×

MPT မှ တန်ဖိုးထားရသည့် သုံးစွဲသူများအတွက် ရင်ခုန်ဖွယ်ရာ ရွှေဒင်္ဂါးဆုလက်ဆောင်များနှင့် နောက်ဆုံးပေါ် တိုယိုတာကားအသစ်စက်စက် တစ်စီးပေးအပ်မည့် ရွှေထောဘီ ကံစမ်းမဲ အစီအစဉ်ကို မိတ်ဆက်

10 Dec 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာ ၁၀ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က အထူး ကံစမ်းမဲအစီအစဉ် “ရွှေထောဘီ” ကို ယနေ့စတင်လိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်ပြီး ၎င်းအစီအစဉ် မှာ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် သုံးသလောက်ပေးအင်တာနက် များအသုံးပြုရန်အတွက် ဖုန်းဘီလ်များကို ၅ ဆအထိတိုးမြှင့်ရရှိမည့် ထောဘီ အစီအစဉ်ကိုဝယ်ယူ အသုံးပြုသည့် သုံးစွဲသူတိုင်း ပါဝင်ကံစမ်းနိုင်မည်ဖြစ်ကာ နောက်ဆုံးပေါ် အဆင့်မြင့် Toyota Vios ကားအသစ်တစ်စီးကံစမ်းခွင့်ကို ရရှိမည်ဖြစ် သည်။ အထူးဆုအဖြစ် ပေးအပ်မည့် ကားအသစ်တစ်စီးအပြင် ထောဘီအစီအစဉ် ကံစမ်းမဲကာလဖြစ်သည့် ၂၀၁၈ခုနှစ် ဒီဇင်ဘာလ ၁၀ ရက်မှ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့အတွင်း ဝယ်ယူအသုံးပြုသူတိုင်းအတွက် နေ့စဉ် ရွှေတစ်ကျပ်သား ဆုလက်ဆောင်ကို ကံစမ်းရရှိ နိုင်မည်လည်းဖြစ်သည်။

ယခုကံစမ်းမဲအစီအစဉ်တွင်ပါဝင်ရန် သုံးစွဲသူများက ထောဘီဖုန်းဘီလ်ကို *500# သို့ခေါ်ဆို၍ဖြစ်စေ သို့မဟုတ် MPT 4 U အက်ပလီကေးရှင်းမှဖြစ်စေ ဝယ်ယူ၍ပါဝင်နိုင်မည်ဖြစ်သည်။ ထောဘီဖုန်းဘီလ်များမှာ အမျိုးအစား ကွဲပြားစွာရှိခြင်းကြောင့် သုံးစွဲသူများအနေဖြင့် ဖုန်းဘီလ် ၁,၀၀၀ ကျပ်အား ထောဘီဖုန်းဘီလ်ပြောင်းလဲရာတွင် ၅,၀၀၀ ကျပ်သို့ပြောင်းလဲရရှိမည်ဖြစ်သည့်အပြင် ရွှေဒင်္ဂါးဆုလက်ဆောင်များကံစမ်းရန်အတွက် အခွင့်အရေး ၅ ကြိမ်ကိုလည်း ရရှိမည်ဖြစ်သည်။ ဘီလ် ၂,၀၀၀ ကျပ်အတွက်မူ ထောဘီဖုန်းဘီလ် ၁၀,၀၀၀ ကျပ်ကို ရရှိပြီး ရွှေ ဒင်္ဂါးဆု ကံစမ်းရန်အတွက် အခွင့်အရေး ၁၀ ကြိမ်ကို ရရှိမည်ဖြစ်ပြီး ဖုန်းဘီလ် ၅,၀၀၀ ကျပ်အတွက်လည်း ထောဘီဖုန်းဘီလ် ၂၅,၀၀၀ ထိရရှိမည်ဖြစ်ကာ ရွှေဒင်္ဂါးဆုမဲ ကံစမ်းနိုင်ရန် ကံစမ်းခွင့်အကြိမ်အရေအတွက် ၂၅ ကြိမ်ကို ရရှိမည်ဖြစ်သည်။ ထောဘီအစီအစဉ်ကို ပိုမိုဝယ်ယူသုံးစွဲသည့် သုံးစွဲသူများမှာမူ ရွှေဒင်္ဂါးဆုနှင့် တိုယို တာ Vios ကားဆုအတွက်လည်း အခွင့်အလမ်းများ ပိုမိုရရှိမည်ဖြစ်သည်။
နေ့စဉ်ရွှေဒင်္ဂါးဆုလက်ဆောင်များတွင် ကံထူးရှင်များက ရွှေဒင်္ဂါးတစ်ကျပ်သား၊ ရွှေဒင်္ဂါးငါးမူးသားနှင့် ရွှေဒင်္ဂါးတစ်မတ်သားဆု များကို ကံစမ်းရရှိနိုင်မည်ဖြစ်သည်။ အကယ်၍ သုံးစွဲသူများအနေဖြင့် ထောဘီ အစီအစဉ်ကို ပိုမိုဝယ်ယူပါက ဆုလက်ဆောင်များရရှိရန်အခွင့်အရေးကို ပိုပိုပြီး ရရှိမည်ဖြစ်ပါသည်။

