
MPT မှ စျေးနှုန်းချိုသာသော 4G စမတ်ဖုန်း စတင်မိတ်ဆက်
17 Mar 2017(ရန်ကုန်၊ ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် 4G စနစ်ပါ စမတ်ဖုန်းမော်ဒယ်အသစ်တစ်ခုကို ချိုသာသောစျေးနှုန်းဖြင့် စျေးကွက်တွင် စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်ပါသည်။
အရည်အသွေးမြင့်မားစွာ အထူးထုတ်လုပ်ထားသော M50A သည် MPT မှ နာမည်ကျော်လူကြိုက်များသည့် စမတ်ဖုန်းစီးရီးများထဲသို့ နောက်ဆုံးဝင်ရောက်လာခြင်း ဖြစ်ပါသည်။ ပိုမိုကောင်းမွန်သော ကြာရှည်ခံဘက်ထရီ၊ မြန်နှုန်းမြင့် 4G စနစ် ထောက်ပံ့ထားမှု၊ စွဲမယ်ဖွယ် ဒေတာပရိုမိုးရှင်း ပါ၀င်မှုတို့နှင့်အတူ M50A ကို မိတ်ဆက်လိုက်ပါပြီ။ MPT ၏ စျေးနှုန်းသက်သာသော M40 နှင့် အရည်အသွေးမြင့် M50 တို့နည်းတူ ယခု အသစ်ထပ်မံထုတ်လုပ်လိုက်သော M50A ကို MPT အမှတ်တံဆိပ်အရောင်းဆိုင်များ၊ စူပါမိုဘိုင်းဖုန်း ဆိုင်ခွဲများနှင့် အခြားသော မိုဘိုင်းဖုန်းဆိုင်များတွင်ပါ ဝယ်ယူရရှိနိုင်မည်ဖြစ်ပါသည်။
အဆိုပါ M50A စမတ်ဖုန်းကို ပရိုမိုးရှင်းကာလအတွင်း ၈၉,၀၀၀ ကျပ်နှင့် ရောင်းချသွားမည်ဖြစ်ပြီး သုံးစွဲသူများသည် ၀ယ်ယူပြီးသည့်နေ့မှ ၆ လတိုင်တိိုင် လစဉ်သုံး ဒေတာအပိုဆု 2.5GB ရရှိနိုင်မည့် MPT ဆင်းမ်ကတ်တစ်ကတ်ကို လက််ဆောင်ရရှိမည်ဖြစ်ပါသည်။ ဖုန်းဘေလ်အနည်းဆုံး ၃,၀၀၀ ကျပ် ဖြည့်သွင်းရုံဖြင့် အဆိုပါ ဒေတာအပိုဆုကို ရရှိနိုင်မည့်အစီအစဉ်ဖြစ်ပြီး MPT ၏ ဆွေသဟာအစီအစဉ်ကိုလည်း အသုံးပြုနိုင်မည် ဖြစ်ပါသည်။
သတ်မှတ်ထားသောနေရာအချို့တွင် စတင်သုံးစွဲနိုင်နေပြီဖြစ်သော MPT ၏ 4G ကွန်ရက်နှင့် ချိတ်ဆက်ပေးထားခြင်းကြောင့် မြန်ဆန်သောအင်တာနက်အတွေ့အကြုံကို လက်ဖျားနှင့်တို့ထံရုံဖြင့်် M50A နှင့်အတူ ခံစားနိုင်ပါပြီ။ မြန်မာနိုင်ငံတော်အစိုးရမှ လှိုင်းစဉ်နှုန်းအသစ် ချပေးပြီးသည်နှင့်တစ်ပြိုင်နက် 4G ကွန်ရက်၏ ၀န်ဆောင်မှုအပြည့်အစုံကို ယခုနှစ်နှောင်းပိုင်းကာလများတွင် ရရှိနိုင်မည်လည်း ဖြစ်ပါသည်။ MPT ၏ ယခင်မော်ဒယ် M50 ကဲ့သို့ပင် အန်းဒရွိုက်အမျိုးအစားဖြစ်သည့် M50A တွင်လည်း လက် ၅ ချောင်း ထိတွေ့နိုင်သည့် စွဲမက်ဖွယ် TP 5-inch HD on-cell 2.5D curved glass touchscreen display အမျိုးအစား တပ်ဆင်အသုံးပြုထားပြီး စွမ်းဆောင်ရည်မြင့် 1.2GHz ပရောဆက်ဆာနှင့် အားဖြည့်ထားသည်။ မြန်နှုန်းမြင့် 4G ကွန်ရက်ကို ချိုသာသောစျေးနှုန်းဖြင့် ရရှိနိုင်မည်ဖြစ်ရာ စီးပွားရေးလုပ်ငန်းစွမ်းဆောင်ရှင်များ၊ လူမှုကွန်ရက်မီဒီယာ အသုံးများသူများအတွက် ပြီးပြည့်စုံသော ရွေးချယ်မှုဟု ဆိုနိုင်ပါသည်။ ထို့အပြင် ဘက်ထရီပမာဏ 2800mAh ကိုသုံးစွဲထားသဖြင့် အချိန်ကြာမြင့်စွာ ဖုန်း screen ဖွင့်ထားခြင်း၊ စကားပြောဆိုခြင်းတို့အတွက် အထူးအဆင်ပြေစေမည် ဖြစ်ပါသည်။
