×

MPT မှ မြန်မာပြည်ရှိ Smartphone သုံးစွဲသူများကို ပိုမိုစနစ်ကျလုံခြုံစွာ နှင့် အကျိုးရှိစွာ ကိုင်တွယ်အသုံးပြုတတ်စေရန် MPT Mobile Seminar များ ပြုလုပ်ပေးမည့်အစီအစဉ်

10 Feb 2016

[:en]MPT ၏ အထင်ကရ Branded Store တစ်ခုကို ရန်ကုန်မြို့ဆူးလေဘုရားအနီး ဖွင့်လှစ်
၂၀၁၆ မတ်လကုန်မတိုင်မီဖွင့်လှစ်မည့် အရောင်းပြခန်း ၁၀၀ ကျော်ထဲမှ ပထမဆုံးတစ်ခုဖြစ်သည်

  ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁၀ ရက် Myanma Posts and Telecommunications (MPT), မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ စီးပွားရေးနှင့် လူမှုရေးအချက်အချာဖြစ်သော ရန်ကုန်မြို့တွင် MPT Branded Store တစ်ခုဖွင့်လှစ်ခြင်း အခမ်းအနားကို ယနေ့ကျင်းပပြုလုပ်ခဲ့သည်။ ဆူးလေဘုရားအနီး၊ ဗိုလ်ဆွန်ပက်လမ်းနှင့် မဟာဗန္ဓုလလမ်းထောင့်တွင် တည်ရှိသည့် အဆိုပါအရောင်းပြခန်းသည် ၂၀၁၆ မတ်လကုန်မတိုင်မီဖွင့်လှစ်မည့် အရောင်းပြခန်း ၁၀၀ ကျော်ထဲမှ ပထမဆုံးတစ်ခုဖြစ်ပြီး လက်ရှိသုံးစွဲသူ ၁၈ သန်းကျော်အတွက် ကတ်ပျောက်/ကတ်ပျက်စီးမှုများ ပြန်လည်လျှောက်ထားနိုင်သည့် ဝန်ဆောင်မှုအပါအဝင် အခြားသောလုပ်ငန်းဆိုင်ရာ ဝန်ဆောင်မှုများရယူနိုင်သည့့် MPT ကိုယ်ပိုင်အမှတ်တံဆိပ် အထင်ကရ အရောင်းပြခန်းတစ်ခု ဖြစ်လာမည်ဖြစ်သည်။

မြန်မာပြည်တစ်ဝှမ်းတွင် MPT အရောင်းဆိုင်ပေါင်း ၈ သောင်းကျော်ရှိနေပြီဖြစ်သည့်အပြင် ထိုဆိုင်များတွင် MPT SIM ကတ်များ၊ ငွေဖြည့်ကတ်များ ဝယ်ယူနိုင်ပြီး၊ MPT ၏ ဝန်ဆောင်မှုများနှင့် အထူးအစီအစဉ်များနှင့် ပတ်သက်သည့် သတင်းအချက်အလက်များကိုလည်း ရရှိနိုင်မည်ဖြစ်သည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “MPT က ၂၀၁၆ ခုနှစ်မှာ သုံးစွဲသူအားလုံးအတွက် လုပ်ငန်းဆိုင်ရာဝန်ဆောင်မှုတွေကို မြှင့်တင်သွားဖို့ ရည်ရွယ်ထားပါတယ်၊ ကျွန်တော်တို့က ကွန်ရက်တွေကိုလည်း ချဲ့ထွင်လျက်ရှိပါတယ်။ ဒါ့အပြင် မြန်မာပြည်သူပြည်သား ၉၂% ကိုလည်း 3G ကွန်ရက်ရရှိ သုံးစွဲနိုင်ဖို့ အောင်အောင်မြင်မြင်လုပ်ဆောင်ခဲ့ပြီးဖြစ်ပါပြီ။ အခုဆက်ပြီးတော့လဲ MPT အမှတ်တံဆိပ် အထူးအရာင်းပြခန်းတွေကို ထပ်မံတိုးမြှင့်ဖွင့်လှစ်ပေးမှာဖြစ်ပါတယ်။ ဒီနှစ် မတ်လကုန်မတိုင်မီမှာ MPT Branded Store ပေါင်း ၁၀၀ ကျော်ကို ဖွင့်လှစ် သွားပါမယ်။ သုံးစွဲသူတွေကို ကိုယ်တိုင်ကိုယ်ကျ ဝန်ဆောင်မှုပေးတာဟာ အရေးကြီးတဲ့ကိစ္စဆိုတာ ကျွန်တော်တို့ လက်ခံ ထားပါတယ်၊ အခုဖွင့်လှစ်လိုက်တဲ့ ရန်ကုန်မြို့လယ်က အရောင်းပြခန်းဟာ အနီးတဝိုက်က နေထိုင်သူတွေအပြင် နေ့စဉ် ဖြတ်သန်းသွားလာနေသူတွေပါ ဝန်ဆောင်မှုတွေကို အလွယ်တကူ ရယူနိုင်မယ့်နေရာဖြစ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အသစ်ထပ်ဖွင့်လှစ်မယ့် အရောင်းပြခန်းတွေနဲ့ ပတ်သက်တဲ့ သတင်းတွေကို အချိန်နဲ့တပြေးညီသိဖို့ Facebook နဲ့ LINE က MPT တရားဝင်စာမျက်နှာတွေမှာရော၊ MPT website မှာပါ ကြည့်ရှုပြီး မိမိနဲ့အနီးဆုံး အရောင်းပြခန်းကို ရှာဖွေနိုင်မှာဖြစ်ပါတယ်” ဟု ပြောသည်။

