×

MPT မှ မိုဘိုင်းဖုန်း သုံးစွဲသူများအတွက် ထပ်ဆောင်းဝန်ဆောင်မှုများကို ထပ်မံတိုးချဲ့ပေး

21 Dec 2015

ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၁၈ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က သုံးစွဲသူများအတွက် ထပ်ဆောင်းဝန်ဆောင်မှုများ (Value Added Services)ကို ထပ်မံတိုးချဲ့ပြီးဝန်ဆောင်မှုပေးတော့မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၀ ရက်နေ့မှ စ၍ MPT ၏ GSM နှင့် WCDMA သုံးစွဲသူများအားလုံးသည် MPT နှင့်ပူးပေါင်းလုပ်ဆောင်သည့် တွဲဖက်ကုမ္ပဏီများမှ ဝန်ဆောင်မှုအသစ်များကို ရယူနိုင်တော့မည်ဖြစ်သည်။

အဆိုပါထပ်ဆောင်းဝန်ဆောင်မှုများကို ရယူလိုပါက မိမိနှစ်သက်ရာဝန်ဆောင်မှုကိုရည်ညွှန်းထားသော service code ကိုရိုက်နှိပ်ကာ သက်ဆိုင်ရင် ၀န်ဆောင်မှုပေးသောကုမ္ပဏီသို့ short code အသုံးပြုကာ စာတိုပေးပို့ခြင်းဖြင့်ဝန်ဆောင်မှုကို ရယူနိုင်ပါသည်။ App တစ်ခုချင်းစီကို စတင်သုံးစွဲရန်အတွက် ဝန်ဆောင်ခနှုန်းထားမှာလည်း မိုဘိုင်းဖုန်းသုံးစွဲသူများကြိုက်နှစ်သက်သော စျေးနှုန်းသာကျသင့်မည်ဖြစ်ပါသည်။

“ ခုခေတ်မှာလူတွေက မိုဘိုင်းဖုန်းတစ်ခုထဲကို အမျိုးစုံအသုံးပြုနေကြပါတယ်၊ ဖုန်းခေါ်တယ်၊ စာပို့တယ်၊ အီးမေးလ် သုံးတယ်၊ ဓာတ်ပုံရိုက်တယ်၊ နှိုးစက်နာရီသုံးတယ်၊ မှတ်စုတွေရေးတယ်၊ အချိန်းအချက်တွေ ရက်တွေ မှတ်ကြတယ်၊ ဂိမ်းတွေဆော့ကြတယ်၊ ဒါကြောင့်လည်း မြန်မာ့ဆက်သွယ်ရေးအနေနဲ့ သုံးစွဲသူတွေ ပိုပြီး သုံးလို့ရမဲ့ ပျော်စရာကောင်းတဲ့ ရွေးချယ်မှုအသစ်တွေကို ထပ်ပေးချင်ပါတယ်၊ ဥပမာ- အိပ်မက်ကျမ်းလိုဟာမျိုးတို့၊ အသုံးအရမ်းတည့်တဲ့ အရေးပေါ် ရှေးဦးသူနာပြုစုနည်းတွေနဲ့ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေမျိုးတွေလည်း ပေးထားပါတယ်၊” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ပြောသည်။

ဤထပ်ဆောင်းဝန်ဆောင်မှုများကိုပေးရန်အတွက် MPT သည် ပြည်တွင်းကုမ္ပဏီ ၃ ခုနှင့် ရွေးချယ်ထားပြီး အဆိုပါကုမ္ပဏီများမှာ Golden TMH Telecom Company Limited၊ Contents Hub Co., Ltd. နှင့် King Royal Technologies Company Limited တို့ ဖြစ်ကြသည်။ MPT မှ အဆိုပါထပ်ဆောင်းဝန်ဆောင်မှုများကို MPT ၏ ၀န်ဆောင်မှုကို အသုံးပြုသူများအတွက် နှစ်သက်ဖွယ်ရာ ခေါင်းစဉ်အမျိုးအစားပေါင်းများစွာကို ဆက်လက်ပြီး ၀န်ဆောင်မှုများ ပေးဆောင်သွားမှာ ဖြစ်ပါသည်။ အသေးစိတ်သိရှိလိုသူများ သက်ဆိုင်ရာ website များသို့ သွားရောက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

