×

MPT မှ စီးပွားရေးလုပ်ငန်းများတွင် ပိုမိုအဆင်ပြေစေရန် သီးသန့် အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ကို ဆောင်ရွက်

07 Feb 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ရ ရက်) – MPT Business သည် အစိုးရရုံးများ၊ စီးပွားရေးလုပ်ငန်းများနှင့် အဖွဲ့အစည်းများအတွင်း သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ််ထားသော B2B ၀န်ဆောင်မှု တစ်ခုဖြစ်သည့် Closed User Group (CUG) ၀န်ဆောင်မှုကို ပိုမိုသက်သာသောနှုန်းထားဖြင့် မိတ်ဆက်လိုက်သည်။

သီးသန့်အဖွဲ့လိုက် သုံးစွဲလိုသူများအတွက် ရည်ရွယ်သည့် Closed User Group (CUG) ၀န်ဆောင်မှုသည် အသုံးပြုရရိုးရှင်းလွယ်ကူသည့် ၀န်ဆောင်မှုတစ်ခုဖြစ်ပြီး အဆိုပါ၀န်ဆောင်မှုဖြင့် သုံးစွဲသူများသည် သီးသန့် အဖွဲ့ဖွဲ့ကာ အဖွဲ့ဝင်အချင်းချင်း အခမဲ့စာတိုပေးပို့မှုနှင့်ဖုန်းခေါ်ဆိုမှုတို့ကို MPT၏ ကြီးမားကျယ်ပြန့်ပြီး လုံခြုံစိတ်ချရသည့်ကွန်ရက်ပေါ်မှတစ်ဆင့် လုပ်ဆောင်နိုင်မည်ဖြစ်သည်။

အဆိုပါ၀န်ဆောင်မှုကို MPT ၏ GSM ၊ WCDMA (prepaid နှင့် postpaid) ၊ CDMA (prepaid) သုံးစွဲသူအားလုံး ရယူနိုင်မည်ဖြစ်သည်။ အဆိုပါ၀န်ဆောင်မှုဖြင့် သုံးစွဲသူဝန်ထမ်းများအကြား ဆက်သွယ်ချိတ်ဆက်မှု ပိုမိုအားကောင်းစေနိုင်မည့်အပြင် စီးပွားရေးလုပ်ငန်းများအတွက်လည်း ကုန်ကျစရိတ်သက်သာစေမည့် အစီအစဉ်လည်းဖြစ်သည်။ မိမိတို့အဖွဲ့၏ ပြင်ပမှ နံပါတ်များသို့ ဖုန်းခေါ်ဆိုမှုများအတွက် ပုံမှန်နှုန်းထားဖြင့် ကောက်ခံသွားမည်ဖြစ်ပြီး ပါ၀င်သော ဒေတာပက်ကေ့ချ်များနှင့် ပရိုမိုးရှင်းများကို သုံးစွဲသူတစ်ဦးချင်းစီအလိုက် ခံစားနိုင်မည်လည်း ဖြစ်သည်။

၀န်ဆောင်မှုကို အချိန်နှင့်တစ်ပြေးညီ ပြင်ဆင်ဆောင်ရွက်ပြီးနောက် အဖွဲ့လိုက်သုံးစွဲနိုင်မည့်အနည်းဆုံးဦးရေမှာ (၅) ဦးဖြစ်ပြီး အများဆုံးသုံးစွဲနိုင်မည့်ဦးရေမှာမူ အကန့်အသတ်မရှိဖြစ်သည်။ အဆိုပါ၀န်ဆောင်မှုကိုရယူရန် အတွက် မိမိတို့အဖွဲ့တွင်ပါ၀င်သည့် သုံးစွဲသူတစ်ဦးချင်းစီမှ လစဉ်ကြေး (၃,၀၀၀) ကျပ် ပေးသွင်းရုံဖြင့် မိမိ၏ဝန်ထမ်းများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် ပိုမိုလွယ်လင့်တကူ အမြဲထိတွေ့ဆက်ဆံနိုင်မည် ဖြစ်သည်။ ၀န်ဆောင်မှုနှင့်ပတ်သက်၍ စည်းကမ်းသတ်မှတ်ချက်အသေးစိတ်ကို ပိုမိုသိရှိလိုပါက [email protected] သို့ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “Closed User Group (CUG) ၀န်ဆောင်မှုပါ၀င်တဲ့ MPT Business ကို မြန်မာနိုင်ငံမှာရှိတဲ့ ကြိုးဖုန်းနဲ့ မိုဘိုင်းလ်ဖုန်း ဆက်သွယ်ရေးစနစ်တို့အတွက် အကောင်းဆုံးဖန်တီးပေးဖို့ ရည်ရွယ်ထားပါတယ်။ ဒီဝန်ဆောင်မှုနဲ့အတူ ကျွန်တော်တို့က အကောင်းဆုံးသောဆက်သွယ်ရေးတစ်ခုကို ပေးစွမ်းသွားဖို့ မျှော်မှန်းထားပါတယ်။ ဒါမှလည်း ကျွန်တော်တို့ရဲ့ တန်ဖိုးထားရတဲ့ တစ်ဦးချင်းအလိုက်သုံးစွဲသူတွေနဲ့ သုံးစွဲသူစီးပွားရေးလုပ်ငန်းရှင်တွေဟာ မြန်မာပြည်ကြီးကို ရှေ့သို့ဆက်လက်လှမ်းချီနိုင်စေမှာပဲ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။