၂၀၁၆ မတ်လမကုန်မီ လူစည်ကားရာနေရာများတွင် ဖွင့်လှစ်သွားမည့် MPT အရောင်းပြခန်းအသစ်များ

  • ရန်ကုန်တိုင်းဒေသကြီး – လမ်း ၄၀၊ သင်္ဃန်းကျွန်း၊ ရွှေဂုံတိုင်
  • မန္တလေးတိုင်းဒေသကြီး – အောင်မြေသာဇံမြို့နယ်၊ ပြင်ဦးလွင်၊ ညောင်ဦး၊ မိတ္ထီလာ၊ မြင်းခြံ၊ မိုးကုတ်
  • စစ်ကိုင်းတိုင်းဒေသကြီး – မုံရွာ၊ ထီးချိုင့်၊ ရေဦး
  • ပဲခူးတိုင်းဒေသကြီး – ပဲခူး၊ ပြည်၊ မင်းလှ၊ လက်ပံတန်း၊ ပေါက်ခေါင်း
  • မကွေးတိုင်းဒေသကြီး – မကွေး၊ တောင်တွင်းကြီး၊ ချောက်၊ ပခုက္ကူ
  • ဧရာဝတီတိုင်းဒေသကြီး – ပုသိမ်၊ ဟင်္သာတ၊ ဇလွန်၊ ဘိုကလေး၊ ဖျာပုံ
  • တနင်္သာရီတိုင်းဒေသကြီး – ထားဝယ်၊ မြိတ်၊ ကော့သောင်း၊ ပုလော
  • ကချင်ပြည်နယ် – မြစ်ကြီးနား၊ တနိုင်း၊ ဖားကန့်
  • ကယားပြည်နယ် – လွိုင်ကော်
  • ကရင်ပြည်နယ် – ဘားအံ၊ ကော့ကရိတ်၊ မြဝတီ၊ ကြာအင်းဆိပ်ကြီး
  • ချင်းပြည်နယ် – ဟားခါး
  • မွန်ပြည်နယ် – ကျိုက်ထီးရိုး၊ မုဒုံ၊ သံဖြူဇရပ်၊ မော်လမြိုင်
  • ရခိုင်ပြည်နယ် – စစ်တွေ၊ မောင်းတော၊ သံတွဲ
  • ရှမ်းပြည်နယ် (အရှေ့ပိုင်း) – ကျိုင်းတုံ၊ မိုင်းဆတ်၊ တာချီလိတ်
  • ရှမ်းပြည်နယ် – ( တောင်ပိုင်း ) – တောင်ကြီး၊ ညောင်ရွှေ၊ အေးသာယာ၊ နမ့်ဆန်
  • ရှမ်းပြည်နယ် – (မြောက်ပိုင်း) လားရှိုး၊ မူဆယ်

[:]-