×

MPT မှ သုံးစွဲသူများအတွက် အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်ခြင်းဝန်ဆောင်မှုစတင်

29 Oct 2016

MPT ၏ Customer Self Care ဝက်ဆိုဒ်စာမျက်နှာတွင် သုံးစွဲသူများ၏ SIM ကတ်များကို လွယ်ကူစွာ မှတ်ပုံတင်နိုင်ပြီဖြစ်သည်။

(ရန်ကုန်၊ အောက်တိုဘာ ၁၇ ရက်၊ ၂၀၁၆ ခုနှစ်) – MPT မှ သုံးစွဲသူ မိဘပြည်သူများ၏ SIM ကတ်များ အွန်လိုင်းတွင်မှတ်ပုံတင်နိုင်ရန်အတွက် အောက်တိုဘာလ ၁၈ ရက်နေ့မှစတင်ပြီး MPT ၏ Customer Self-Care ဝက်ဆိုက်ဒ်စာမျက်နှာတွင် မိုလ်ဘိုင်းဖုန်း သို့မဟုတ် ကွန်ပျုတာများအသုံးပြုပြီး မှတ်ပုံတင်နိုင်ပြီး ဖြစ်ကြောင်း ထုတ်ပြန်ကြေညာလိုက်သည်။ မှတ်ပုံတင်ခြင်းဝန်ဆောင်မှုကို နိုင်ငံတစ်ဝှမ်းရှိ MPT အမှတ်တံဆိပ် ဆိုင်ခွဲများတွင် လည်းစတင်လုပ်ဆောင်ပေးနေပြီဖြစ်သည်။

မကြာမီရက်များအတွင်း MPT မှပေးပို့မည့် SMS ရရှိသော သုံးစွဲသူများသည် SMS ပါ link မှတစ်ဆင့် Customer Self-Care အွန်လိုင်းစာမျက်နှာတွင် မိုဘိုင်းဖုန်း သို့မဟုတ် ကွန်ပျူတာဖြင့် ပထမဦးစွာ အကောင့် Sign up လုပ်ရမှာဖြစ်ပြီး၊ ထိုမှတဆင့် log in ၀င်ကာ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို အွန်လိုင်းမှ ပြုလုပ်နိုင် မည်ဖြစ်သည်။ တစ်နည်းအားဖြင့် MPT Call Centre ၏ Customer Service ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍လည်း အွန်လိုင်းမှတစ်ဆင့် SIM ကတ်မှတ်ပုံတင်နိုင်မည့် လိုအပ်သည့်အချက်များနှင့် နည်းလမ်းများ ကိုသိရှိနိုင်မည်ဖြစ်သည်။

MPT SIM ကတ်ဖုန်းနံပါတ် ဖြင့် Customer Self-Care တွင် စာမျက်နှာသို့ ဝင်ရောက်ပြီးချိန်တွင် အွန်လိုင်းမှတ်ပုံတင်ခြင်းစတင် ပြီးဖြစ်ကြောင်း အသိအမှတ်ပြုသည့် SMS ကိုပေးပို့သွားမည်ဖြစ်သည်။ MPT အသုံးပြုသူများ အနေဖြင့် မိမိတို့၏ ရှင်းလင်းပြတ်သားသော နိုင်ငံသားစိစစ်ရေးကဒ် သို့မဟုတ် နိုင်ငံခြားသား ဖြစ်ခဲ့ပါက နိုင်ငံကူးလက်မှတ် မိတ္တူ သို့မဟုတ် Scan ဖတ်ထားသည့််ပုံကို အဆင်သင့်ပြုလုပ်ထားရန် လိုအပ်သည်။ ထိုနောက်တွင် သုံးစွဲသူများ အနေဖြင့် အွန်လိုင်းစာမျက်နှာ တွင်မှတ်ပုံတင်ခြင်း ကိုအဆင့်ဆင့် ပြုလုပ်နိုင်ပြီ ဖြစ်သည်။