ကုမ္ပဏီအမည်SMS နံပါတ်Website၀န်ဆော်ငမှုစတင် မည့်နေ့
King Royal Technologies Company Limited8503http://zapp.com.mm20th Dec
Golden TMH Telecom Company Limited8302http://www.clickhere.com.mm22nd Dec
Contents Hub Co., Ltd.8405http://www.contentshub.com/21st Dec

ဝန်ဆောင်မှုအကြောင်းများ

Golden TMH Telecom Company Limited

အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာနည်းလမ်းများအသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ နည်းလမ်းများ (လက်ရှိအလုပ်တွင် တည်မြဲရေး သို့မဟုတ် အသစ်ရှာဖွေရေး)
ငွေကြေးဆိုင်ရာနည်းလမ်းများနေ့စဉ်ဝင်ငွေအပေါ်တွင် မည်သို့ခန့်ခွဲမည် မည်သို့စုဆောင်းမည် စသည့်လွယ်ကူသည့် နည်းလမ်းများ
ရှေးဦးသူနာပြုနည်းလမ်းများထိခိုက်ဒဏ်ရာအမျိုးမျိုးနှင့် ဖျားနာမှုများအတွက် မည်သို့ပြုစုလုပ်ကိုင်ရမည်ဆိုသည့် လွယ်ကူသည့်နည်းလမ်းများ
ကျန်းမာရေးဆိုင်ရာနည်းလမ်းများကျန်းမာစေရန်မည်သို့ နေထိုင်ရမည်ဆိုသည့် အထောက်အကူပြုနည်းလမ်းများ
ကြံ့ခိုင်ရေးဆိုင်ရာ နည်းလမ်းများအမှန်တကယ်ပျော်ရွှင်စရာဖြစ်ပြီး နေ့စဉ်လုပ်ဆောင်နိုင်မည့် ကျန်းမာရေးလေ့ကျင့်ခန်းများ
ချစ်မှုရေးရာကဏ္ဍချစ်သူနှစ်ဦးကြားအဆင်ပြေစေရန် မည်သို့ပြုမူလုပ်ဆောင်ရမည်စသည့် ချစ်မှုရေးရာအကြံဉာဏ်များ
အိပ်မက်ကျမ်းအိပ်မက်များကို အဓိပ္ပါယ်ပြန်ပေးနိုင်သည့် အိပ်မက်ကျမ်း

Contents Hub Co., Ltd.

မိုဘိုင်းဖုန်းပေါ်မှာမေးခွန်းလေး တွေဖြေရင်းခရီးထွက်မယ်ခရီးသွားခြင်းဆိုင်ရာဗဟုသုတမေးခွန်းများကိုဖြေဆိုရင်းခရီးသွားဆု လက်မှတ်များ ရရှိနိုင်မည့်ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ဆရာဇင်ယော်နီ၏ဂဏန်းဗေဒင်နေ့စဉ်ဟောစာတမ်းမိမိကံကြမ္မာကိုသိရှိလိုသောသူများအတွက် ဆရာဇင်ယော်နီ၏ ဗေဒင်ဟောစာတမ်း ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
ဒေါက်တာစောယုနွယ်၏ရာသီခွင် ဟောစာတမ်းမိမိကံကြမ္မာကိုသိရှိလိုသောသူများအတွက်ဆရာမဒေါက်တာဒေါ်စောယုနွယ်၏ဗေဒင်ဟောစာတမ်းဝန်ဆောင်မှု တစ်ခုဖြစ်ပါသည်။
ဘဝနေထိုင်မှုအတွက်အကောင်း ဆုံး နည်းလမ်းများလူနေမှုဆိုင်ရာအသိပေးလမ်းညွှန်မှုများကိုကြိုက် နှစ်သက်သူများအ တွက်ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။
အနုပညာကြယ်ပွင့်များ နှင့် စူပါ မော်ဒယ်လ်များ၏ လတ်တလောလှုပ်ရှားမှုဗွီဒီယိုများအနုပညာကြယ်ပွင့်များ၏လတ်တလောအနုပညာလှုပ်ရှားမှုနောက်ဆုံးရသတင်းများအားဗွီဒီယို ဖိုင်များဖြင့်ရရှိနိုင်မည့်ဝန်ဆောင်မှုတစ်ခုဖြစ်ပါ သည်။
တောင်သူများလက်စွဲမိုဘိုင်းသတင်းဝန်ဆောင်မှုတောင်သူဦးကြီးများအားစိုက်ပျိုးရေးဆိုင်ရာ သတင်းအချက်အလက်များအားသိရှိနိုင်စေရန်ဝန်ဆောင်မှုပေးသွားမည်ဖြစ်ပါသည်။
သက်ဝင်လှုပ်ရှားအားကစား ဝန်ဆောင်မှုပြည်တွင်း၊ပြည်ပမှအားကစားသတင်းများအားဝန်ဆောင်မှုပေးသွားမည် ဖြစ်ပါသည်။

