×

MPT မှ လုပ်ငန်းအတွင်း ကိုဗစ်-၁၉ ရောဂါ ထပ်မံစစ်ဆေးတွေ့ရှိမှု များ အတွက် လိုအပ်သည့် လုပ်ဆောင်မှုများကို ဆောင်ရွက်လျက်ရှိ

31 Oct 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၃၀ ရက်

ပြည်တွင်းရှိ တာဝန်သိလုပ်ငန်းတစ်ခုဖြစ်သည့် MPT သည်ယနေ့တွင် ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်ရှိ စာတိုက်ကြီးရုံး (ဖုန်းဘေလ်ဌာန)  တာဝန်ထမ်းဆောင်လျက်ရှိသည့် ဝန်ထမ်းတွင် ကိုရိုနာဗိုင်းရပ်စ် (ကိုဗစ်၁၉ရောဂါ စစ်ဆေး တွေ့ရှိမှုနှင့် စပ်လျဉ်း၍ လိုအပ်သည့် အချက်အလက်များနှင့် ဆောင်ရွက်ရန်ရှိသည်များကို  နှောင့်နှေးမှုမရှိဘဲ လုပ်ဆောင်လျက်ရှိပြီး အဆိုပါ ဝန်ထမ်းသည် အောက်တိုဘာလ ၂၂ ရက်နေ့အထိ ရုံးတက်ရောက်ခဲ့ကြောင်း ထုတ်ပြန်ခဲ့ပါသည်။

ထို့အပြင် မိမိတို့အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနနှင့်စဥ်ဆက်မပြတ် ဆက်သွယ်ကာ   ထိတွေ့မှု ရှိသူများကို ခြေရာခံခြင်းနှင့် အဆိုပါ ရောဂါကူးစက်မှု တွေရှိရခြင်းနှင့်အတူ ဆက်စပ်နိုင်သည့်  မိမိတို့၏သုံးစွဲသူများနှင့်ဝန်ထမ်းများအား ထောက်ပံ့ ကူညီဆောင်ရွက်သွား မည်ဖြစ်သည်။ အဆိုပါဝန်ထမ်းကို  ရောဂါကုသရေးဌာနသို့လွှဲပြောင်းပို့ဆောင်ခဲ့ပြီး  အပြည့်အဝ ပြန်လည် ကောင်းမွန်နိုင်ရန်အတွက် လိုအပ်သည့် ကျန်းမာရေးစောင့်ရှောက်မှုနှင့်ကုသမှုများကို ဆောင်ရွက် လျက်ရှိပါသည်။ 

အဆိုပါအချိန်မတိုင်မီကပင် MPT Own Shop ဆိုင်များတွင် တိကျခိုင်မာသော ကြိုတင်ကာကွယ်ရေး စီမံဆောင်ရွက်ချက်များ ကို မိမိတို့၏ သုံးစွဲသူများနှင့် ဝန်ထမ်းများ၏  ကျန်းမာရေးနှင့် လုံခြုံစိတ်ချမှုတို့အတွက် ကျယ်ကျယ်ပြန့်ပြန့် အကောင်အထည်ဖော် ကျင့်သုံးခဲ့ပါသည်။ 

မိမိတို့အကောင်အထည်ဖော်ခဲ့သောရောဂါ ကာကွယ်နိုင်ရေး အလေ့အကျင့်ကောင်းများမှာ အောက်ပါအတိုင်းဖြစ်သည်။ 

  • ဆိုင်တွင်တာဝန်ထမ်းဆောင်နေစဥ်အတွင်းပါးစပ်နှင့် နှာခေါင်းစည်း၊ မျက်နှာအကာ အကွယ်တို့ကို ဝတ်ဆင်စေခြင်း 
  • မကြာခဏလက်ဆေးခြင်းနှင့်လူမှုစည်းခြားစနစ်များကျင့်သုံးခြင်း 
  • သုံးစွဲသူနှင့်ဝန်ထမ်းတို့အကြား အကာအကွယ်အလွှာများထားရှိခြင်း (မှန်အကာများ) မိမိတို့၏ ရုံးခန်းများ၊ ဆိုင်များနှင့်၊ ဖယ်ရီများ တွင် သန့်ရှင်းရေးဆောင်ရွက်ခြင်းနှင့်ပိုးသတ်ခြင်း 
  • ဆိုင်များတွင်လက်ဆေးရန်နေရာများထားရှိခြင်းနှင့်မကြာခဏ ကိုယ်အပူချိန်တိုင်းတာခြင်း 
  • အိမ်မှနေ၍အလုပ်လုပ်ကိုင်စေခြင်းအစီအစဉ်အားအကောင်အထည်ဖော်ဆောင်ရွက်ခြင်း 

    မိမိတို့အနေဖြင့် ကိုဗစ်၁၉  နှင့်ပတ်သက်သည့် နောက်ဆုံးရသတင်းများကို အနီးကပ်စောင့်ကြည့်ကာ MoHS  လမ်းညွှန်ချက်များကို အတိအကျလိုက်နာပြီး ဗိုင်းရပ်စ်ပိုးပြန့်နှံ့မှုကို လျော့ကျသွားစေရန်နှင့် နောက်ထပ် ရောဂါကူးစက်မှုများရှိလာပါကလည်း လိုအပ်သည့် ဆောင်ရွက်မှုများကို လုပ်ဆောင်သွားမည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့်လည်း MoHS  လမ်းညွှန်ချက်များကို လိုက်နာပြီး ကိုဗစ်၁၉ ရောဂါပြန့်နှံ့မှုကို လျှော့ချနိုင်ရန် အတူတကွ ပူးပေါင်းဆောင်ရွက်ရန်ကိုလည်း အကြံပြုအပ်ပါသည်။ 

     သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် MPT Own Shop ဆိုင်အများစုကိုခေတ္တပိတ်ထားချိန်တွင် MPT  ဝန်ဆောင်မှုများ ကို သုံးစွဲသူများ အနေဖြင့်  နေအိမ်၌ပင် MPT4U App အသုံးပြုခြင်း၊ MPT Call Center 106 နှင့် MPT Facebook messenger တို့မှတစ်ဆင့် အဆင်ပြေချောမွေ့စွာ ရယူသုံးစွဲနိုင်ပါသည်။ 

    MPTအနေဖြင့် လုံခြုံစိတ်ချရမှုရှိသည့် လုပ်ငန်းဆောင်ရွက်မှုများအားလုံးကို မြန်မာနိုင်ငံတစ်ဝန်း လုံးတွင်ဆက်လက်လည်ပတ် လုပ်ကိုင်လျက်ရှိပြီး “မြန်မာပြည်နှင့်အတူရှိနေမည်” ဆိုသည့် ကတိကဝတ်အတိုင်း အခက်အခဲများနှင့်ရင်ဆိုင်နေရသည့်ကာလများအတွင်း ဆက်သွယ်ရေးဆိုင်ရာ ဝန်ဆောင်မှုများကို ထောက်ပံ့ပေးအပ်လျက်ရှိပါသည်။ 

    ယခုလိုဖြစ်ရပ်များအတွက် မိမိတို့၏ ဝန်ဆောင်မှုကိုသုံးစွဲသူများနှင့် စီးပွားဖက်လုပ်ငန်းများတွင် အဆင်မပြေမှုများ ဖြစ်ပေါ်ခဲ့သည့်အတွက်လည်း တောင်းပန်မှုပြုကာ နားလည်ပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။