ဆုလက်ဆောင်အသေးစိတ်အချက်အလက်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ထောဘီ   ဖုန်းဘီလ်ကို ပြောင်းလဲဝယ်ယူလိုက်ရုံနဲ့ သုံးစွဲသူတွေတိုင်းက ရွှေဒင်္ဂါးဆုတွေနဲ့ အသစ်စက်စက်တိုယိုတာ ကားသစ်တစ်စီး  ကို ပိုင်ဆိုင်ခွင့်ရမယ့် အခွင့်အရေးကြီးကိုရရှိမယ့်  ရင်ခုန်စိတ်လှုပ်ရှားရတဲ့ ရွှေထောဘီ ကံစမ်းမဲ အစီအစဉ်ကို   ထုတ်ပြန်ခွင့်ရတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အတိုင်းမသိ စိတ်လှုပ်ရှားနေမိပါတယ်။ ဒီကံစမ်းမဲ အစီအစဉ်က   ပါဝင်ဖို့ အင်မတန်မှရိုးရှင်းပြီး MPT ကိုသုံးစွဲကြသူတွေက MPT ရဲ့ နိုင်ငံတစ်ဝန်းဖြန့်ကျက်ထားတဲ့ 3G နဲ့ 4G/LTE+ ကွန်ရက်ကို အသုံးပြုပြီး သူတို့ရဲ့ ဖုန်းဘီလ်ကို အနိမ့်ဆုံး ၁,၀၀၀ ကျပ်ကစတင်ပြီး ထောဘီဖုန်းဘီလ်    ပြောင်းလဲလိုက်ရုံနဲ့ နေ့စဉ်ပေးမယ့် ကံစမ်းမဲအစီအစဉ်ထဲကို ပါဝင်ခွင့်ရရှိသွားပါပြီ။ ဒါကြောင့် ထောဘီဖုန်းဘီလ်   ကို များများသုံးလေ သူတို့အတွက် အခွင့်အရေးများများရှိလေပါပဲ။ အခုလို MPT သုံးစွဲသူတွေအတွက် သီးသန့်ဆောင်ရွက်ပေးထားတဲ့ ကျွန်တော်တို့ရဲ့ အထူးကံစမ်းမဲအစီအစဉ် ရွှေထောဘီကို သုံးစွဲသူတိုင်းကနှစ်သက်အားရ ပါဝင်ကံစမ်းကြမယ်လို့ မျှော်လင့်ထားသလို ကံစမ်းမဲကာလအတွင်း နေ့စဉ်နေ့တိုင်း ကံစမ်းမဲ ဆု  ကြီးတွေပေါက်ပြီး ပျော်ရွှင်နိုင်ကြစေရုံသာမက MPT အချင်းချင်းဖုန်းခေါ်ခွင့်၊ စာတိုပေးပို့ခွင့်နဲ့ သုံးသလောက်ပေး  အင်တာနက်တွေသုံးဖို့ ၅ ဆ ပိုရမယ့် ထောဘီအစီအစဉ်ကြောင့်လည်း ပျော်ရွှင်ကြည်နူးကြမယ်လို့ မျှော်လင့်ပါ  တယ်။ ဟု ပြောကြားသည်။

ကံထူးသူများကြေညာခြင်းကိုမူ MPT မှ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာပေါ်မှတစ်ဆင့် ဒီဇင်ဘာလ ၁၇ရက်၊ ဒီဇင်ဘာလ ၂၄ ရက်၊ ဇန်နဝါရီလ ၂ ရက်နေ့နှင့် ဇန်နဝါရီလ ၇ ရက်နေ့များတွင် ဖော်ပြပေးသွားမည်ဖြစ်သည်။ အထူးဆုကံထူးရှင်ကိုမူ ၂၀၁၉ ခုနှစ် ဇန်နဝါရီလ ၇ ရက်နေ့တွင် ထုတ်ပြန်ကြေညာပေးသွားမည်ဖြစ်သည်။

ရွှေထောဘီကံစမ်းမဲအစီအစဉ် နှင့် MPT ၏ အခြားသောပရိုမိုးရှင်းများနှင့်ပတ်သက်၍ ထပ်မံသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) www.mpt.com.mm နှင့် MPT ၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။