×

MPT မှ မြန်မာနိုင်ငံသားများအတွက်ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုများကို ဆောင်ယူလာ

26 Jun 2019

(ရန်ကုန် – ၂၈ရက် ဇွန်လ ၂၀၁၉) MPT အနေဖြင့် တီထွင်ဆန်းသစ်မှုရှိသည့် VAS ဝန်ဆောင်မှုများကို ပြည်တွင်း၊ ပြည်ပရှိ မိတ်ဖက်များဖြင့် ပူးပေါင်း၍ အသုံးပြုသူများ၏ လူမှုဘဝကို ပိုမိုတိုးတက် ကောင်းမွန်စေနိုင်ရန် သတင်းအစီအစဉ် များ၊ ဖျော်ဖြေရေး၊ ဂီတ၊ ကျန်းမာရေး၊ အားကစား၊ ဗေဒင်၊ အစရှိသည့် ကဏ္ဍများအပါအဝင် ဝန်ဆောင်မှုများကို ဈေးနှုန်း သက်သာစွာ ဝန်ဆောင်မှုပေးလျက် ရှိပါသည်။ ယနေ့အချိန်တွင် MPT အနေဖြင့် နိုင်ငံအဝှမ်းရှိ အလျင်မြန်ဆုံးနှင့် အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေး ကွန်ရက်မှတစ်ဆင့် ယင်း၏ တန်ဖိုးထပ်ဆောင်းဝန်ဆောင်း ထားသည့် ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုအား ယနေ့ စတင်မိတ်ဆက်လိုက်ပြီဖြစ်ပါသည်။ ရွှေနားဆင် အသံစာအုပ် ၊ Smart Kids ပေါ်တယ် ဝန်ဆောင်မှု၊ M-Learning ပေါ်တယ်ဝန်ဆောင်မှုနှင့် တက်လမ်းအွန်လိုင်းပညာရေး ဝန်ဆောင်မှု စသည်တို့ပါဝင်သည့် ပညာရေးပလက်ဖောင်းပေါ်မှ တစ်ဆင့် လူငယ်လူရွယ် များထံသို့ မိုဘိုင်းဝန်ဆောင်မှု အတွေ့အကြုံများကို ပေးအပ်လျက်ရှိကာ သုံးစွဲသူများအနေဖြင့်လည်း ပိုမိုကျယ်ပြန့်သည့် ဒီဂျစ်တယ်ပညာရေး ပလက်ဖောင်းကို ရယူအသုံးပြုနိုင်ကြမည်လည်း ဖြစ်ပါသည်။
ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှု
ရွှေနားဆင် အသံစာအုပ် ဝန်ဆောင်မှုသည် MPTနှင့် ပြည်တွင်းဖြစ် သတင်းနည်းပညာ ကုမ္ပဏီတစ်ခုဖြစ်ပြီး တီထွင်ဖန်တီးမှုရှိသည့် ရှေ့ဆောင် ကုမ္ပဏီတစ်ခု လည်းဖြစ်သော Bagan Innovation Technology ကုမ္ပဏီလီမိတက် တို့အကြား ပူးပေါင်းဆောင်ရွက်ထားသည့် ဝန်ဆောင်မှုတစ်ခုဖြစ်ပါသည်။ အဆို ပါ ဝန်ဆောင်မှုတွင် MPT အသုံးပြုသူများအတွက် သီးသန့်ဖန်တီးထားသည့် အသံစာအုပ် များအား မိုဘိုင်း App မှ သော်လည်းကောင်း၊ http://www.shwenarsin.com မှသော်လည်းကောင်း ဝင်ရောက်နားဆင်နိုင်မည်ဖြစ်ပြီး၊ နာမည်ကျော်စာရေးဆရာများနှင့် အသံဖြင့်အသက်မွေးသူူများမှ ဖတ်ပြထားသည့် နာရီ ၃၀၀ ကျော်စာ စာပေများကို နားဆင်နိုင်မည်ဖြစ်သည်။ ယခုဝန်ဆောင်မှုတွင် ဝတ္ထုတိုပေါင်း ၆၅၀ ကျော်နှင့် ဝတ္ထုရှည်ပေါင်း ၃၀ ကျော်ကို အသံဖြင့်နားဆင်နိုင်ကြမည် ဖြစ်ပါသည်။ အဆိုပါစာအုပ်များတွင်၊ ခရီးသွားစာပေ၊ ဘာသာပြန်၊ စီးပွားရေး၊ တိုးတက်ရေး၊ အချစ်၊ ဆောင်းပါး၊ သဲထိတ်ရင်ဖို ၊ သူရဲတစ္ဆေ စသည့် အကြောင်းအရာများစွာ ပါဝင်မည်ဖြစ်ပြီး စာဖတ်ဝါသနာပါသူများအနေဖြင့် မျက်စိပင်ပန်းစရာ မလိုဘဲ၊ အခြားအလုပ်များ လုပ်နေရင်းမှာပင် မိမိနှစ်သက်ရာ စာအုပ်များကို နားဆင်နိုင်ကြပြီ ဖြစ်ပါသည်။
