
MPT မှ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို ယခုလအတွင်း မြို့နယ်ပေါင်း ၂၅၀ ကျော် တွင် အောင်မြင်စွာ ဖြန့်ကျက်နိုင်ခဲ့
14 Nov 2018(ရန်ကုန်၊ ၂၀၁၈ခုနှစ် နိုဝင်ဘာ ၁၄ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT သည် ၎င်း၏ မြန်နှုန်းမြင့် LTE+ ကွန်ရက်ကို မြို့နယ်ပေါင်း ၄၀ တွင် ယခုလအတွင်း ထပ်မံချိတ်ဆက်နိုင်ခဲ့ပြီး တစ်နိုင်ငံ လုံးအတိုင်းအတာအရ စုစုပေါင်း မြို့နယ် ၂၅၆ မြို့နယ်သို့ လွှမ်းခြုံထားနိုင်ခဲ့ပြီဖြစ်သည်။
MPT-KSGM Joint Operations မှ စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက မြို့နယ်ပေါင်း ၂၀၀ ကျော်ကို ဖြန့်ကျက်လွှမ်းခြုံနိုင်ခဲ့ရာကနေ အခုလမှာ မြို့နယ် ပေါင်း ၂၅၀ ကျော်အထိ အောင်မြင်စွာဖြန့်ကျက်နိုင်ခဲ့တဲ့အပေါ် ကျွန်တော်တို့အနေနဲ့ များစွာပဲ ပျော်ရွှင်မိပါတယ်။ အခုဆို အသစ်ထပ်မံတိုးချဲ့လိုက်နိုင်တဲ့ မြို့နယ်ပေါင်း ၄၀ က မိုဘိုင်းလ်ဖုန်းသုံးစွဲသူတွေဟာ လျင်မြန် မြန်ဆန်တဲ့ 4×4 MIMO စနစ်သုံး 4G LTE+ ကွန်ရက်ပေါ်ကနေ သူတို့ရဲ့မိတ်ဆွေ၊ မိသားစုတွေနဲ့ချိတ်ဆက်နိုင်မယ့်အပြင် လူမှုကွန်ရက်တွေသုံးတဲ့နေရာမှာဖြစ်စေ၊ လုပ်ငန်းအတွက်ဖြစ်စေ၊ Download ၊ Upload လုပ်ကြတဲ့အခါမှာဖြစ် စေ၊ သူတို့ဖုန်းတွေပေါ်ကနေ ဖျော်ဖြေရေးဝန်ဆောင်မှုတွေကို တိုက်ရိုက်ကြည့်ရှုမှုတွေကို လုပ်ဆောင်နိုင်တော့ မှာပါ။ ကျွန်တော်တို့ရဲ့ MPT အဖွဲ့သားတွေအနေနဲ့ အခုလို ခေတ်မီမြန်ဆန်တဲ့ ကွန်ရက်ကနေတစ်ဆင့် မြန်မာ နိုင်ငံသားတွေကို ဆက်သွယ်ရေးဝန်ဆောင်မှုတွေနဲ့ပတ်သက်ပြီးပေးအပ်နိုင်ဖို့ရာ MPT အနေနဲ့ အမြဲတမ်း ဝီရိယထား ကြိုးစား လုပ်ဆောင်နေပါတယ်” ဟု ပြောကြားသည်။
အထက်ပါ သတင်းထုတ်ပြန်ချက်အရ MPT မှ LTE+ ကွန်ရက် ဖြန့်ကျက်ချိတ်ဆက်မှုကို လျင်လျင်မြန်မြန်ဖြင့် ဆက်တိုက်လုပ်ဆောင်လျက်ရှိပြီး ယခု ၂၀၁၈ခုနှစ် အကုန်တွင် တစ်နိုင်ငံလုံးအတိုင်းအတာရှိ မြို့နယ်ပေါင်း ၃၀၀ ကျော်အထိ လွှမ်းခြုံနိုင်ရန်ဆောင်ရွက်သွားမည်ဖြစ်သည်။ အသစ်ထပ်မံဖြန့်ကျက်နိုင်ခဲ့သည့် မြို့နယ် ၄၀ မှာ အောက်ပါအတိုင်းဖြစ်ပါသည်။
ပြည်နယ်/တိုင်း | မြို့နယ် |
မန္တလေး | ကျောက်ပန်းတောင်း |
မလှိုင် | |
မကွေး | ရေစကြို |
နတ်မောက် | |
စလင်း | |
အောင်လံ | |
ချောက် | |
မင်းတုန်း | |
မြိုင် | |
ဆော | |
ဆင်ပေါင်ဝဲ | |
ထီးလင်း | |
ငဖဲ | |
ရေနံချောင်း | |
ပွင့်ဖြူ | |
စစ်ကိုင်း | ဟုမ္မလင်း |
အရာတော် | |
ကလေးဝ | |
ကနီး | |
ထီးချိုင့် | |
ယင်းမာပင် | |
တနင်္သာရီ | ဘုတ်ပြင်း |
ကရင် | လှိုင်းဘွဲ့ |
ဖာပွန် | |
ရခိုင် | ကျောက်ဖြူ |
မာန်အောင် | |
ဂွ | |
ကချင် | ရွှေဂူ |
မံစီ | |
မိုးကောင်း | |
မိုးမောက် | |
မွန် | ချောင်းဆုံ |
ရှမ်း (အရှေ့) | မိုင်းယန်း |
ရှမ်း (မြောက်) | ကွတ်ခိုင် |
နမ့်ဆမ် | |
မိုးမိတ် | |
သိန္နီ | |
လောက်ကိုင် | |
မဘိမ်း | |
နောင်ချို |
အခုလို အဆင့်မြှင့်တင်လိုက်တဲ့ အင်တာနက်မြန်နှုန်းတွေကို အသုံးပြုပြီး ကွန်ရက်ဖြန့်ကျက်ထားတဲ့မြို့နယ်တွေ မှာ နေထိုင်ကြတဲ့ သုံးစွဲသူတွေက မကြာသေးမီကမှ အသစ်ထပ်မံပေးအပ်ထားတဲ့ ငါးဆအပိုရမယ့် ကျွန်တော်တို့ ရဲ့ ထောဘီ ပရိုမိုးရှင်းအသစ်ကို သုံးပြီး အင်တာနက်အသုံးပြုရာမှာ စိတ်ကြိုက်အသုံး ပြုနိုင်တော့မှာဖြစ်သလို ဒေတာအတွက် အထူးဆောင်ရွက်ပေးထားတဲ့ အမျိုးမျိုးသော Data Carry Plus ပက်ကေ့ချ်တွေကို အသုံးပြုပြီး မြန်မာနိုင်ငံရဲ့ ဦးဆောင်မိုဘိုင်းလ်ကွန်ရက်ကို ပျော်ပျော်ကြီး ခံစားသုံးစွဲနိုင်ကြပါပြီ” ဟု Mr. Reizo Umeda က ထပ်လောင်း ပြောကြားသည်။
LTE+ ကွန်ရက်ဖြန့်ကျက်ချိတ်ဆက်ထားသည့် မြို့နယ်များနှင့် အခြားသောစိတ်လှုပ်ရှားဖွယ်ရာ ပရိုမိုးရှင်း ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ခေါ်ဆိုခြင်း (သို့) MPT ၏ ဝက်ဘ်ဆိုက် www.mpt.com.mm နှင့် တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက် လေ့လာကြည့်ရှုနိုင်ပါသည်။