×

MPT မှ စီးပွားရေးလုပ်ငန်းသုံး “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ဝန်ဆောင်မှု ဖြစ်သည့် Toll Free Call ဝန်ဆောင်မှုကို မြန်မာနိုင်ငံတွင် ပထမဆုံးစတင်

21 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၂၁ ရက်) MPT ၏ နောက်ဆုံးပေါ်ဝန်ဆောင်မှုတစ်ခုဖြစ်သည့် စီးပွားရေး လုပ်ငန်းသုံး “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ၀န်ဆောင်မှုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကာ မိုဘိုင်းလ်ဖုန်း သုံးစွဲသူများအနေဖြင့် မိမိတို့သိရှိလိုသည့် အရောင်းများ၊ ဝန်ဆောင်မှုများ၊ သတင်းအချက်အလက်များနှင့် ပတ်သက်ပြီး ၎င်းတို့ဆက်သွယ်လိုက်သည့် စီးပွားရေးလုပ်ငန်းများမှာ MPT ၏ ယခုဝန်ဆောင်မှုကို ရယူထားခြင်းဖြစ်ပါက ဖုန်းခေါ်ဆိုခ ကျသင့်တော့မည်မဟုတ်ပါ။ ယခုလို MPT ၏ “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ဝန်ဆောင်မှု မှာ ဆက်သွယ်ရေး အော်ပရေတာများထဲတွင် ပထမဆုံးသော ဝန်ဆောင်မှု ပေးအပ်နိုင်ခြင်းဖြစ်ကာ စီးပွားရေးလုပ်ငန်းများနှင့် ဝန်ဆောင်မှုပေးနေသည့် လုပ်ငန်းများအတွက် ၎င်းတို့၏ သုံးစွဲသူ ဖောက်သည်များနှင့် ပိုမိုအဆင်ပြေလွယ်ကူသည့် နည်းလမ်းဖြင့် ဆက်သွယ်နိုင်မည့် အခွင့်အလမ်များ ရရှိလာတော့မည်ဖြစ်ပါသည်။

MPT အနေဖြင့် ယခုလို ၀၈၀၀ ၈၀၀ x xxx ဖြင့်စသည့် “ဖုန်းခေါ်ဆိုသူအတွက် အခမဲ့” ဖုန်းနံပါတ်များကို အော်တို တယ်လီဖုန်းလိုင်း(ကြိုးဖုန်းလိုင်း) မှတစ်ဆင့် လက်ခံနိုင်ရန် စီစဉ်ထားခြင်းဖြစ်ပြီး MPT ၏ မိုဘိုင်းဖုန်း အသုံးပြုသူများနှင့် အော်တိုတယ်လီုဖုန်း အသုံးပြုသူများအနေဖြင့် ဖုန်းခေါ်ဆိုခပေးဆောင်ရန် မလိုအပ်ဘဲ ယင်းဖုန်းနံပါတ်များသို့ ခေါ်ဆိုနိုင်မည်ဖြစ်ပါသည်။

အသုံးပြုသူများသည် အဆိုပါ စီးပွားရေးလုပ်ငန်းများ၏ Toll Free နံပါတ်များသို့ ခေါ်ဆိုရာတွင် ဖုန်းခေါ်ဆိုမှုအတွက် အခကြေးငွေ ကျသင့်မည်မဟုတ်ဘဲ သက်ဆိုင်ရာ စီးပွားရေးလုပ်ငန်းများထံမှသာ လစဉ်လတိုင်း ကောက်ခံသွားမည်ဖြစ်ပါသည်။

ဖုန်းခေါ်ဆိုသူများသည် ၎င်းတို့ခေါ်ဆိုလိုသော လုပ်ငန်း အမျိုးအစားအလိုက် သတ်မှတ်ထားသော ကုတ်နံပါတ်မှတစ်ဆင့် ဝန်ဆောင်မှုကို အသုံးပြုနိုင်မည်ဖြစ်ပြီး ၀၈၀၀ ၈၀၀ ၏ နောက်တွင်ကပ်လျက် ပါရှိသော ဂဏန်းသည် လုပ်ငန်းအမျိုးအစားကို ညွှန်ပြထားခြင်းဖြစ်ပါသည်။