အဆိုပါ အသံစာအုပ် များကို နားဆင်လိုပါက MPT အသုံးပြုသူများအနေဖြင့် 8536 ကို ON ဟု SMS ပေးပို့ပြီး အသံစာအုပ် အားလုံးကို ဈေးနှုန်းသက်သာသည့် နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ ကျပ် (အခွန်ပါဝင်ပြီး) ဖြင့် နားဆင်နိုင် မည် ဖြစ်ပါသည်။ ယင်းတို့ကို ရွှေနားဆင် အသံစာအုပ်မိုဘိုင်းအက်ပလီကေးရှင်း တွင် နားဆင်နိုင်သလို၊ http://www.shwenarsin.com မှလည်း နားဆင်နိုင်မည် ဖြစ်ပါသည်။
MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda မှလည်း MPT ၏ တန်ဖိုးထပ်ဆောင်းဝန်ဆောင်မှုအသစ်ဖြစ်သည့် ဒီဂျစ်တယ်ပညာရေးဝန်ဆောင်မှုနှင့် ပတ်သက်ပြီး စိတ်လှုပ်ရှားစွာ ကြိုဆိုစကားပြောခဲ့ရာတွင် “MPT အနေနဲ့ ကျွန်တော်တို့ရဲ့ အသုံးပြုသူတွေအတွက် မိုဘိုင်းဝန်ဆောင်မှုတွေသုံးစွဲတဲ့ အတွေ့အကြုံကောင်းတွေကို ပေးစွမ်းရာမှာ သူတို့ဘဝတွေအတွက် ပိုမိုတိုးတက်ကောင်းမွန်စေတဲ့ ဝန်ဆောင်မှုတွေ၊အချက်အလက်တွေ ကျယ်ကျယ်ပြန့်ပြန့် ရရှိအသုံးပြု နိုင်စေဖို့အတွက် နည်းလမ်းတွေ အမြဲတမ်း ရှာဖွေနေတာ ဖြစ်ပါတယ်။ ပြည်တွင်းပြည်ပကုမ္ပဏီတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဆောင်နေပြီး၊ ဒီကုမ္ပဏီတွေရဲ့ အနာဂတ်ဖွံ့ဖြိုးတိုးတက်မှုနဲ့ တည်ငြိမ်ရေးအတွက် ကူညီဆောင်ရွက်ပေးနေသလို၊ တစ်ချိန်တည်းမှာပဲ တမူထူးခြားတဲ့ ပြည် တွင်းက အသုံးပြုသူတွေရဲ့ အကြိုက်နဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီမယ့် အရည်အသွေးရှိတဲ့ အချက်အလက်နဲ့ဝန်ဆောင်မှု တွေကို ဖန်တီးနိုင်မယ့် အရည်အချင်းကိုလည်း ဖော်ထုတ်ပေးနိုင်ဖို့ အတွက် MPT ကဆောင်ရွက်ပေးနေပါတယ်။ ပညာရေးဟာ လူမှုဘဝဖွံ့ဖြိုးမှုမှာ အင်မတန်မှအရေးပါလှပါတယ်။ ကျွန်တော်တို့ရဲ့ ဒီဂျစ်တယ် ပညာရေး ဝန်ဆောင်မှုဟာဆိုရင် မြန်မာနိုင်ငံက လူငယ်တွေ အတွက် အခွင့်အလမ်းတွေကို အပြည့်အဝ ရရှိလာအောင် ကူညီပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပြီး၊ ကျွန်တော်တို့ရဲ့ 3G/4G LTE ကွန်ရက်ကနေတစ်ဆင့် ပြည်သူတွေရဲ့ ဘဝတွေကို အကျိုးသက်ရောက်မှုရှိပြီး၊ အပြောင်းအလဲတွေ ဖြစ်လာစေမယ့် ထုတ်ကုန်နဲ့ ဝန်ဆောင်မှုတွေကို ဖြန့်ချိပေးနိုင်လိမ့် မယ်လို့မျှော်လင့် ထားပါတယ်”ဟု ပြောကြားခဲ့ပါသည်။

