×

MPT မှ ပျော်ရွင်ကံထူး နှစ်သစ်ကူးကံစမ်းမဲအစီအစဉ်ကို ပြန်လည်စတင်

12 Dec 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT အနေဖြင့် အသုံးပြုသူ ၂၆သန်းကျော်အတွက် အကြီးမားဆုံးနှင့် အကောင်းဆုံးသောဆုများကို ပေးအပ်ခဲ့ပြီး ယခုနှစ်အတွက်လည်း စိတ်လှုပ်ရှားဖွယ်ကောင်းသော ဆုများကို ပေးအပ်ရန် စိတ်အားထက်သန်လျက်ရှိရာ MPT က “ပျော်ရွှင်ကံထူး နှစ်သစ်ကူး” ကံစမ်းမဲ အထူးအစီအစဉ်တစ်ရပ်ကို ၂၀၁၇ခုနှစ်၊ ဒီဇင်ဘာ ၁၃ရက်မှစတင်၍ ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်နေ့အထိ ပြန်လည်ပြုလုပ်ပေးသွား တော့မည်ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။

ယခုနှစ်အတွက် ပြန်လည်စတင်လိုက်သည့် MPT ၏ ကံစမ်းမဲအစီအစဉ်တွင် iPhone X အလုံး ၃၀၊ Toyota Vios ကား ၃ စီး အပြင် အထူးဆုကြီးတစ်ဆုအဖြစ် စတားစီးတီးကွန်ဒိုမီနီယမ်မှ တိုက်ခန်းတစ်ခန်းတို့ကို ထည့်သွင်းပေးအပ်သွားမည် ဖြစ်ပါသည်။

MPT မှ အနေဖြင့် အသုံးပြုသူများကို ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန်လွယ်ကူသောနည်းလမ်းများဖြင့် စီစဉ်ပေးထားကြောင်းသိရသည်။ သုံးစွဲသူများအနေဖြင့် မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးသော MPT ၏ ဆက်သွယ်ရေးမိုဘိုင်းလ်ဝန်ဆောင်မှုကို အသုံးပြုရုံဖြင့် ပျော်ရွှင်ကံထူး နှစ်သစ်ကူးအစီအစဉ်တွင် ပါဝင်နိုင်မည်ဖြစ်ပါသည်။ သုံးစွဲသူများအနေဖြင့် ယခုကံစမ်းမဲ အစီအစဉ်သည် ဖုန်းဘီလ် ၁ ထောင်ကျပ်ကိုအသုံးပြုလိုက်သည်နှင့် အလိုအလျောက် ပါဝင်ခွင့်ရရှိမည်ဖြစ်ကာ နောက်ထပ်ကံစမ်းခွင့်ကိုလည်း နောက်ဆုံးအကြိမ် ကံစမ်းမဲဖွင့်ပွဲကာလအထိ ဆက်လက်ပါဝင်ခွင့်ရရှိမည်ဖြစ်သည်။ အောက်တွင်ဖော်ပြထားသည့်အတိုင်း ဖုန်းဘီလ်အရေအတွက် ပိုမိုထည့်သွင်းခြင်းဖြင့် ကံထူးရှင်ဖြစ်နိုင်မည့် အခွင့်အရေးပိုမိုရရှိမည်ဖြစ်ပါသည်။

အသုံးပြုပုံ ဆုရရှိနိုင်မည့် အခွင့်အရေး
ဖုန်းဘီလ် ၁,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး ၁ ဆ
ဖုန်းဘီလ် ၅,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး ၅ ဆ
ဖုန်းဘီလ် ၁၀,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး ၁၀ ဆ
ဖုန်းဘီလ် ၁၅,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး ၁၅ ဆ
ဖုန်းဘီလ် ၂၀,၀၀၀ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး အဆ ၂၀
ဖုန်းဘီလ် ၂၅,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး ၂၅ ဆ
ဖုန်းဘီလ် ၃၀,၀၀၀ ကျပ်အသုံးပြုမှုအတွက် ဆုရရှိရန် အခွင့်အရေး အဆ ၃၀

MPT ၏ ပျော်ရွှင်ကံထူးနှစ်သစ်ကူးအစီအစဉ်တွင် ပါ၀င်ဆင်နွှဲကြသော သုံးစွဲသူများအတွက် ကံထူးရှင်ရွေးချယ်ပွဲအခမ်းအနားကို ၂၀၁၇ ဒီဇင်ဘာ ၂၀ နှင့် ၂၇ ရက်တို့တွင်လည်းကောင်း၊ ၂၀၁၈ခုနှစ် ဇန်နဝါရီ ၃ ရက်တွင်လည်းကောင်း MPT၏ တရားဝင် Facebook စာမျက်နှာမှတစ်ဆင့် တိုက်ရိုက် (Live) ထုတ်လွှင့်ပေးသွားမည်ဖြစ်သည်။ ကံစမ်းမဲ အစီအစဉ်၏ ကနဦး ဆုကြီးသုံးဆုတွင် iPhone X ရ လုံးနှင့် Toyota Vios ၁ စီးတို့ ပါဝင်မည် ဖြစ်သည်။ ကံစမ်းမဲပေါက်သည့် MPT အသုံးပြုသူများကို တိုက်ရိုက်ဖုန်းခေါ်ဆိုမှု များပြုလုပ်သွားမည်ဖြစ်ပြီး ၎င်းတို့၏ ပျော်ရွှင်မှုများကို အခြားသော MPT အသုံးပြုသူများနှင့်အတူ မျှဝေပေးသွားမည်လည်း ဖြစ်ပါသည်။

အထူးဆုဆုမဲကိုမူ ၂၀၁၈ခုနှစ် ဇန်နဝါရီလ ၁၀ ရက်နေ့တွင် မြန်မာပလာဇာ၌ ရွေးချယ်မဲဖောက်ပေးမည်ဖြစ်ပြီး iPhone X ၉ လုံးနှင့် အထူးဆုကြီးအနေဖြင့် သန်လျှင်မြို့နယ်ရှိ Star City ကွန်ဒိုမီနီယမ်မှ ကွန်ဒိုခန်းအသစ် ၁ လုံး တို့ ပါဝင်မည်ဖြစ်သည်။ “Community within a community” Star City ကွန်ဒိုမီနီယမ်တွင် နေထိုင်သူများ သည် ဆိုင်များ၊ စားသောက်ဆိုင်များ၊ စူပါမားကတ်၊ အကြောပြေ အနှိပ်ခန်း ၊ ၉ ကျင်းပါ ဂေါက်ကွင်း ၊ ဘဏ်၊ အချိန်ပြည့် လုံခြုံ ရေးစနစ်အပြင် ရန်ကုန်မြို့တွင်းသို့ လိုက်လံပို့ဆောင်ပေးမည့် ဘတ်စ်ကားဝန်ဆောင်မှုများနှင့်အခြား လိုအပ်သော လုပ်ငန်းအမျိုး မျိုး တို့ကို တစ်နေရာအတွင်း၌ပင် ရယူအသုံးပြုနိုင်မည် ဖြစ်ပါသည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သော Mr.Reizo Umeda က “MPTက ဒီနှစ်အတွက် ကံစမ်းမဲအစီအစဉ်ကို ထပ်ပြီး မိတ်ဆက်ပေးနိုင်ခ့တဲ ာကို တကယ်ကိုပဲ ဝမ်းမြောက်မိပါတယ်။ ဆုလက်ဆောင်တွေကလည်း အရင်ကထက် ပိုပြီးများပြားကောင်းမွန်လာတဲ့အပြင် ကံစမ်းမဲအစီအစဉ် မှာ ပါဝင်ဖို့လည်း ပိုမိုလွယ်ကူလာပါပြီ။ ဒါ့အပြင် iPhone X ကံထူးသူတွေလည်း MPT ရဲ့ မြန်နှုန်းမြင့် 4×4 MIMO 4G ကွန်ရက်ရဲ့ ပိုကောင်းတဲ့ အင်တာနက် အတွေ့အကြုံကိုခံစားနိုင်မှာ ဖြစ်ပါတယ်။ MPT ကိုအသုံးပြုနေကြတဲ့ သူတွေအတွက် အားပေးမှုကို ကျေးဇူးတင်တဲ့အနေနဲ့ နှစ်ကုန် အားလပ်ရက်အချိန်တွေမှာ ဆုကြီးတွေပေးအပ်ရတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် ကံစမ်းမဲ့အစီအစဉ်မှာ မြန်မြန်ပါဝင်ကြဖို့ ကျွန်တော်တို့မျှော်လင့်ပါတယ်” ဟု ပြောကြားခဲ့ သည်။

MPT အသုံးပြုသူများအနေဖြင့် ပျော်ရွှင်ကံထူး နှစ်သစ်ကူး အထူးကံစမ်းမဲ အစီအစဉ်နှင့် ပတ်သက်၍ အသေးစိတ် သိရှိလိုပါက Customer Care Service ဖုန်းနံပါတ် (၁၀၆)သို့ ဆက်သွယ်မေးမြန်းနိုင်မည် ဖြစ်ပါသည်။