×

MPT မှ ပြန်လည်ဆန်းသစ်ပေးလိုက်သည့် Social Pack အသစ်ဖြင့် မြန်မာနိုင်ငံ၏ လူကြိုက်အများဆုံး ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းများကို 1MB လျှင် တစ်ကျပ်နှုန်းဖြင့် စတင်အသုံးပြုနိုင်ပြီ

02 Oct 2017

(ရန်ကုန်၊ အောက်တိုဘာ ၂ ရက် ၊ ၂၀၁၇ ခုနှစ်) _ မကြာမီရောက်ရှိလာမည့် သီတင်းကျွတ်ပွဲတော်ရက်များ မတိုင်မီ MPT က ၎င်း၏ တန်ဖိုးရှိလှသော သုံးစွဲသူများကို ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် နာမည်ကျော် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်းဖြစ်သော Instagram ကို ပြည်တွင်းရှိအော်ပရေတာများထဲတွင် စျေးအသက်သာဆုံးအဖြစ် ၁ မီဂါဘိုက်လျှင် တစ်ကျပ်နှုန်းဖြင့် အသုံးပြုနိုင်စေမည့် ဆန်းသစ်ထားသော Social Pack အစီအစဉ်ကို အောက်တိုဘာလ (၃) ရက်မှစတင်၍ ဆောင်ရွက်ပေးလိုက်ပြီဖြစ်ကြောင်း ယနေ့ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ယခုလို Instagram ကို မိတ်ဆက်ခြင်းနှင့်အတူ ဆန်းသစ်လိုက်သည့် Social Pack တွင် ၎င်း၏ အခြားသော အခြားနာမည်ကြီး အက်ပလီကေးရှင်းများ ဖြစ်သော Facebook, LINE နှင့် Viber အက်ပလီကေးရှင်း များကိုပါ မူလနှုန်းထားအတိုင်း စျေးသက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။

MPT ဆွေသဟာ နှင့် ရှယ်ပြော အစီအစဉ်ကိုရယူထားသည့် GSM/WCDMA နှင့် LTE + ကွန်ရက်စနစ်သုံး မိုဘိုင်းလ်ဖုန်းသုံးစွဲသူအားလုံးမှာ ၄င်းတို့၏ မိုဘိုင်းလ် ဆက်သွယ်ရေးပစ္စည်းများပေါ်မှ တစ်ဆင့် ဆိုရှယ်အက်ပလီကေးရှင်းများကို သတ်မှတ်ထားပြီးသား ဒေတာပမာဏ (fixed data quotas) များဖြင့် ၂၄ နာရီ၊ ရ ရက်၊ ရက် ၃၀ စသည်ဖြင့် စိတ်ကြိုက်ရွေးချယ် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

ဆန်းသစ်လိုက်သည့် Social Pack ဒေတာသတ်မှတ်ချက် ပမာဏများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။

ပြန်လည်ဆန်းသစ်လိုက်သည့် Social Pack အစီအစဉ်
(အောက်တိုဘာလ ၃ရက်)

နေ့စဉ် အပတ်စဉ် လစဉ်
အသုံးပြုနိုင်မည့် အက်ပလီကေးရှင်းများ Facebook, Messenger, Viber, Line & Instagram
ဒေတာ (မီဂါဘိုက်) ၁၉၉ ၉၉၉ ၃၉၉၉
စျေးနှုန်း (ကျပ်) ၁၉၉ ၉၉၉ ၃၉၉၉
ယူရန် *3001# *3002# *3003#

