×

MPT မှ မြန်မာပြည်သူပြည်သားများနှင့်အတူ ရန်ကုန်မြို့မိုင်တာကွင်း၌ နှစ်သစ်ကူးညကို ဆင်နွှဲမည်

24 Dec 2015

[:my]ရန်ကုန်၊ မြန်မာ၊ ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က ဒီဇင်ဘာလ ၃၁ ရက်၏ နှစ်သစ်ကူးညတွင် ရန်ကုန်မြို့မိုင်တာကွင်း၌ နှစ်သစ်ကူးကြိုဆိုပွဲကို ဂီတဖျော်ဖြေပွဲများ မီးရှူးမီးပန်းများဖြင့် ကျင်းပမည်ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။ ၂၀၁၆ ခုနှစ်ကို မြန်မာပြည်သူပြည်သားများနှင့် အတူတကွပျော်ရွှင်ဆင်နွှဲနိုင်ရန်အတွက် ပါဝင်လိုသူတိုင်း ဝင်ကြေးအခမဲ့ဖြင့်ပါဝင်နိုင်မည်ဖြစ်သည်။

ဒီဇင်ဘာလ ၃၁ ရက်နေ့၏ ည ၇ နာရီမှစ၍ ရန်ကုန်မြို့ မိုင်တာကွင်း၌ MPT မှစီစဉ်ထားသော ပျော်ရွှင်စရာအစီအစဉ်များကို စတင်မည်ဖြစ်ပြီး ဂီတဖျော်ဖြေမှုများကို နာမည်ကျော်တေးသံရှင်များဖြစ်သည့် ရန်ရန်ချန်း၊ ဂျီ-တုန်း၊ အားတီ၊ ဝေလ၊ အောင်ထက်၊ သားဂန်း၊ Lil’Z၊ ချမ်းအေးဝင်း၊ ဘိုလေး၊ နီနီခင်ဇော်၊ ဝိုင်းလေး၊ ဂျနဗီနှင့် အိမ့်ချစ်တို့မှ ဖျော်ဖြေမည်ဖြစ်သည်။

ဖျော်ဖြေပွဲများပြုလုပ်ကာ ပျော်ရွှင်မှုများရရှိလာသည်နှင့်အမျှ သန်းခေါင်ယံအချိန်တွင် စိတ်လှုပ်ရှားမှုနှင့် တက်ကြွမှုများဖြင့် နှစ်သစ်ကိုကြိုဆိုနိုင်မည်ဖြစ်သည်။ ၁၂ နာရီထိုးသည့်အချိန်တွင် ပါဝင်ဆင်နွှဲသူများသည် လှပဆန်းကြယ်သော မီးရှူးမီးပန်း များကို ကြည့်ရှုခံစားကာ ၂၀၁၆ နှစ်သစ်ကို အလင်းရောင်များ ပျော်ရွှင်မှုများဖြင့် ကြိုဆိုနိုင်မည်ဖြစ်သည်။

“ နှစ်သစ်ကူးညကြိုဆိုပွဲတွေက မြန်မာပြည်မှာလည်း နောက်ပိုင်းခေတ်စားလာတဲ့ ဓလေ့တစ်ခုဖြစ်နေပါပြီ၊ မြန်မာ့ဆက် သွယ်ရေးဟာ မြန်မာပြည်သူတွေအတွက် နှစ်ပေါင်း ၁၃၀ ကျော် ဝန်ဆောင်မှုပေးလာခဲ့ပြီး အခုလည်း အားလုံးနဲ့အတူ နှစ်သစ်ကူးကြိုဆိုပွဲကို ဆင်နွှဲချင်ပါတယ်၊ ၂၀၁၆ မှာလည်း မြန်မာပြည်သူတွေအချင်းချင်းဆက်သွယ်နိုင်ဖို့ ပိုပြီး စိတ်လှုပ်ရှားဖို့ ကောင်းတဲ့ အစီအစဉ်အသစ်တွေကို လုပ်ဆောင်ပေးသွားမှာပါ” ဟု MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က ပြောသည်။

ပွဲတော်ကို ကိုယ်တိုင် လာရောက်ဆင်နွှဲနိုင်ခြင်းမရှိသူများအတွက် MRTV-4, Channel – 7, 4HD နှင့် for Tunes တီဗွီများမှလည်း တိုက်ရိုက်ထုတ်လွှင့်မည်ဖြစ်သည်။ မိုင်တာကွင်းသည် ၆.၄ ဟက်တာ အကျယ်အဝန်းရှိသော မြို့မကွင်းဖြစ်ပြီး ရန်ကုန်မြို့၏ အထိမ်းအမှတ်ဖြစ်သည့် ရွှေတိဂုံစေတီတော်နှင့်လည်း ၂ ကီလိုမီတာသာ ကွာဝေးသည်။

[:]