×

MPT မှ “ဒေတာများနဲ့ည” အမည်ရှိ ညသုံး Data Package ကို စတင်

22 Feb 2016

[:en]စိတ်ဝင်စားဖွယ်ရာ ဒေတာစျေးနှုန်းများ ဖြင့် ညအချိန်တွင် အင်တာနက်အသုံးများသည့် သုံးစွဲသူများအတွက် အစီအစဉ်သစ် စတင်လိုက်ပြီ။

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၉ ရက်– မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း အင်တာနက်အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် “ဒေတာများနဲ့ည”အမည်ရှိ ညသုံး Data Package ကိုစတင်လိုက်ကြောင်း ကြေညာခဲ့သည်။ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်သည့်စျေးနှုန်းများနှင့် ဤဒေတာအထူးအစီအစဉ်ကို ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှ မတ်လ ၃၁ ရက်နေ့အထိ အသုံးပြုနိုင်မည်ဖြစ်သည်။

“ဒေတာများနဲ့ည”ကို MPT ၏ GSM/WCDMA ဆွေသဟာအသုံးပြုသူ အားလုံး ရယူသုံးစွဲနိုင်သည်။ Data Package အမျိုး အစား ၃ မျိုးရှိပြီး ၎င်းတို့မှာ

<၂၅၀ မီဂါဗိုက်width="156">250 MB

Package အမျိုးအစားဒေတာပမာဏစျေနှုန်း (ကျပ်)USSD Code
၁ည၃၀၀*237*1#
၇ည၁ ဂီဂါဗိုက်၁၀၀၀*237*2#
၃ဝည၄ ဂီဂါဗိုက်၃၂၀၀*237*3#

တို့ဖြစ်သည်။ ၎င်း package များကို ဝယ်ယူသူများသည် ည ၁၁ နာရီမှ မနက် ၇ နာရီအတွင်း အသုံးပြုနိုင်မည်ဖြစ်ပါသည်။ အဆိုပါ package ဝယ်ယူအသုံးပြုမှုအတွက် မိမိ၏ မူလလက်ကျန်ငွေ၊ အခြားသောအပိုဆောင်းဒေတာများနှင့် (Standard Internet Package) များကဲ့သို့သော အခြား package များထက်အရင် အသုံးပြုဖြတ်တောက် သွားမည်ဖြစ်သည်။

ဤ ညသုံးဒေတာကို ဝယ်ယူအသုံးပြုခြင်းအားဖြင့် MPT ၏ မြန်ဆန်သော 3G9+ ကွန်ရက်ဖြင့် အင်တာနက်အသုံးပြုခြင်းကို 1MB လျှင် ပြား၈၀ မှစတင်၍ စျေးသက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “MPT က ဝန်ဆောင်မှု ပိုင်းမှာပိုပြီး တိုးတက်ကောင်းမွန်အောင် အမြဲကြိုးစားလုပ်ဆောင်နေပါတယ်၊ အင်တာနက်ကို နေ့ခင်းဘက်မှာထက် ညဘက်မှာ ပိုပြီးသုံးစွဲကြသူတွေအတွက်လည်း စျေးနှုန်းသက်သာတဲ့ ရွေးချယ်မှုတွေကို ပေးချင်ပါတယ်၊ ဝန်ဆောင်မှုတွေ တိုးမြှင့်ပြီး သုံးစွဲသူတွေစိတ်ကျေနပ်မှုရစေဖို့က MPT ရဲ့ ၂၀၁၆ ခုနှစ်အတွက် အဓိကပန်းတိုင်ပါ၊ ခုဆိုရင် ကျွန်တော်တို့က ကွန်ရက်ကိုလည်းချဲ့ခဲ့ပြီး မြန်မာပြည်ရဲ့ လူဦးရေ ၉၂%ကို ဝန်ဆောင်ပေးနိုင်ခဲ့ပါပြီ၊ အခုပြုလုပ်လိုက်တဲ့ ညအချိန်သုံး Data Package Promotion နဲ့ဆိုရင် သုံးစွဲသူတွေဟာ မြန်နှုန်းမြင့်အင်တာနက်ကို စျေးသက်သက်သာသာနဲ့ သုံးစွဲနိုင်မှာပါ၊ စျေးသက်သာတဲ့ data package ဖြစ်တဲ့အတွက် ဖုန်းအင်တာနက်ကိုသုံးပြီး ဗွီဒီယိုကြည့်တာတွေ၊ ဂိမ်းကစားတာတွေနဲ့ တခြား ဒေတာအကုန်မြန်တဲ့ app သုံးစွဲမှုတွေကို စိတ်ကြိုက်သုံးနိုင်တော့မှာဖြစ်ပါတယ်၊” ဟု ပြောသည်။