အသုံးပြုနိုင်မည့် ဒေတာသတ်မှတ်ချက်ပမာဏ (data quota) ကျော်လွန်သွားပါက နောက်ထပ် သုံးစွဲမှုများအတွက် မူလအစီအစဉ်ဖြစ်သော သုံးသလောက်ကျသင့်သည့် Pay-As-You-Go သို့မဟုတ် data pack နှုန်းထားအတိုင်း ကျသင့်မည်ဖြစ်သည်။
ဖော်ပြပါစျေးနှုန်းများတွင် ကုန်သွယ်လုပ်ငန်းခွန် ၅% ပါ၀င်ပြီးဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “မြန်မာနိုင်ငံမှာ မိုဘိုင်းလ်ထုတ်ကုန်ပေါ်ကနေ ဆိုရှယ်မီဒီယာအသုံးပြုနှုန်းက အံ့သြစရာကောင်းလောက်အောင် အများအပြား တိုးတက်လာပါတယ်။ မြန်မာနိုင်ငံက မိုဘိုင်းလ်ဖုန်းသုံးစွဲသူ့လူဦးရေ ၄ ယောက်မှာ ၁ ယောက်က အင်တာနက်ကို နေ့စဉ်နဲ့အမျှ အသုံးပြုကြပြီးတော့ အများစုကတော့ သူတို့ရဲ့ လူမှုကွန်ရက်မှာ အများဆုံးအသုံးပြုကြပြီး သူတို့ရဲ့ မိတ်ဆွေတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ချိတ်ဆက်တာတွေအပြင် များပြားလှတဲ့ အင်တာနက် ဝန်ဆောင်မှုတွေကို အရင်ကထက် ပိုမိုအသုံးပြုလာနေကြပါပြီ။ MPT က သုံးစွဲသူတွေရဲ့ တုံ့ပြန်မှုတွေကို အမြဲနားထောင်နေတာ ဖြစ်သလို အခု Facebook, LINE, Viber နဲ့ အခုဆို Instagram တို့လို နာမည်ကျော် ဆိုရှယ်မီဒီယာအက်ပလီကေးရှင်းတွေကို စျေးသက်သက်သာသာနဲ့ အသုံးပြုနိုင်စေဖို့ ကျွန်တော်တို့ရဲ့ Social Pack အစီအစဉ်ကို အသစ်တစ်ဖန်ပြန်လည်ဆန်းသစ်ပြီး ထောက်ပံ့ပေးလိုက်ပါပြီ” ဟု ပြောကြားသည်။

ပြန်လည်ဆန်းသစ်ထားသော Social Pack မှာ ဗုဒ္ဓဘာသာဝင်များ၏ ထူးခြားသည့် သီတင်းကျွတ်မီးထွန်းပွဲဖြစ်သော ဝါကျွတ်ကာလနှင့်တိုက်ဆိုင်စွာပင် မိတ်ဆက်ပေးလိုက်ခြင်းဖြစ်ပြီး မြန်မာ့ပြည်သူများအတွက် မိမိတို့၏ မိတ်ဆွေများနှင့် မိသားစုများတို့နှင့်အတူ အဆိုပါကာလအတွင်း အဆက်အသွယ် မပြတ်ချိတ်ဆက်နိုင်မည်ဖြစ်သည်။

ထို့အပြင် မြန်မာနိုင်ငံ၏ မီးထွန်းပွဲတော်ရာသီကို ဂုဏ်ပြုသည့်အထိမ်းအမှတ်အဖြစ် MPT က ဒီဂျစ်တယ်ဓာတ်ပုံပြိုင်ပွဲကို ကျင်းပပေးသွားမည်ဖြစ်ပြီး ယင်းပြိုင်ပွဲအတွင်း ပါဝင်ယှဉ်ပြိုင်ခြင်းဖြင့် ယခုလိုပွဲတော်ကာလမှာ ၎င်းတို့အတွက် မည်မျှ အဓိပ္ပါယ်ပြည့်ဝစေမည်ကို ဖော်ပြနိုင်စေမည်လည်းဖြစ်ပါသည်။ ပြိုင်ပွဲတွင်ပါဝင်သူများအနေဖြင့် ပြိုင်ပွဲဝင် ဓါတ်ပုံများကို သတ်မှတ်ထားသည့် အွန်လိုင်းပလက်ဖောင်းပေါ်တွင် တင်ရမည်ဖြစ်ကာ ဆုများအဖြစ် နောက်ဆုံးပေါ် iPhone နှင့်အခြားဆုမဲများစွာကို ပိုင်ဆိုင်နိုင်မည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရောက်ယှဉ်ပြိုင်ရန် စာရင်းသွင်းခြင်းနှင့် ပြိုင်ပွဲစည်းကမ်းသတ်မှတ်ချက် အသေးစိတ်အချက်အလက် များကို MPT၏ တရားဝင်ဆက်သွယ်ရေး လမ်းကြောင်းများမှတစ်ဆင့် မကြာမီအချိန်တွင်း ကြေညာပေးသွားမည် ဖြစ်သည်။

“သုံးစွဲသူတွေအနေနဲ့ ကိုယ်နှစ်သက်ရာ ဓာတ်ပုံတွေကို ပြိုင်ပွဲမှာ ဝေမျှဖို့အတွက် စိတ်လှုပ်ရှားနေမယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ သုံးစွဲသူအပေါင်း သီတင်းကျွတ်နဲ့ တန်ဆောင်တိုင်အခါသမယမှာ မင်္ဂလာအပေါင်းနဲ့ပြည့်စုံပြီး ပျော်ရွှင်စေဖို့ MPT က ဆုမွန်ကောင်း တောင်းလိုက်ပါတယ်” ဟု Mr. Umeda က ထပ်လောင်း ပြောကြားခဲ့သည်။