အလက်များ (GPS ဖြင့် နေရာဒေသကို သတ်မှတ်ရှာဖွေပေးပါသည်)
    • သုံးစွဲသူများသည် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် မိုးလေဝသအချက်အလက်များကို အများဆုံး တစ်ပတ်အထိ ကြိုတင်ကြည့်ရှုနိုင်သည်
    • မိုးလေဝသအချက်အလက်ကို ၃ နာရီခြားတစ်ခါ update ပြုလုပ်ပေးမည်ဖြစ်သည်
  • ငွေလဲနှုန်းနှင့် ငွေကြေးဖလှယ်ခြင်းများ (မြန်မာကျပ်ငွေနှင့် အခြား ၃၈ နိုင်ငံ၏ငွေနှုန်းများ)
  • သတင်းများ (သတင်းအမျိုးအစား ၈ ခုမှာ – နိုင်ငံရေး၊ နိုင်ငံတကာရေးရာ၊ စီးပွားရေး၊ ဖျော်ဖြေရေး၊ ဒေသတွင်းသတင်းများ၊ အားကစား၊ လူမှုဘဝနှင့် အခြားအကြောင်းအရာများ)
  • MPT ဝန်ဆောင်မှုများမှာ
    • MPT သုံးစွဲသူများသည် ခေါ်သူနားဆင် တေးသံစဉ် (CRBT)၊ ထပ်ဆောင်း ဝန်ဆောင်မှုများ၊ အင်တာနက် package များနှင့် အခြားသော အခြေခံဝန်ဆောင်မှုများ
    • ထပ်ဆောင်းရယူသောဝန်ဆောင်မှုများအတွက်မူ သက်ဆိုင်ရာကျသင့်မှုများ ပေးချေရမည်

* ဆွေသဟာအသုံးပြုသူများသာ မူလစာမျက်နှာသွားရောက်မှုနှင့် ဝန်ဆောင်မှုစာရင်းများကို အခမဲ့ကြည့်ရှုနိုင်မည်

MPT-KSGM Joint Operation ၏ အမှုဆောင်အရာရှိချုပ်ဖြစ်သူ Mr. Takashi Nagashima က “မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ နေ့စဉ်နဲ့အမျှ တိုးပွားလာနေပါတယ်၊ လူတိုင်းဟာမိုဘိုင်းဖုန်းကို အရာအားလုံးအတွက် အသုံးပြုနေ ကြပါတယ်၊ ကျွန်တော်တို့ရဲ့ ဝန်ဆောင်မှုတွေကို ထပ်ချဲ့ပြီး သုံးစွဲသူတွေအတွက် အထူးအစီအစဉ်တွေကို အများအပြားပေးရင်း လူတိုင်းနဲ့အတူ အချိန်တိုင်းရှိနေတဲ့အခါ အမြဲရရှိနိုင်မယ့် ဝန်ဆောင်မှုကို ပေးချင်ပါတယ်၊ ဒီ web portal က သတင်းတွေဖတ်ရာမှာ၊ မိုးလေဝသသတင်းကြည့်တဲ့အခါနဲ့ MPT ရဲ့ ဝန်ဆောင်မှုတွေအကြောင်းကိုပါ လွယ်လွယ်ကူကူသိရှိစေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

Yangon Media Group မှ ဥက္ကဌဖြစ်သူ ဦးကိုကိုက “MPT လို မြန်မာပြည်ရဲ့ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာနဲ့ အတူတွဲဖက်လုပ်ကိုင်ခွင့် ရတဲ့အတွက် အလွန်ဂုဏ်ယူမိပါတယ်၊ MPT portal ဟာ MPT သုံးစွဲသူတိုင်းက မဖြစ်မနေသွားရောက်ကြည့်ရှုပြီးတော့ ထပ်ဆောင်းဝန်ဆောင်မှုများ အကြောင်းတွေကို ကြည့်ရှုနိုင်မယ့် နေရာတစ်ခုဖြစ်ပါတယ်။ MPT portal ရဲ့ တစ်စိတ်တစ်ပိုင်း ပါဝင်ခွင့်ရတာ ကျေနပ်မိပါတယ်။ ရန်ကုန်မီဒီယာဂရုဟာလည်း မြန်မာပြည်မှာ သက်တမ်းအရှည်ကြာဆုံးနဲ့ ဦးဆောင်နေတဲ့ သတင်းအဖွဲ့အစည်းကြီးဖြစ်ပြီး စာဖတ်သူတွေဆီကို နောက်ဆုံးရသတင်းတွေနဲ့ အချက်အလက် တွေ အမြန်ဆုံးရောက်ရှိနိုင်ဖို့ ရနိုင်သမျှ နည်းလမ်းပေါင်းစုံချဲ့ထွင်ပြီး လုပ်ကိုင်နေတာဖြစ်ပါတယ်။ MPT portal ဟာဆိုရင် စာနယ်ဇင်းအချက်အလက်များကို ပြည်သူလူထုဆီရောက်ရှိနိုင်ဖို့ အသုံးပြုတဲ့ နောက်ဆုံးပေါ် နည်းလမ်း ဖြစ်ပါတယ်။ ဒါဟာ ငွေကြေးအတွက်ပြုလုပ်တာမဟုတ်ပါဘူး။ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေကို ပြည်သူလူထုဆီ သတင်းပေးနိုင်ဖို့ တာဝန်ယူလုပ်ဆောင်ခြင်းဖြစ်ပါတယ်။ MPT နဲ့အတူ လုပ်ဆောင်တဲ့ ဒီ တွဲဖက်လုပ်ငန်းဟာ ခိုင်မြဲရှည်ကြာတဲ့ ဆက်ဆံရေး တစ်ခုဖြစ်မယ်လို့ယုံကြည်ပါတယ်” ဟု ပြောသည်။