စည်းမျဉ်းစည်းကမ်းများ

“ဒေတာများတဲ့ည”အစီအစဉ်ကို ရယူသုံးစွဲသူသည် ဆွေသဟာမှ အခြေခံစနစ်သို့ ပြောင်းလဲလိုက်ပါက ထို ဒေတာအထူးစျေးနှုန်းကို သုံးစွဲနိုင်မည် မဟုတ်ပါ။ သို့သော် အခြေခံစနစ်ကိုပြောင်းလဲလိုက်ပြီး သုံးစွဲနိုင်သည့် ပရိုမိုးရှင်းသက်မှတ်ရက်အတွင်း ဆွေသဟာသို့ ပြန်လည် ပြောင်းလဲအသုံးပြုလိုက်ပါက ဒေတာအထူးစျေးနှုန်းကို ဆက်လက်သုံးစွဲနိုင်မည်ဖြစ်သည်။ MPT မှ အသုံးပြုပုံမျှတရန်အတွက်လည်း တစ်ညတာလျှင် ၈ နာရီနှုန်းဖြင့် သုံးစွဲနိုင်ရန်စီစဉ်ထားသဖြင့် 1 night package ကိုယူသူများအနေဖြင့် သုံးစွဲချိန် ၈ နာရီ၊ 7 nights package ယူသူများအတွက် သုံးစွဲချိန် ၅၆ နာရီနှင့် 30 nights package ကိုယူသူများအနေဖြင့် သုံးစွဲချိန် ၂၄၀ နာရီ ရရှိမည်ဖြစ်သည်။ 1 night package ကိုရယူသူများသည် ၈ နာရီကြာသုံးစွဲခွင့်ရရှိမည်ဖြစ်ပြီး ည ၁၁ နာရီမှစတင်ကာ နံနက် ၇ နာရီအတွင်း သုံးစွဲနိုင်မည်ဖြစ်သည်။ သို့သော် ၄င်းအစီအစဉ်ကို ဝယ်ယူအသုံးပြုသူများအတွက် မျှတသော အသုံးပြုမှုဖြစ်စေရန် ဝယ်ယူသုံးစွဲသူ၏ စတင်ဝယ်ယူချိန်မှစကာ အသုံးပြုမှုကြာချိန် ၈ နာရီကို သတ်မှတ်ပေးမည်ဖြစ်ပြီး စတင်ဝယ်ယူသည့်နေ့တွင် ဝယ်ယူအသုံးပြုချိန်သည် ည၁၁ထက်နောက်ကျပါက ကျန်ရှိသောအချိန်ကို နောက်လာမည့်နေ့တွင် ဆက်လက်အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPTNightTime

ဥပမာ ၁။ အကယ်၍ သုံးစွဲသူတစ်ဦးသည် 1 night package ကို ည ၁၁ နာရီမထိုးမီ ဝယ်ယူပါက ထိုဝယ်ယူထားသည့် ဒေတာကို ည ၁၁ နာရီမှ နံနက် ၇ နာရီအတွင်း သုံးစွဲနိုင်မည်။

ဥပမာ ၂။ အကယ်၍ သုံးစွဲသူတစ်ဦးသည် “ဒေတာများတဲ့ည” 1 night package ကို ည ၁၁း၃၀ တွင် ဝယ်ယူမိပါက စတင်ဝယ်ယူသည့် ၁၁း၃၀ မှ နံနက် ၇ နာရီအထိသုံးစွဲနိုင်ပြီး ကျန်ရှိနေသေးသည့် မိနစ် ၃၀ အတွက်ကိုမူ နောက်တစ်နေ့ည ၁၁ နာရီမှ ၁၁း၃၀ အတွင်း သုံးစွဲနိုင်မည်ဖြစ်သည်။

ဥပမာ ၃။ အကယ်၍ နံနက် ၄ နာရီမှစတင်၍ ဤ 1 night package ကိုဝယ်ယူမိပါက ထိုနေ့နံနက်အတွက် ၄ နာရီမှ ၇ နာရီအထိ အသုံးပြုနိုင်မည်ဖြစ်ပြီး ကျန်ရှိသည့် ၅ နာရီကြာအသုံးပြုမှုအတွက် နောက်တစ်နေ့ည ၁၁ နာရီမှစ၍ စတင်ဝယ်ယူချိန် နံနက် ၄ နာရီထိ ဆက်လက်သုံးစွဲနိုင်မည်ဖြစ်ပါသည်။[:]