×

MPT မှ သုံးစွဲသူများအတွက် ပျော်ရွှင်ဖွယ်ရာ နယ်လှည့်ဖျော်ဖြေရေးပွဲများနှင့် တေးဂီတပွဲများကို မတ်လအတွင်း ကျင်းပသွားမည်

15 Mar 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် မတ်လ ၁၅ ရက်) – MPT သည် နယ်လှည့်ဖျော်ဖြေရေးပွဲများနှင့် တေးဂီတပွဲများကို မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းနှင့် ပြည်နယ် ရ ခုတွင် ယခုလအတွင်း စည်ကားသိုက်မြိုက်စွာ ကျင်းပကာ ပျော်ရွှင် စိတ်လှုပ်ရှားဖွယ်ရာ အခိုက်အတန့်များကို သုံးစွဲသူများထံ ဆောင်ကျဉ်းလာပါတော့မည်။ မြန်မာနိုင်ငံ၏ အကျယ်ပြန့်ဆုံးသော ဆက်သွယ်ရေးမိုဘိုင်းလ်ကွန်ရက်ကိုပိုင်ဆိုင်ထားသည့် MPT ကို တစ်ခဲနက် ထောက်ခံ အားပေးခဲ့ကြသော သုံးစွဲသူမိဘပြည်သူများအား ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT မှ စီစဉ်ကျင်းပခြင်း ဖြစ်သည်။
အဆိုပါတေးဂီတဖျော်ဖြေပွဲများတွင် နာမည်ကျော် အဆိုတော်များဖြစ်ကြသော ဝေလ၊ ဝန၊ အမွန်း၊ နင်ဇီမေ၊ စောထက်နိုင်စိုးတို့က အဓိကဖျော်ဖြေမည်ဖြစ်ပြီး၊ နယ်လှည့်ဖျော်ဖြေရေးပွဲများတွင် ထက်နေခြည်၊ သာဒီးလူ၊ ဇော်မင်းဦးနှင့် ရွှေစင် တို့အပြင် အခြားသောဖျော်ဖြေရေးအနုပညာရှင်များမှဖျော်ဖြေကြမည်ဖြစ်ကာ မြူးကြွသည့် တေးဂီတ စတိတ်ရှိုးများ၊ မျက်လှည့်ပွဲများနှင့် ပျော်ရွှင်ဖွယ်ရာ ဂိမ်းအစီအစဉ်များကို တပျော်တပါး ဖျော်ဖြေတင်ဆက်သွား မည်ဖြစ်သည်။ ထို့အပြင် ပွဲသို့လာရောက်သူပြည်သူများ မိမိတို့၏ ဆင်းမ်ကတ်များကို ပွဲအတွင်း တစ်ပါတည်း မှတ်ပုံတင်နိုင်စေရန်နှင့် MPT ၏ ၀န်ဆောင်မှုများကို ရယူနိုင်စေရန် အထူးအရောင်းပြခန်းများကိုလည်း စီစဉ် ထားရှိသွားမည်ဖြစ်သည်။ ၀င်ကြေးသတ်မှတ်ထားခြင်းမရှိသဖြင့် မည်သူမဆို လာရောက်အပန်းဖြေကြည့်ရှု နိုင်မည် ဖြစ်သည်။
ဖျော်ဖြေရေးပွဲများကို ထားဝယ်၊ ကော့သောင်း၊ မြိတ်၊ ပျဉ်းမနား၊ မုံရွာ၊ ဒလ၊ အောင်လံ၊ ပန်းတောင်း၊ ပြည်၊ ညောင်ရွှေ၊ ကလော၊ ညောင်ဦး၊ ပခုက္ကူ၊ ကန့်ဘလူ၊ ကောလင်းနှင့် ကသာမြို့များအပါအဝင် ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း၊ တနင်္သာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် အသီးသီးကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ကျွန်တော်တို့ရဲ့ သုံးစွဲသူမိဘပြည်သူများရဲ့ စဉ်ဆက်မပြတ် ထောက်ခံအားပေးမှုကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ခုလို ပျော်ရွင်ဖွယ်ကောင်းတဲ့ ဖျော်ဖြေပွဲတွေကို မြန်မာနိုင်ငံတစ်ဝှမ်းက နေရာဒေသအနှံ့အပြားမှာ ဒီလအတွင်း စီစဉ်ကျင်းပပေးတာပဲ ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ဦးဆောင်ဆက်သွယ်ရေးကွန်ရက်ကိုပိုင်ဆိုင်ထားတဲ့ ကျွန်တော်တို့အနေနဲ့ ဒီနေ့လို ရပ်တည်နိုင်ဖို့အတွက် သုံးစွဲသူတွေရဲ့ အခန်းကဏ္ဍက ကြီးကြီးမားမား ပါဝင်ပါတယ်။ ဒါကြောင့်မို့ သုံးစွဲသူတွေအတွက် ရည်ရွယ်စီစဉ်ပေးတဲ့ ဖျော်ဖြေရေးပွဲတွေမှာ ကျွန်တော်တို့နဲ့အတူ ပါဝင်ဆင်နွှဲဖို့ အားလုံးကို ဖိတ်ခေါ်ပါတယ်ဗျာ” ဟု ပြောကြားခဲ့ပါသည်။