M50A တွင် MPT4U ၊ LoTaYa ၊ Myanmar calculator ၊ ဇော်ဂျီဖောင့်ကဲ့သို့ ဖုန်းတစ်လုံးအတွက် မရှိမဖြစ်အရေးပါသော အက်ပလီကေးရှင်းများနှင့် အခြားသောနာမည်ကျော် လူကြိုက်များသည့် လူမှုကွန်ရက်မီဒီယာ အက်ပလီကေးရှင်းများ ပါ၀င်မှာဖြစ်ပြီး အရောင်အနေနဲ့ ပထမအသုတ်အဖြစ် အဖြူရောင် ကိုရရှိနိုင်မည်ဖြစ်ကာ နောက်ပိုင်းတွင် အနက်ရောင်နှင့် ရွှေရောင်ဟူ၍ စုစုပေါင်းအရောင်သုံးရောင်ကို ရွေးချယ်ဝယ်ယူနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် အထူးစီမံထားသော လက်ဆောင်ဘူးတစ်ဘူးနှင့်အတူ အာမခံ ၁ နှစ် ကိုလည်း ရရှိမည်ဖြစ်ပါသည်။
MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase မှ “MPT အမှတ်တံဆိပ် စမတ်ဖုန်းစီးရီးထဲကို နောက်ထပ်မော်ဒယ်တစ်မျိုး ထပ်မံထည့်သွင်းလိုက်နိုင်ပြီဖြစ်တဲ့အတွက် ကျွန်တော်တို့အနေနဲ့ စိတ်လှုပ်ရှားမိပါတယ်။ M50A က စျေးနှုန်းအားဖြင့် အတော်လေးသက်သာရုံမက အရည်အသွေးမြင့်မားတဲ့ စမတ်ဖုန်းပဲဖြစ်ပါတယ်။ ခုရော နောင်မှာပါ MPT ရဲ့ ကျယ်ပြန့်ပြီး မြန်ဆန်တဲ့ 4G ကွန်ရက်နဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်ဦးမှာပါ။ ဒေတာအပိုဆုအနေနဲ့လည်း တစ်လကို 2.5GB ရရှိမှာဖြစ်တဲ့အတွက် ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ ထူးခြားစုံလင်လှတဲ့ ဝန်ဆောင်မှုအမျိုးမျိုးကို ရယူသုံးစွဲပြီး ဆက်သွယ်မှုပိုမိုကောင်းမွန်သော နိုင်ငံတစ်ခုအဖြစ် ဆက်လက်ပြီးချီတက်နိုင်မှဖြစ်ပါတယ်။” ဟု ပြောကြားခဲ့ပါသည်။
M50A အသေးစိတ်အချက်အလက်များ | |
Price | 89,000 Ks |
Platform | Quad Core 1.2 GHz |
Dimension | 143.5*71.8*8.2mm |
CPU | Quad core 1.2GHz |
Memory | 8GB+1GB |
OS | Android 6.0 |
Band | 2G Band:850/900/1800/1900MHz 3G Band:900/2100MHz 4G Band:1800/2100MHz |
Dual SIM Dual Standby | Yes |
Display | 5” HD & IPS & 2.5D |
Camera | 5.0MP+8.0 AF MP |
Battery | 2800mAh |
Flashlight | Yes |
GPS | Yes |
BT | 4.0 with A2DP |
WLAN | Wi-Fi 802.11 b/g/n |
Sensor | G Sensor & P-Sensor& L-Sensor |
T card expansion | Up to 32GB |
Color | White, Black, Gold |