ထို့အပြင် MPT အမှတ်တံဆိပ်ဆိုင်များတွင် မှတ်ပုံတင်လိုသူများအတွက်လည်း နိုင်ငံသားစိစစ်ရေးကတ် (နိုင်ငံခြားသားများအတွက် နိုင်ငံကူးလက်မှတ်) ယူဆောင်လာရန်လိုအပ်ပြီး MPT အမှတ်တံဆိပ်ဆိုင်များရှိ ဖော်ရွေပျူငှာသော Customer Service အဖွဲ့မှ မှတ်ပုံတင်ရန်အတွက် လိုအပ်သော ပုံစံဖြည့်သွင်းခြင်းများနှင့် လုပ်ငန်းစဉ်များကို ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်သည်။ အနီးဆုံးနေရာရှိ MPT အမှတ်တံဆိပ်ရှိ ဆိုင်များအား ရှာဖွေနိုင်ရန်အတွက် အောက်ဖော်ပြပါ ဝက်ဘ်ဆိုင်ဒ်လင်ခ့်များတွင် အသေးစိတ်ကြည့်ရှု လေ့လာ နိုင်ပါသည်။

www.mpt.com.mm/en/contact-us/where-to-find-us/ (အင်္ဂလိပ်ဘာသာဖြင့်)
https://www.mpt.com.mm/my/contact-us/where-to-find-us/ (မြန်မာဘာသာဖြင့်)

MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ SIM ကတ်များကို မှတ်ပုံတင်ထားခြင်းရှိမရှိကိုလည်း MPT ဝက်ဘ်ဆိုဒ်၏ Customer Self-Care စာမျက်နှာတွင် ဝင်ရောက်စစ်ဆေးနိုင်သည်။

SIM ကတ် များအား ၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်နေ့နောက်ဆုံးထားပြီးမှတ်ပုံတင် ရန်အတွက် ဆက်သွယ်ရေး နှင့် ပို့ဆောင်ရေး ဝန်ကြီးဌာန ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန က သြဂုတ်လတွင် ကြေညာ ထားခဲ့ပြီး ဖြစ်သည်။ SIM card မှတ်ပုံတင်ရခြင်းသည် မိမိတို့၏ SIM ကတ်များ ပျက်စီး ပျောက်ဆုံးခြင်းကို ဖြေရှင်းနိုင်ရန်၊ လုံခြုံရေးဆိုင်ရာကိစ္စရပ်များနှင့် Mobile Money နှင့် ဘဏ်လုပ်ငန်းဆိုင်များ ကို ဝန်ဆောင်မှု ပေးနိုင်ရန်အတွက် ရည်ရွယ်ဆောင်ရွက်ခြင်းဖြစ်သည်။ ဆက်သွယ်ရေးညွန်ကြားမှုဦးစီးဌာန၏ သတ်မှတ်ချက် အရ သတ်မှတ်ရက် မတိုင်မှီ မှတ်ပုံတင်ထားခြင်းမရှိသော SIM ကတ်များအား လာမည့်၂၀၁၇ ခုနှစ် မတ်လကုန်တွင် သုံးစွဲခြင်းအား ယာယီ ရပ်ဆိုင်းသွားမည် ဖြစ်သည်။

“သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကိစ္စကို ကျွန်တော်တို့ဘက်က တတ်နိုင်သမျှ အလွယ်ကူ ချောအမွေ့ဆုံး ဖြစ်စေချင်ပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်း နည်းလမ်းတွေ ပိုမိုလိုအပ်တာကို ကျွန်တော်တို့ နားလည်ထားပြီးဖြစ်ပါတယ်။ ဒါကြောင့် သုံးစွဲသူတွေ ပိုမိုလွယ်ကူသက်သာစေဖို့အတွက် အွန်လိုင်းက တစ်ဆင့်မှတ်ပုံတင်ခြင်း ဝန်ဆောင်မှုကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operation မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။