×

MPT မှ ပူတာအိုဒေသတွင် ကွန်ရက်ဖြန့်ကျက်မှု တိုးချဲ့

16 Aug 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ သြဂုတ်လ ၁၆ ရက်) မြန်မာနိုင်ငံ၏ ထိပ်တန်းဆက်သွယ်ရေး အော်ပရေတာ တစ်ခု ဖြစ်သည့် MPT မှ မြန်မာနိုင်ငံ၏မြောက်ဖျားပိုင်းဒေသဖြစ်သော ကချင်ပြည်နယ်တွင် တာဝါကွန်ရက် အဆင့်မြှင့်တင်မှုကို အပြီးသတ်ဆောင်ရွက်နိုင်ခဲ့ပြီဖြစ်သည်။ ဝေးလံခေါင်ဖျားပြီး နှင်းများဖုံးလွှမ်းနေသော တောင်တန်းများ ပတ်လည်ဝိုင်းရံနေသည့် ပူတာအိုဒေသရှိ MPT သုံးစွဲသူများအနေဖြင့် ယခုအခါ ပိုမိုလျင်မြန်သောဒေတာမြန်နှုန်း နှင့် ပိုမိုကောင်းမွန်သော ဖုန်းခေါ်ဆိုမှုအရည်အသွေးများကို ရရှိနိုင်ပြီဖြစ်သည်။

ယင်းကဲ့သို့ အဆင့်မြှင့်တင်မှုကို အဆိုပါဒေသရှိ လက်ရှိတာဝါတိုင်ကွန်ရက်တွင် Satellite-based မှ Microwave boosted စနစ် ကို ပြောင်းလဲတပ်ဆင်လိုက်သည့် အပြင် တာဝါတိုင်များ ထပ်မံတိုးချဲ့လိုက်ခြင်း ကြောင့် မြန်နှုန်းမြင့် 2G/3G ချိတ်ဆက်မှုများ နှင့် ပိုမိုကောင်းမွန်သည့် ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်နိုင်ပြီ ဖြစ်ပါသည်။

MPT သည် အဆိုပါဒေသရှိ သုံးစွဲသူများကို တန်ဖိုးထားသည့်အနေဖြင့် နာမည်ကျော်အထင်ကရနေရာ တစ်ခုဖြစ်သော လေယာဉ်ကွင်းစျေး၌ ဒေသခံပြည်သူများအတွက် ပျော်ပွဲရွှင်ပွဲများပါဝင်သော အခမ်းအနားတစ်ခုကို ကျင်းပခဲ့ပါသည်။ အဆိုပါအခမ်းအနားတွင် MPT ဆင်းမ်ကတ်အသစ်များ၊ SIM ကတ် လဲလှယ်မှုများအပြင် တန်ဖိုးကြီး လက်ဆောင်ပစ္စည်းများနှင့်အတူ ငွေဖြည့်ကတ်များ၊ အထူးပရိုမိုးရှင်းများ ပြုလုပ်ခဲ့ပါသည်။ အဆိုပါအထိမ်းအမှတ်အခမ်းအနားသို့ ကချင်ပြည်နယ်ရှိ MPT မှ တာဝန်ရှိသူများ ၊ ဝန်ထမ်းများ နှင့် ဒေသခံပြည်သူများ တက်ရောက်ခဲ့ကြပြီး အခြားလှုပ်ရှားမှုများဖြစ်သည့် ပျော်ရွှင်ဖွယ်ဂိမ််းကစားခြင်း၊၊ MPT Photo Booth တွင် အမှတ်တရ ဓါတ်ပုံရိုက်ကူးခြင်း တို့တွင်လည်း အတူတကွ ပါဝင်ဆင်နွှဲခဲ့ကြပါသည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Reizo Umeda က “ကျွန်တော်တို့ ရဲ့ ကွန်ရက်ဖြန့်ကျက်မြှင့်တင်မှုကို မြန်မာနိုင်ငံရဲ့ မြောက်ဖျားပိုင်းဒေသက မြို့လေးမှာ တိုးချဲ့နိုင်ခဲ့တဲ့အတွက် ဝမ်းမြောက်မိပါတယ်။ အခုလို ကွန်ရက်မြှင့်တင်မှုကြောင့် ဒေသခံပြည်သူတွေအနေနဲ့ မိုဘိုင်းလ်ခေါ်ဆိုမှု တွေရော အင်တာနက်ဝန်ဆောင်မှုတွေမှာပါ ပိုမိုကောင်းမွန်တဲ့ ချိတ်ဆက်မှုတွေနဲ့ သုံးစွဲနိုင်မှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာ လက်ရှိတာဝါတွေကို အဆင့်မြှင့်တင်ရုံသာမက အလွန်လှပတဲ့ ဒီမြို့က ဒေသခံတွေကို မိမိတို့ဖုန်းခေါ်ဆိုတဲ့အခါ ပိုမိုကောင်းမွန်စွာဖြင့် ခေါ်ဆိုမှုရနိုင်ရန်အတွက် တာဝါတွေကို ပိုမိုစိုက်ထူခဲ့ခြင်းဖြစ် ပါတယ်။ ဒါဟာ ရှေ့သို့လှမ်းချီ မြန်မာပြည်ဆိုတဲ့ ဆောင်ပုဒ်နဲ့အညီ ဝေးလံခေါင်ဖျားတဲ့ ဒေသက လူမှုပတ်ဝန်း ကျင်တွေအပါအဝင် မြန်မာနိုင်ငံကို အဆင့်မြင့်ဆက်သွယ်ရေးနည်းလမ်းတွေ သယ်ဆောင်လာဖို့အတွက် ကျွန်တော်တို့ရဲ့ ဆောင်ရွက်ချက်တွေကို မီးမောင်းထိုးပြနေပါတယ်” ဟုပြောကြားခဲ့ပါသည်။

MPT အနေဖြင့် နိုင်ငံတစ်ဝှမ်းရှိ ကွန်ရက်များကို ပိုမိုကောင်းမွန်လာစေရန် ဆက်လက်ဆောင်ရွက်နေသလို မျိုးဆက်သစ် မြန်နှုန်းမြင့် ကွန်ရက်ကနေတဆင့် မိသားစု၊ သူငယ်ချင်းများဖြင့် ဆက်သွယ်ခြင်း၊ လူမှုရေးမီဒီယာတွေ အသုံးပြုခြင်းနှင့် အွန်လိုင်းဗီဒီယိုကြည့်ရှုခြင်းတို့ပြုလုပ်နိုင်ရန်အတွက် ကချင်ပြည်နယ် မြစ်ကြီးနား နှင့် ဖားကန့်ရှိ ဒေသခံများထံ LTE+ ချိတ်ဆက်မှုကိုလည်း မကြာသေးခင်က မိတ်ဆက်ပေးခဲ့ပါသည်။