×

MPT မှ စျေးနှုန်းချိုသာသည့်စမတ်ဖုန်းများ စတင်မိတ်ဆက်ခြင်း

09 Sep 2016

အထူးဒေတာပရိုမိုးရှင်းများပါဝင်သည့် MPT ၏ စမတ်ဖုန်းမော်ဒယ် M40 နှင့် M50 တို့ကိုု သုံးစွဲသူများဝယ်ယူနိုင်ပါပြီ။

(ရန်ကုန်၊ စက်တင်ဘာလ ၉ ရက်၊ ၂၀၁၆ ခုနှစ်)မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သော MPT သည် စမတ်ဖုန်းမော်ဒယ်အသစ်နှစ်မျိုးဖြစ်သည့် M40 (စမတ်ဖုန်းစတင်အသုံးပြုလိုသူများ အတွက်) နှင့့် M50 (အရည်အသွေး အထူးကောင်းမွန်၍ လှပသော ဒီဇိုင်း) တို့ကို ချိုသာသောစျေးနှုန်းဖြင့် သုံးစွဲသူပြည်သူများထံသို့ မိတ်ဆက်ပေးလိုက်ပါကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ၎င်းစမတ်ဖုန်း များကို MPT အမှတ်တံဆိပ်ဆိုင်များ၊ Bestone ဖုန်းဆိုင်များ နှင့် နီးစပ်ရာအရောင်းဆိုင်များတွင် ဝယ်ယူနိုင်သည်။

M40 စမတ်ဖုန်းကို် အသက်သာဆုံးစျေးနှုန်း ၃၂,၀၀၀ ကျပ်ဖြင့် လူတိုင်းဝယ်ယူအသုံးပြုနိုင်မည် ဖြစ်ပြီး M40 Handset ဝယ်ယူသူများအတွက် MPT ဆင်းမ်ကတ်တစ်ကတ်နှင့် ဖုန်းဘီလ် အနည်းဆုံး ၁၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 777 MB ကို ၆ လစာ ရရှိနိုင်မည့် အစီအစဉ်များဖြင့် လက်ဆောင်ပေးသွားမည်ဖြစ်သည်။ ပေါ့ပေါ့ပါးပါးဖြင့် မည်သူမဆိုအသုံးပြုနိုင်မည့် M40 မော်ဒယ် စမတ်ဖုန်းမှာ စျေးနှုန်းအထူးသက်သာပြီး မိုဘိုင်းဖုန်းအက်ပလီကေးရှင်းကိုလည်း လွယ်ကူစွာ အသုံးပြုနိုင်ပါသည်။ M40 သည် 4.0 WVGA touchscreen မျက်နှာပြင်နှင့် Quad Core 512 MB RAM ပါရှိသည့် စမတ်ဖုန်းအမျိုးအစားဖြစ်သည်။

M50 စမတ်ဖုန်းကို ၉၉,၀၀၀ ကျပ်ဖြင့် ရောင်းချသွားမည်ဖြစ်ပြီး MPT ဆင်းမ်ကတ်တစ်ကတ် (နံပါတ်အလှ) နှင့် ဖုန်းဘီလ်အနည်းဆုံး ၃၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် လစဉ်သုံးဒေတာအပိုဆု 2.5GB ကို ၆ လစာ ရရှိမည်ဖြစ်သဖြင့် အင်တာနက်အသုံးပြုသူများအတွက် အဆင်ပြေစေမည့်အစီအစဉ်ကောင်းတစ်ခုလည်း ဖြစ်သည်။ စွမ်းဆောင်ရည်မြင့်စမတ်ဖုန်းအမျိုးအစားများကို ရှာဖွေနေသူများအတွက် အကောင်းဆုံးရွေးချယ်မှုမှာ M50 မော်ဒယ်ပင် ဖြစ်ပါလိမ့်မည်။ မိုဘိုင်းဖုန်းအက်ပလီကေးရှင်းများနှင့် အွန်လိုင်းအသုံးပြုမှုများကို လျင်မြန်စွာ ဆောင်ရွက်ပေးနိုင်သည့်အတွက် စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများ အတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဟုလည်းဆိုနိုင်ပါသည်။ M50 သည် ခန့်ငြားသေသပ်သော ကိုယ်ထည်ဒီဇိုင်းကို ပိုင်ဆိုင်ထားသည့် ဖုန်းအမျိုးအစားဖြစ်သည်။ ဖုန်းမျက်နှာပြင်မှာ ၅ လက်မအကျယ်ရှိပြီး 2.5D Curved glass HD touchscreen display အမျိုးအစားဖြစ်သည်။