King Royal Technologies Company Limited

ZAPPZed မှ ပြုလုပ်ထားသည့် application များအားလုံးကို ရယူနိုင်မည့် app၊ အခမဲ့ရယူနိုင်သည့်အရာများ ဆုကြေးများစွာကိုလည်း ရယူနိုင်သည်
စီးပွားရေးဆိုင်ရာ အချက်အလက်များစီးပွားရေးဆိုင်ရာဝန်ဆောင်မှုများ (နည်းလမ်းများ၊ စီးပွားရေးအခွင့်အလမ်းများ၊ အသက်မွေးဝမ်းကြောင်းမှုသတင်းများ၊ အိမ်ခြံမြေသတင်းများ၊ ကား)
ဟာသမြန်မာနှင့်သက်ဆိုင်သော ဟာသများ အခြားနယ်ပယ်များမှ ဟာသများ
အဆိုအမိန့်များမြန်မာဘာသာပြန်ဆိုထားသည့် ဘာသာရေးဆိုင်ရာ အချစ်ရေးဆိုင်ရာနှင့် ကျော်ကြားသော အဆိုအမိန့်များနှင့် စကားပုံများ
MyFreeရှိနေပြီးသား မိုဘိုင်းအချက်အလက်များကို အခမဲ့ဒေါင်းလုပ်ရယူနိုင်မည့် အခမဲ့ဝန်ဆောင်မှု၊ ဥပမာ- နောက်ခံပုံများ၊ ဖုန်းမြည်သံသီချင်းများ
သတင်း (အထွေထွေ)မြန်မာနိုင်ငံရေးရာသတင်းများ၊ ပြည်တွင်းသတင်းများ၊ ဥပမာ- နိုင်ငံရေး၊ ပြည်တွင်းရေးရာ၊ နည်းပညာ၊ နိုင်ငံတကာဆက်ဆံရေး၊ ခရီးသွား
သတင်း (ဖျော်ဖြေရေး)ပြည်တွင်းပြည်ပ ဖျော်ဖြေရေးသတင်းများ၊ ဥပမာ- အတွင်းရေးသတင်းများ၊ အနုပညာရှင်များ၏ နောက်ဆုံးသတင်းများ၊ နောက်ဆုံးထွက်သီချင်းများ ရုပ်ရှင်များ၊ ဖျော်ဖြေပွဲများ
သတင်း (အားကစား)ပြည်တွင်းနှင့် နိုင်ငံတကာ ဘောလုံးအသင်းများမှ သတင်းများအပါအဝင် အားကစားသတင်းများ

ထပ်ဆောင်းဝန်ဆောင်မှုများကိုု အသေးစိတ်သိရှိရန် ဤနေရာတွင်နှိပ်ပါ။