Information Matrix Co., Ltd ၏ အမှုဆောင်အရာရှိချုပ်နှင့် အုပ်ချုပ်မှုဒါရိုက်တာဖြစ်သူ ဦးသောင်းစုငြိမ်းက “မြန်မာ့အကြီးဆုံးဖုန်းကွန်ရက်ကိုပိုင်ဆိုင်တဲ့ MPT ကို သတင်းနဲ့စာနယ်ဇင်းနယ်ပယ်မှာ ကြိုဆိုခွင့်ရတာဟာ ဒီအကျိုးတူပူးပေါင်းမှုအတွက် စိတ်လှုပ်ရှားစရာအခွင့်အရေးတစ်ခုပါပဲ။ ဆက်သွယ်ရေးအခြေခံအဆောက်အဦ တွေဟာ အချိန်နဲ့အမျှတိုးတက်လာတာကြောင့် ဒီပူးပေါင်းလုပ်ဆောင်မှုဟာ 7Day News ကနေ တင်ဆက်နေ တဲ့ နောက်ဆုံးရသတင်းတွေနဲ့ ပြည်တွင်းပြည်ပသတင်းတွေကို ဒစ်ဂျစ်တယ်နည်းအားဖြင့် ဖတ်ရှုသူတွေ ပိုများလာမယ်လို့ မျှော်လင့်ပါတယ်၊ ဒီလိုမိုဘိုင်းဖုန်းခေတ်ကြီးမှာ ကျေးလက်ဒေသကလူတွေတောင် ဒီ လိုတရ portal ကို အသုံးပြုပြီး နောက်ဆုံးရသတင်းတွေကို သိရှိနိုင်တော့မှာဖြစ်ပါတယ်” ဟု ပြောသည်။

“လိုတရ” နှင့် အတူ MPT ဟာ MPT ၏ဝန်ဆောင်မှု application (လိုတရနှင့် google play store တို့တွင်ရရှိနိုင်မည့်) ကိုလည်း ထားရှိပေးမည်ဖြစ်သည်။ ထို application မှတဆင့် အောက်ပါ MPT ဝန်ဆောင်မှုများကို ရယူနိုင်မည် — လက်ကျန်ငွေစစ်ဆေးခြင်း၊ “လိုတရ” web portal၊ မိုဘိုင်းဖုန်းအချင်းချင်းဘီလ်လွှဲပြောင်းခြင်း၊ ငွေဖြည့်ခြင်း၊ အင်တာနက် package ဝယ်ယူခြင်း၊ ခေါ်သူနားဆင်တေးသံစဉ် (CRBT) ရယူခြင်း၊ Infotainment၊ ဆွေသဟာ၊ Call Me Back၊ ဖုန်းခေါ်ဆိုခြင်းဝန်ဆောင်မှုများ၊ MPT Call Center ၊ MPT website နှင့် MPT Facebook များကို ကြည့်ရှုနိုင်မည် ဖြစ်သည်။၊

” လိုတရ ” Web Portal သို ့ဝင်ရောက်ရန် 
  •     http://goo.gl/gX85kLလင့်ခ် ထဲ သို ့ဝင်ရောက်လေ့လာနိုင်ပါသည်။

လိုတရ Web Portal ၏ အမှတ်တံဆိပ်

lty

လိုတရ Web Portal ၏ ပထမစာမျက်နှာ

lty2[:]