စမတ်ဖုန်းနှစ်မျိုးလုံးအတွက် အာမခံ ၁ နှစ်ပါဝင်ပြီး ချို့ယွင်းပျက်ဆီးသွားသောဖုန်းများအတွက် ပြုပြင်ပေးနိုင်သော Service Center (၁၈) ခု နှင့် Service Centers များသို့ တာဝန်ယူပို့ဆောင်ပေးနိုင်သော Collection Points (၁၀၄) ခုတို့ကို နိုင်ငံအနှံ့ဖွင့်လှစ်ပေးထားပါသည်။ ထို့ပြင် စမတ်ဖုန်းနှစ်မျိုးလုံးတွင် ဆီလီကွန်ကာဘာ၊ Screen protector ၊ Earphone တို့ကို အပိုထပ်ဆောင်းထည့်ပေးထားပါသည်။ ဒေတာအပိုဆုအတွက် MPT ၏ ဆွေသဟာအစီအစဉ်ကို ရယူထားရန်လည်း လိုအပ်မည်ဖြစ်သည်။ ပိုမိုကောင်းမွန်သော 3G အင်တာနက်ကိုအသုံးပြုနိုင်ရန်အတွက် MPT ဆင်းကဒ်ကို SIM Slot1 နေရာ တွင်ထည့်သွင်းအသုံးပြုရပါမည်။

အဆိုပါ စမတ်ဖုန်းနှစ်မျိုးမိတ်ဆက်ခြင်းနှင့်ပတ်သက်ပြီး MPT-KSGM Joint Operation ၏ Chief Commercial Officer Mr. Koichi Kawase က “MPT မှ စျေးနှုန်းသက်သာပြီးအရည်အသွေးကောင်းမွန်သည့် မိုဘိုင်းဆက်သွယ်ရေးပစ္စည်းများကို စျေးကွက်မှာ မိတ်ဆက်လိုက်ခြင်းပဲဖြစ်ပါတယ်။ M40 က ဖုန်းစစချင်း ကိုင်မည့်သူများအတွက် ပိုမိုသင့်တောြ်ပီး M50 မော်ဒယ်ကတော့ စွမ်းဆောင်ရည်မြင့်မားမှုရှိတဲ့အတွက် သုံးစွဲသူများဟာ မိမိနှင့်သင့်တော်ရာစမတ်ဖုန်းများကို ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ ယနေ့ခေတ်မှာ လူတိုင်းလိုလိုတွင် မိုဘိုင်းဖုန်းဆက်သွယ်ရေး ကိရိယာများ ရှိသင့်နေပါပြီ။ ခုလိုမျိုး MPT ကနေ စမတ်ဖုန်းနှစ်မျိုးကို မိတ်ဆက်ပေးနိုင်ခဲ့တဲ့အတွက် အထူးပဲဝမ်းမြောက်ဂုဏ်ယူမိပါတယ်။ ဒါ့အပြင် ဖုန်းဝယ်ယူသည့်အခါ အထူးဒေတာပရိုမိုးရှင်း အစီအစဉ်များလည်းပါဝင်တဲ့အတွက် မိမိချစ်ခင်ရတဲ့မိသားစု၊ သူငယ်ချင်း၊ မိတ်ဆွေအပေါင်းအသင်းတွေနဲ့ MPT ရဲ့ နိုင်ငံတစ်ဝှမ်းမှာရှိတဲ့ ဆက်သွယ်ရေး ကွန်ရက်ကနေတစ်ဆင့် ပိုပိုပြီး အဆက်သွယ် ပြုလာနိုင်မှာပါ” ဟု ယခုကဲ့သို့ ပြောကြားခဲ့ပါသည်။