×

MPT မှ သုံးစွဲသူများ စျေးနှုန်းချိုသာစွာ ဖုန်းခေါ်ဆိုနိုင်ရန် နာရီတိုင်းမှာငါးမိနစ်စာ အစီအစဉ်အား ဝယ်ယူနိုင်သော package အဖြစ်စတင်

09 May 2016

(ရန်ကုန်။ ၂၀၁၆ ခုနှစ် မေလ ၉ ရက်) — မတ်လနှင့် မေလများတွင် ပြုလုပ်ခဲ့သော “နာရီတိုင်းမှာ ငါးမိနစ်စာ” အထူးအစီအစဉ်သည် အောင်မြင် လူကြိုက်များခဲ့သောကြောင့် ယခုအခါတွင် မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း MPT မှ နာရီတိုင်းမှာငါးမိနစ်စာ package ကို စတင်လိုက်ပြီဖြစ်သည်။ ဤ package သည် နာရီတိုင်းမှာ ငါးမိနစ်စာကို နှစ်သက်ကြပြီး စျေးနှုန်းသက်သာစွာဖြင့် ဖုန်းခေါ်ဆိုမှုများကို ပြုလုပ်လိုသော သုံးစွဲသူများ၏ တောင်းဆိုမှုဖြင့် စတင်ခဲ့ခြင်းဖြစ်သည်။

နာရီတိုင်းမှာငါးမိနစ်စာ package ကို ရယူခြင်းအားဖြင့် MPT သုံးစွဲသူများသည် ယင်းအစီအစဉ်၏ သက်တမ်း၏ ရက်ပေါင်း ၃၀ အကျိုးခံစားရရှိမည်ဖြစ်သည်။ ယင်းအားသာချက်မှာ မည်သည့် လိုင်းဖုန်းသို့မဟုတ် မိုဘိုင်းဖုန်းသို့ ခေါ်ဆိုသည်ဖြစ်စေ ပထမဖုန်းခေါ်ဆိုချိန် ၅ မိနစ်စာအတွက်သာ ပုံမှန်ဖုန်းခေါ်ဆိုခနှုန်းထားအတိုင်း ပေးချေရပြီး ကျန်သည့်ခေါ်ဆိုချိန်များအတွက်မူ ၅၅ မိနစ်အထိ အခမဲ့ ပြောဆိုနိုင်မည်ဖြစ်သည်။ ဥပမာ- MPT သုံးစွဲသူတစ်ဦးသည် မိတ်ဆွေထံသို့ သူ၏ MPT ဖုန်းမှ (လိုင်းဖုန်း သို့မဟုတ် မိုဘိုင်း) ၄၅ မိနစ်ကြာဖုန်းခေါ်ဆိုမှုကို ပြုလုပ်ပါက ပထမဖုန်းခေါ်ဆိုချိန် ၅ မိနစ်စာ အတွက်ကျသင့်ငွေ ၁၁၅ ကျပ် (ဖုန်းငွေခွန်မပါ) ပေးရပြီး နောက်ထပ်ကျန်ရှိသော ကြာမြင့်ချိန် မိနစ် ၄၀ အတွက် (ဖုန်းငွေခွန်မပါ ၉၂၀ ကျပ်ဖိုး)ကို အခမဲ့ပြောဆိုနိုင်မည်ဖြစ်သည်။

ယခုတစ်ကြိမ်တွင်မူ နာရီတိုင်းမှာ ငါးမိနစ်စာ ခေါ်ဆိုမှုပုံစံအား MPT ဖုန်းအချင်းချင်းခေါ်ဆိုမှုတိုင်းအတွက် အကျုံးဝင်ပြီး ၂၄ နာရီပတ်လုံး ခေါ်ဆိုနိုင်မည်ဖြစ်သည် (ယခင် နာရီတိုင်းမှာ ငါးမိနစ်စာ အထူးအစီအစဉ် ပြုလုပ်ခဲ့စဉ်က ညနေ ၆ နာရီမှ ည ၁၀ နာရီအတွင်း ခေါ်ဆိုမှုများကို ပုံမှန်စျေးနှုန်းကောက်ခံမှုဖြင့် ကောက်ယူခဲ့သည်)။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “အရင် ပထမတစ်ခါလုပ်ခဲ့တဲ့ နာရီတိုင်းမှာငါးမိနစ်စာ အထူးပရိုမိုးရှင်းအစီအစဉ်က အရမ်းကိုအောင်မြင်ခဲ့ပါတယ်၊ ဒီဟာကို လူကြိုက်များလွန်းတာကြောင့် ကျွန်တော်တို့က သုံးစွဲသူတွေ စျေးသက်သက်သာသာနဲ့ ကိုယ်ချစ်ခင်သူတွေနဲ့ ဖုန်းအကြာကြီးပြောလို့ရနိုင်အောင်ရယ် ကိုယ်ကြိုက်တဲ့အချိန်မှာ ပြောနိုင်အောင်ရယ် ဒီ package ကိုစတင်ခဲ့တာပါ၊ ဒီအစီအစဉ်ကို ရယူဖို့အတွက်ကတော့ သုံးစွဲသူတွေက သတ်မှတ်စျေးနှုန်းနဲ့ပေးချေပြီး subscribe ရယူရမှာပါ” ဟု ပြောသည်။

ဤ Package ကို ၂၀၁၆ ခုနှစ်၊ မေလ ၉ ရက်နေ့မှ ဇူလိုင် ၇ ရက်နေ့အထိ လျှောက်ထားရယူနိုင်မည်ဖြစ်ပြီး MPT ၏ GSM/WCDMA ဖြင့် ဆွေသဟာသုံးစွဲသူတိုင်းသည် *555# ကို ဖုန်းခေါ်ဆိုခြင်းဖြင့် package ကို ရယူနိုင်မည်ဖြစ်ကာ တစ်ခါရယူလျှင် ကျသင့်ငွေ ၁၅၀၀ ကျပ်ကို ပေးဆောင်ရမည်ဖြစ်သည်။

စတင်ရယူချိန်မှ ရက်ပေါင်း ၃၀ အတွင်း သုံးစွဲနိုင်မည်ဖြစ်ပြီး ဆက်လက်သုံးစွဲလိုသူများက Package ထပ်မံဝယ်ယူပြီး သက်တမ်းတိုးဆက်လက်သုံးစွဲနိုင်သည်။ အခြေခံဖုန်းခေါ်ဆိုစနစ်ကို သုံးစွဲနေသူများက ဤ package ကို ရယူလိုလျှင် ပထမဦးစွာ ဆွေသဟာစနစ်သို့ ပြောင်းလဲရမည်ဖြစ်သည်။ ဆွေသဟာသို့ ပြောင်းလဲရန် SMS နံပါတ် 1332 သို့ “SWE” ဟု စာတိုပေးပို့ကာ ပြောင်းလဲပြီး package ကို subscribe ရယူနိုင်သည်။

mpt1[:]