×

MPT မှ သုံးစွဲသူ သန်း ၂၀ ပြည့်မြောက်ခြင်း အထိမ်းအမှတ်အဖြစ် ဆုလက်ဆောင်များပေးအပ်ကာ ကျေးဇူးတုံ့ပြန်

20 May 2016

(ရန်ကုန်။ ၂၀၁၆ ခုနှစ် မေလ ၂၀ ရက်) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ယခုအခါ သုံးစွဲသူပေါင်း သန်း ၂၀ ရှိပြီဖြစ်ပြီး ၄င်း အောင်မြင်မှုအတွက် သုံးစွဲသူတစ်ဦးချင်းစီအား ကျေးဇူးတုံ့ပြန်သောအားဖြင့် MPT သုံးစွဲသူအားလုံး အတွက် ကံစမ်းမဲအစီအစဉ်တစ်ခုကို စတင်တော့မှာဖြစ်ပါသည်။ မေလ ၂၀ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့ အတွင်း ပြုလုပ်မည့် ထိုကံစမ်းမဲအစီအစဉ်ကို ပါဝင်သူတိုင်းသည် ငွေကျပ် ၂ သန်းဖိုး နှင့်ညီမျှသော ဖုန်းငွေဖြည့်ပေးခြင်းကို ရရှိပိုင်ဆိုင်နိုင်မည်ဖြစ်သည်။

ဤကံစမ်းမဲအစီအစဉ်သည် MPT သုံးစွဲသူ မိဘပြည်သူ သန်း၂ဝအတွက် “မိသားစု”ဆန်သော အောင်ပွဲခံခြင်းအထိမ်းအမှတ်ဖြစ်ပြီး သုံးစွဲသူတိုင်းက ကံထူးခွင့်ရရှိနိုင်မည့် အခွင့်အရေးလည်းဖြစ်သည်။ MPT ၏ ကြိုတင်ငွေချေစနစ်သုံးနှင့် ကျသင့်ငွေချေစနစ်သုံး GSM/WCDMA/CDMA သုံးစွဲသူတိုင်း အတွက် အကျုံးဝင်ပြီး SMS နံပါတ် ၂၂၂၂ သို့ “20”ဟု စာတိုပေးပို့လိုက်ရုံဖြင့် ဖုန်းငွေဖြည့်ပေးခြင်းကို ဆွတ်ခူးနိုင်မည့်ကံစမ်းမဲအစီအစဉ်သို့ ပါဝင်ခွင့် ရရှိမည်ဖြစ်သည်။ (အဝင်ဖုန်းခေါ်ဆိုမှု ပိတ်ခံထားရသော၊ သို့မဟုတ် အဝင်/အထွက် ