×

MPT မှ စီးပွားရေးလုပ်ငန်းများအတွက် B2B ဒေတာအစီအစဉ်သစ်များ မိတ်ဆက်

04 Jul 2017

(ရန်ကုန်၊ ၂၀၁၇ခုနှစ် ဇူလိုင်လ ၄ ရက် ) – MPT က စီးပွားရေးလုပ်ငန်းများအတွက် အထူးရည်ရွယ်ထားသည့် ဒေတာအစီအစဉ်သစ်များကို ထုတ်ပြန်ကြေညာလိုက်သည်။ သုံးစွဲသူများအနေဖြင့် ယခင်က အစီအစဉ်များထက် ဒေတာပမာဏ ပိုမိုများပြား၍ စျေးနှုန်းပိုမိုချိုသာသော ပက်ကေ့ချ်အမျိုးအစား ၆ မျိုးဖြစ်သည့် 800MB မှ 20GB အထိကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်သည်။

စီးပွားရေးလုပ်ငန်းများအတွက် သုံးစွဲသူများအနေဖြင့် MPT၏ မြန်ဆန်သော ဒေတာ ကွန်ရက်ကိုအသုံးပြုပြီး မိမိတို့ လိုအပ်သည့် အစီအစဉ်များကို ရွေးချယ်ဝယ်ယူ အသုံးပြုနိုင်မည်ဖြစ်သည်။ Ookla ၏ မြန်နှုန်းစစ်ဆေးချက်အရ MPT ၏ ကွန်ရက်မှာ မြန်မာနိုင်ငံ၏ အမြန်ဆုံး 3G ကွန်ရက်အဖြစ် တရားဝင်အသိအမှတ်ပြု ခံထားရပြီး ဖြစ်ပါသည်။ ယခုအချိန်တွင်လည်း MPT ၏ LTE+ ဝန်ဆောင်မှုအသစ်ကိုုအသုံးပြုပြီး စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများနှင့် အရောင်းအဝယ်လုပ်ငန်း များကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်နိုင်မည့် အကျိုးကျေးဇူးကို ရရှိနိုင်မည်ဖြစ်ပါသည်။

“ဒေတာများစွာ အသုံးပြုရတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် MPT ကနေပြီး ဒေတာပမာဏများတဲ့ B2B ဒေတာအစီအစဉ်သစ်ကို တကယ်တန်တဲ့ စျေးနှုန်းတွေနဲ့ ဆောင်ရွက်ပေးပြီး စီးပွားရေးလုပ်ငန်းတွေမှာ ဒေတာ အသုံးပြုခကုန်ကျမှု တွေကို လျှော့ချနိုင်ဖို့ အတွက် အကူအညီပေးလိုက်တာဖြစ်ပါတယ််” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ ပြောကြားခဲ့ပါသည်။

စီးပွားရေးလုပ်ငန်းများအတွက် အသုံးပြုသူများအနေဖြင့် မှတ်ပုံတင်ကြေး ပေးဆောင်ရန်မလိုဘဲ SMS မှ တစ်ဆင့် မိမိတို့အလိုရှိသော အစီအစဉ်ကို အလွယ်တကူ ရယူနိုင်မည်ဖြစ်ပါသည်။ ကြိုတင်ငွေဖြည့်ကတ် (prepaid) အသုံးပြုသူများ၊ အသုံးပြုပြီးမှ ပေးချသည့်စနစ်(postpaid) သုံးသူများ နှင့် ငွေကြိုတင်ပေးချေကာ ရယူသည့် နည်းလမ်းဖြင့် အသုံးပြုသူများပါ ယခုဝန်ဆောင်မှုကို ရရှိနိုင်မည်ဖြစ်ပြီး အသုံးပြုမည့်သူ အရေအတွက် အကန့်အသတ်မရှိ ရယူအသုံးပြုနိုင်မည်ဖြစ်ပါသည်။ ထို့အပြင် MPT ၏ အခြား B2B ဝန်ဆောင်မှုများဖြစ်သည့် ဖိုက်ဘာ၊ ဒေတာ၊ Closed User Group (CUG) နှင့် မိုဘိုင်းလ်စနစ်ဖြင့် SMS အမြောက်အများပေးပို့သည့် ဝန်ဆောင်မှု ပက်ကေ့ချ် (MEP) အစရှိသည်တို့ကို စိတ်ပါဝင်စားပါက ဝယ်ယူမည့်သူများအနေဖြင့် B2B Sales Team သို့်မဟုတ် [email protected] နှင့် ဖုန်းနံပါတ် +959426000323 သို့ ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်။