Smart Kids Portal ဝန်ဆောင်မှု

MPT က ကလေးငယ်များအတွက် စွဲမက်စရာကောင်းသည့် ပညာရေး အသိပညာဗဟုသုတ နှင့် ဖျော်ဖြေရေးဆိုင်ရာ ကဏ္ဍစုံလင်ပါဝင်သည့် အွန်လိုင်းပေါ်တယ်လ် တစ်ခုဖြစ်သော My Smart Kids ဝန်ဆောင်မှု ကို ၂၀၁၈ ဒီဇင်ဘာ ၁၂ ရက်နေ့က စတင်မိတ်ဆက်ခဲ့ပြီး၊ ကဏ္ဍအစုံအလင်ပါဝင်သော အဆိုပါဝန်ဆောင်မှုမှတစ်ဆင့် မိဘများအနေဖြင့် ကလေးငယ်များကို ဦးတည်ထားကာ ထုတ်လုပ်ထားသည့် သတင်းအချက်အလက်များနှင့် ပါဝင်သည့် အချက်များကို လုံခြုံသည့် ရင်းမြစ်များမှ ရယူနိုင်မည်ဖြစ်သည်။ My Smart Kids ဝန်ဆောင်မှု အသစ်မှတစ်ဆင့် ကလေးများ ကြိုက်နှစ်သက်စေမည့် ပျော်ရွှင်စရာသီချင်းများ ၊ ပုံပြင်များ၊ အရောင်အသွေးစုံလင်သော ရုပ်ပြများ၊ ရာသီခွင် အကြောင်းအရာများ၊ မှတ်ဉာဏ်စွမ်းရည်အားကောင်းစေမည့် ဉာဏ်စမ်းပဟေဠိများ၊ ကျန်းမာရေးဆိုင်ရာ အကြံပြုချက်များနှင့် ကလေးငယ်များနှင့် ၎င်းတို့၏ မိဘများအတွက် ပညာရေးဆိုင်ရာ အထွေထွေ ဗဟုသုတများ အစရှိသည်တို့အပါအဝင် မိဘများအနေဖြင့် ၎င်းတို့၏ သားသမီးများအတွက် ဦးတည်ထားသည့် လုံခြုံဘေးကင်းသော သတင်းအချက်အလက် နှင့် ဗဟုသုတ ရရှိစေမည့် အစီအစဉ်များကို အသုံးပြုနိုင်မည်ဖြစ်သည်။

စာရင်းသွင်းဆောင်ရွက်ရန် : 8533 သို့ KID ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၀ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : : : www.mysmartkids.com သို့မဟုတ် http://sk.lotayamm.com

