×

MPT မှ မင်းသိင်္ခဗေဒင်၏ တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှုကို အလွန်သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် နှုန်းထားဖြင့် ရယူနိုင်မည်

12 Jun 2019

(ရန်ကုန်၊ ဇွန်လ ၁၂ ရက် ၂၀၁၉ ခုနှစ်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ ဗေဒင်ချစ်သူ ခုနစ်ရက်သားသမီးများအတွက် နေ့စဉ်ဟောစာတမ်းများကို ရယူနိုင်မည့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု အား စတင်မိတ်ဆက်ပေးလိုက်ပြီဖြစ်ကြောင်း သတင်းထုတ်ပြန်လိုက်သည်။ တနင်္ဂနွေ၊ တနင်္လာ၊ အဂါၤ ၊ ဗုဒ္ဓဟူး ၊ ကြာသပတေး ၊ သောကြာ နှင့် စနေ နေ့များတွင်မွေးဖွားကြသော သုံးစွဲသူများအနေဖြင့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု များအား နေ့နံအလိုက် တစ်ရက်လျှင် ၉၉ ကျပ်နှုန်း ဖြင့်ရယူအသုံးပြုနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ဟောစာတမ်းများကို မင်းသိင်္ခဗေဒင် ဝန်ဆောင်မှု အက်ပလီကေးရှင်း သို့မဟုတ် ဝက်ဘ်ဆိုက် https://bit.ly/mtksublty မှတစ်ဆင့် ရယူနားဆင်နိုင်မည်ဖြစ်သည်။
MPT က မင်းသိင်္ခအွန်လိုင်းဗေဒင် ဝန်ဆောင်မှု ကို Bagan Innovation Technology (BiT) Co., Ltd နှင့် ပူးပေါင်း၍ ဖေဖော်ဝါရီ ၁၄ရက်တွင် စတင်မိတ်ဆက်ခဲ့ပြီး မေးခွန်းတစ်ခုလျှင် ၂,၀၀၀ ကျပ် မှ စတင်၍ အရေးကြီးသော လမ်းညွှန်မှုများ၊အကြံပြုချက်များ နှင့် ကြိုတင်ဟောစာတမ်းများအား သင့်တင့် သော ဈေးနှုန်းဖြင့် နေ့စဉ်စာရင်းပေးသွင်းစရာမလိုဘဲ မင်းသိင်္ခအွန်လိုင်းဗေဒင် ဝန်ဆောင်မှုအား မိုဘိုင်းလ်အက်ပလီကေးရှင်း နှင့် အွန်လိုင်းပေါ်တယ် နှစ်မျိုးစလုံးတွင်အသုံးပြုနိုင်ခဲ့ပါသည်။
မင်းသိင်္ခဗေဒင်ဝန်ဆောင်မှုမှာ ဗေဒင်ပညာရပ်တွင် ထူးချွန်ကျော်ကြားသည့် ပညာရှင် ဆရာကြီး မင်းသိင်္ခ၏ တပည့် ဗေဒင်ပညာရှင်များ၏ခန့်မှန်းချက်အပေါ်မူတည်၍ ဆောင်ရွက်ထားခြင်းဖြစ်သည်။ ယခုအခါ MPT အသုံးပြုသူများအနေဖြင့် တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု အား သက်ဆိုင်ရာရက်များအလိုက် တနင်္လာနေ့ မွေးဖွားသူများမှာ “ MON” ၊ အင်္ဂါနေ့မွေးဖွားသူများမှာ “ TUE” ၊ ဗုဒ္ဓဟူးနေ့မွေးဖွားသူများမှာ “ WED” ၊ ကြာသပတေးနေ့မွေးဖွားသူများမှာ “ THU” ၊ သောကြာနေ့မွေးဖွားသူများမှာ “ FRI” ၊ စနေနေ့မွေးဖွားသူများမှာ “ SAT” ၊ တနင်္ဂနွေနေ့မွေးဖွားသူများမှာ “ SUN” တို့ကို သက်ဆိုင်ရာ စာတို ကုဒ်နံပါတ် 8767 သို့ SMS ဖြင့်ပေးပို့ဝယ်ယူနိုင်မည်ဖြစ်သည်။
MPT-KGSM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “သမိုင်းတလျောက်မှာဆိုရင် ဗေဒင်ပညာရပ်ကို အာရှနိုင်ငံတစ်ဝှမ်းကလူအများစုက နက်ရှိုင်းယုံကြည်သလို မြန်မာလူမျိုးတွေအနေနဲ့လည်း နက္ခတ်ဗေဒင်တွေကို တချို့အခြေအနေနဲ့ အရေးကြီးတဲ့အချိန်အခါသမယတွေ မှာ ဓလေ့ထုံတမ်းအစဉ်အလာတစ်ရပ်အနေနဲ့ ယုံကြည်လက်ခံကြတာကို တွေ့မြင်ကြရ မှာ ဖြစ်ပါတယ်။ MPT အနေနဲ့ အခုလို တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု ကို မိတ်ဆက်ရတဲ့အတွက် ဂုဏ်ယူမိသလို မြန်မာလူမျိုးတွေရဲ့ နှလုံးသားထဲကပုံရိပ်ထဲမှာ ဘာတွေရှိလည်းဆိုတာ သိမြင်နားလည်စေဖို့အတွက် များစွာအထောက်အကူ ရရှိမှာ ဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့အလျင်မြန်ဆုံး ကွန်ရက်ကနေတစ်ဆင့် ကျနော်တို့ရဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေ ပိုပိုပြီး အဆင်ပြေချောမွေ့စွာနဲ့ အသုံးပြုနိုင်ဖို့အတွက် ဦးတည်ချက်ထား ပြီးတော့ ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်” ဟု ပြောကြားခဲ့သည်။
Android အသုံးပြုသူများအနေဖြင့် မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု အက်ပလီကေးရှင်းအား Google Play Store မှ ဒေါင်းလုတ် ပြုလုပ်၍သော်လည်းကောင်း မင်းသိင်္ခဗေဒင် ဝန်ဆောင်မှု ဝက်ဘ်ဆိုက် https://bit.ly/mtksublty (သို့) လိုတရ ဝက်ဘ်ဆိုက် https://lotaya.mpt.com.mm/event/225 မှ သော်လည်းကောင်း အသုံးပြုနိုင်မည်ဖြစ်သည်။
အထူးပရိုမိုးရှင်းအစီအစဉ်အဖြစ် မင်းသိင်္ခဗေဒင် ဝန်ဆောင်မှုမှ တစ်နေ့တာ သင့်ကံကြမ္မာ ဝန်ဆောင်မှု ကို ရယူထားသူများအနေဖြင့် ပရိုမိုးရှင်းကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် ဇွန်လ ၁၂ ရက်မှ ၂၀၁၉ ခုနှစ် စက်တင်ဘာလ ၁၁ ရက်အတွင်း (၁) ကျပ်သားတန်ဖိုးရှိ ရွှေဒင်္ဂါးပြား (၃) ပြား နှင့် ၃,၀၀၀ ကျပ်တန် MPT ငွေဖြည့်ကတ် ၁၅၀ ကတ် တို့အား ကံထူးဆု အဖြစ် ရယူနိုင်မည့်အခွင့်အရေးများ ရရှိမည် ဖြစ်သည်။ တစ်လလျှင် ကံထူးဆုအဖြစ် ရွှေဒင်္ဂါးပြား (၁) ပြားနှင့် MPT ငွေဖြည့်ကတ် ၅၀ ကတ် တို့ကို ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ဇွန်လ ၁၂ ရက်မှ ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၁ ရက်အထိ၊ ဒုတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁၂ ရက်မှ သြဂုတ်လ ၁၁ ရက်အထိ နှင့် တတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်၂၀၁၉ ခုနှစ် သြဂုတ်လ ၁၂ ရက်မှ စက်တင်ဘာလ ၁၁ ရက်အထိ သတ်မှတ်ထားပါသည်။ အသေးစိတ်အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုပါက မင်းသိင်္ခဗေဒင်နေ့စဉ်စာရင်းသွင်း ဝန်ဆောင်မှုအတွက် လိုတရပေါ်တယ် https://lotaya.mpt.com.mm/event/225 တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့မဟုတ် မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု၏ Hotline ဖုန်းနံပါတ်ဖြစ်သည့် ၀၁-၉၃၃၉၂၁၆ သို့ခေါ်ဆို၍သော်လည်းကောင်း ၊ MPT၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာhttps://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT၏ တရားဝင် ဝက်ဘ်ဆိုက် http://mpt.com.mm/mm/ (သို့မဟုတ်) မင်းသိင်္ခဗေဒင်ဝန်ဆောင်မှု၏ တရားဝင် ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mintheinkhaofficialapp/ တို့တွင် ဝင်ေရောက်ကြည့်ရှုစုံစမ်းနိုင်ပါသည်။