“MPT ရဲ့ ဖုန်းခေါ်ဆိုမှုအခမဲ့ ဝန်ဆောင်မှုကို ရယူထားတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ ကော်ပိုရိတ်လုပ်ငန်းရှင်တွေ အနေနဲ့ မိမိတိုရဲ့ထုတ်ကုန်တွေနဲ့ ဝန်ဆောင်မှုတွေကို ဝယ်ယူလိုသူ၊ စုံစမ်းလိုသူတွေက ဆက်သွယ်လာတဲ့အခါမှာ ဆက်သွယ်သူတွေအတွက် ဖုန်းခေါ်ဆိုခကုန်ကျမှာကို စိုးရိမ်စရာမရှိကြောင်းပြောဆိုနိုင်ပြီး ပထမဆုံးအကြိမ်မှာပဲ အထင်အမြင်ကောင်းတွေကို ရရှိနိုင်မှာ ဖြစ်ပါတယ်။ အရောင်းမြှင့်တင်ရေးနဲ့ ကုန်ပစ္စည်းမိတ်ဆက်တဲ့ နေရာတွေမှာ Toll Free ၀န်ဆောင်မှုကို အသုံးပြုတဲ့ စီးပွားရေးလုပ်ငန်းတွေဟာ ဖောက်သည်တွေကို ကျေနပ်မှုပိုပြီး ပေးစွမ်းနိုင်မှာ ဖြစ်သလို ဖုန်းခေါ်ဆိုသူတွေအနေနဲ့လည်း ဖုန်းခေါ်ဆိုရာမှာ ကုန်ကျစရိတ်အတွက် စိုးရိမ်စရာမလိုတဲ့အတွက် Call Center တွေအနေနဲ့လဲ မိမိတို့ဖောက်သည်တွေရဲ့ စိတ်ကျေနပ်မှုကို အပြည့်အဝ ပေးလာနိုင်မှာ ဖြစ်ပါတယ်။ ဒီအချက်တွေက MPT ရဲ့ဝန်ဆောင်မှုကိုအသုံးပြုနေတဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် အခြားပြိုင်ဘက် တွေထက်စာရင် အားသာချက်တွေကို ပိုင်ဆိုင်နိုင်စေမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

MPT Toll Free ဝန်ဆောင်မှုရယူရန် စိတ်ပါဝင်စားသူများအနေဖြင့် MPT ၏ B2B အရောင်းဌာနသို့ [email protected] အီးမေးလ်ဖြင့်ဖြစ်စေ (သို့မဟုတ်) Hot Line ဖုန်းနံပါတ် ၀၈၀၀ ၈၀၀ ၉၉၉၀ (MPT အော်တိုဖုန်း နှင့် မိုဘိုင်းလ်ဖုန်းများမှ ဖုန်းခေါ်ပါက အခမဲ့) သို့့ဖြစ်စေ ဆက်သွယ်စုံစမ်းမေးမြန်းနိုင်သလို အခြားအော်ပရေတောများ၏ မိုဘိုင်းလ်ဖုန်းများမှလည်း ဖုန်းနံပါတ် ၀၉-၄၂၆၀၀၀၃၂၃ သို့့ ဆက်သွယ်စုံစမ်း မေးမြန်းနိုင်ပါသည်။

လုပ်ငန်းအမျိုးအစား Toll Free နံပါတ်များ
တက္ကစီ ၀၈၀၀ ၈၀၀ ၁xxx
ဘဏ် ၀၈၀၀ ၈၀၀ ၂xxx
ဆေးရုံ ၀၈၀၀ ၈၀၀ ၃xxx
ပညာရေး ၀၈၀၀ ၈၀၀ ၄xxx
လူမှုဖူလုံရေး ၀၈၀၀ ၈၀၀ ၅xxx
ဟိုတယ်နှင့် ခရီးသွားလုပ်ငန်း ၀၈၀၀ ၈၀၀ ၆xxx
စီးပွားရေး နှင့် အခြား Business လုပ်ငန်းများ ၀၈၀၀ ၈၀၀ ၇xxx
အခြား ၀၈၀၀ ၈၀၀ ၉xxx

xxx – Toll Free ဝန်ဆောင်မှုရယူနိုင်သည့် နံပါတ် (ဂဏန်း ၃ လုံး)