M-Learning မိုဘိုင်းလ်ပေါ်တယ် ဝန်ဆောင်မှု

MPT သုံးစွဲသူများအတွက် အင်္ဂလိပ်စာလေ့လာ သင်ယူနိုင်စေရန် ရည်ရွယ်ထားသည့် ထူးခြားဆန်းသစ်သော ပညာသင်ကြားရေး Portal ဖြစ်သည့် M-Learning ကို ၂၀၁၇ ခုနှစ် ဇူလှိုင်လ (၁၇) ရက်က စတင်မိတ်ဆက်ခဲ့ပါသည်။ ဤဝန်ဆောင်မှုတွင် သုံးစွဲသူ၏ အင်္ဂလိပ်စာကျွမ်းကျင်မှုအဆင့် (အခြေခံအဆင့်၊ အလယ်အလတ်နှင့် အဆင့်မြင့်) အပေါ်မူတည်၍ ကဏ္ဍအမျိုးမျိုးခွဲခြားထားသော သင်ခန်းစာမျိုးစုံပါဝင်ပါသည်။
M-Learning မိုဘိုင်းလ် Portal တွင် ကဏ္ဍခြောက်မျိုးပါဝင်ပြီး နောက်ဆုံးပေါ် ဝေါဟာရများ၊ စကားပြောဆိုမှုနှင့် အပြန်အလှန်ပြောဆိုခြင်းဆိုင်ရာ အချက်အလက်များအပြင် အသံထွက်လေ့ကျင့်ရန် အတွက် အကြံပေးချက် အသံနမူနာများ ပါဝင်ပါသည်။
စာရင်းသွင်းဆောင်ရွက်ရန် : 8282 သို့ ON ဟု စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၅၈ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : http://engclass.up.st

တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှု

MPT အနေဖြင့် တက်လမ်းအွန်လိုင်းပညာရေးဝန်ဆောင်မှုကို ၂၀၁၉ ဇွန်လ ၅ ရက်နေ့တွင် စတင်ခဲ့ပြီး ယနေ့ခေတ်မြန်မာလူငယ်များ၏ ပိုမိုတောက်ပသည့်အနာဂတ်ကို ပိုင်ဆိုင်နိုင်ရန်၊ အရည်အချင်းနှင့်အရည်အသွေးပိုမိုတိုးတက်စေရန်အတွက် အမျိုးအစားစုံလင်လှသည့် ပညာရေးဆိုင်ရာ ဗွီဒီယိုများနှင့် သင်ခန်းစာများကို သင်ယူလေ့လာနိုင်မည်ဖြစ်သည်။ အဆိုပါ အွန်လိုင်းပညာရေး ဝန်ဆောင်မှုမှ တစ်ဆင့် မြန်မာလူငယ်၊ ကျောင်းသားကျောင်းသူများသည် ၎င်းတို့သင်ခန်းစာနှင့်ပတ်သက်သည့် သင်ကြားရေး အထောက်အကူပြုနည်းလမ်းများ သာမက စာသင်ခန်းပြင်ပမှနေ၍ ၎င်းတို့သိလိုသည်များကို မိမိတို့ကိုယ်ပိုင်အချိန်များတွင်ပါ လေ့လာနိုင်မည့် အထွေထွေ အင်္ဂလိပ်၊ စီးပွားရေးသုံး အင်္ဂလိပ်၊ ဈေးကွက်စီမံ ခန့်ခွဲမှု၊ အိုင်တီ၊ ကွန်ပျူတာလေ့လာနည်း၊ ပန်းချီ၊ ဂီတ စသည့် ကဏ္ဍအစုံအလင်ပါဝင်သင်သည့် သင်ကြားရေးဗွီဒီယိုများနှင့် သင်ခန်းစာများကို မိမိတို့နှစ်သက်ရာ ဘာသာရပ်အလိုက် ရွေးချယ်သင်ယူလေ့ လာနိုင်မည်ဖြစ်သည်။
စာရင်းသွင်းဆောင်ရွက်ရန် : 8228 သို့ ON ဆိုသည့် စာသားရိုက်နှိပ်ပြီး SMS ပေးပို့ရန်
ဝန်ဆောင်မှုနှုန်းထား : တစ်ရက်လျှင် ၁၀၅ ကျပ် (အခွန်ပါဝင်ပြီး)
ဝင်ရောက်ကြည့်ရှုရန် : http://tatlanapp.com or http://tl.lotayamm.com

MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍သော်လည်းကောင်း၊ MPT ၏ တရားဝင် Facebook page ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏ တရားဝင် website ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။