×

MPT မှ တောင်ကြီး စီးပွားရေးစင်တာ သို့ LTE+ ဆက်သွယ်မှုဖြင့် ကွန်ရက်ဖြန့်ကျက်

15 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၅ ရက်) ရှမ်းပြည်နယ်၊ တောင်ကြီးမြို့၏ စီးပွားရေလုပ်ငန်း ဌာနတစ်ခုအဖြစ် တစ်နေ့တစ်ခြား ပိုမိုအရေးပါလာသည့် အသစ်တည်ဆောက်ထားသော တောင်ကြီးစီးပွားရေးစင်တာ (TBC) မှာ မြန်မာနိုင်ငံ၏ အကြီးမားဆုံး တယ်လီကွန်းဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT၏ မျိုးဆက်သစ် 4X4 MIMO စနစ်သုံး LTE+ မိုဘိုင်းလ်ဆက်သွယ်မှုကွန်ရက် အပါအဝင် ပိုမိုကောင်းမွန်မြန်ဆန်သော ဖုန်းခေါ်ဆိုမှုနှင့် အင်တာနက်ဆက်သွယ်မှု တို့ဖြင့် ချိတ်ဆက်လိုက်ပြီဖြစ်ပါသည်။

အဆိုပါ စီးပွားရေးစင်တာသည် တောင်ကြီးမြို့အနီးတွင်တည်ရှိပြီး ရှမ်းပြည်နယ်၏ ကျယ်ပြန့်လာသည့် စီးပွားရေးလုပ်ငန်းများကို အဆင်ပြေလွယ်ကူစွာ တစ်စုတစ်စည်းတည်း ဆောင်ရွက်နိုင််ရန်အတွက် အထူးတည်ဆောက်ထားသည့် နေရာတစ်ခုဖြစ်ပါသည်။ MPT ၏ ဆက်သွယ်ရေးကွန်ရက် ချဲ့ထွင်မှုများကြောင့် ယခုလို စီးပွားရေးအချက်အချာ နေရာတွင်အခြေစိုက်နေသည့် စီးပွားရေးလုပ်ငန်းများနှင့်အဖွဲ့အစည်းများ အနေဖြင့် စွမ်းဆောင်ရည် အလွန်မြင့်မားသော ဆက်သွယ်မှုကို ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ထိုနယ်မြေအတွင်း စီးပွားရေးလုပ်ငန်းများ တိုးတက်လာစေမည် ဖြစ်ပါသည်။

ယခုလို တောင်ကြီးစီးပွားရေးစင်တာနှင့် အနီးဝန်းကျင်ဧရိယာများသို့ ဝန်ဆောင်မှုများနှင့် အခြေခံလိုအပ်ချက်များ၊ အထောက်အပံ့များ တိုးတက်ရရှိလာသည့်အတွက် လုပ်ငန်းများ ဆောင်ရွက်နေပြီ ဖြစ်သော အဖွဲ့အစည်းများ သို့မဟုတ် လုပ်ငန်းဆောင်ရွက်ရန် ရည်ရွယ်နေသော အဖွဲ့အစည်းများအနေဖြင့် ၎င်းတို့၏ စီးပွားရေးလုပ်ငန်းများအတွက် လွယ်ကူအဆင်ပြေသော နေရာတစ်ခု ရရှိနိုင်မည့် အခွင့်အရေးကို ပိုင်ဆိုင်နိုင်ကြမည် ဖြစ်ပါသည်။ အလားတူပင် ယခုလို စီးပွားရေးလုပ်ငန်းများအတွက် လုပ်ငန်းဆောင်ရွက်ရန် အသင့်ဖြစ်စေမည့် ဖိတ်ခေါ်မှုနှင့်အတူ လှပပြီး လူသိများထင်ရှားသည့် တောင်ကြီးကဲ့သို့သော နေရာမျိုးအတွက် ဆက်သွယ်မှုရရှိနိုင်ရန် ဆောင်ရွက်ရာ၌် ပထဝီဝင်အနေအထားနှင့် အခြားသော ဆက်သွယ်ရေးဝန်ဆောင်မှု နည်းပညာများကို အသုံးပြုနိုင်ရန်အတွက် အခက်အခဲများနှင့် အခွင့်အလမ်းများကိုလည်း ရင်ဆိုင်ကြုံတွေ့ခဲ့ရပါသည်။

တနင်္လာနေ့က တောင်ကြီးမြို့တွင်ကျင်းပခဲ့သော ရေဒီယိုဆက်သွယ်ရးစခန်း ဖွင့်လှစ်ပွဲနှင့်ပတ်သက်ပြီး MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှ “ဒေသတွင်းကစီးပွားရေးလုပ်ငန်းတွေအကြားမှာ ရေပန်းစားလာတဲ့ တောင်ကြီး စီးပွားရေးစင်တာမှာ ကျွန်တော်တို့ရဲ့ LTE+ ကွန်ရက်ကို အသုံးပြုပြီး ကုမ္ပဏီအဖွဲ့အစည်းတွေ ပိုမိုတိုးတက်လာနိုင်စေရေးအတွက် အကောင်းဆုံးအနေအထားတစ်ခု ဖြစ်နိုင်ဖို့ကို ကြိုးစားဆောင်ရွက်နေပါတယ်။ အထူးသဖြင့် အချက်အချာကျတဲ့ ဒီလိုနယ်မြေဒေသရဲ့ ကုန်သွယ်ရေးအခွင့်အလမ်းတွေနဲ့ ကုမ္ပဏီတွေအတွက် အကောင်းဆုံး လုပ်ငန်းဆောင်ရွက်နိုင်တဲ့ အခြေအနေတွေကို တိုးတက်စေဖို့အတွက် ကောင်းမွန်ပြီး စိတ်ချရတဲ့ ဆက်သွယ်ရေးကွန်ရက်တစ်ခု မရှိမဖြစ် လိုအပ်ပါတယ်။ ကွန်ရက်ဖြန့်ကျက်မှုကို တိုးတက်စေခြင်းနဲ့ အနာဂတ်အတွက် တယ်လီကွန်းဆက်သွယ်ရေး ချဲ့ထွင်မှုလုပ်ငန်းတွေ ပေါင်းစပ်ပြီး ဒေသတွင်းမှာ စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့ ရည်ရွယ်ထားပါတယ်” ဟု ပြောကြားခဲ့ပါသည်။

အလားတူပင် ယခုနယ်မြေအတွင်းတွင် တည်ရှိနေသော ပို့ဆောင်ရေး ဆက်သွယ်မှုအသစ်များ၊ ဟိုတယ်များနှင့် စားသောက်ဆိုင်များကို ကွန်ရက်လွှမ်းခြံုနိုင်ခြင်းနှင့်အတူ MPT အနေဖြင့် မဝေးတော့သည့် အချိန်ကာလအတွင်း ဒေသကိုအကျိုးပြုစေမည့် ကွန်ရက်ဆိုင်ရာ အခြေခံအဆောက်အဦအသစ်များကို ထပ်မံ တိုးချဲ့ တည်ဆောက် သွားမည် ဖြစ်ပါသည်။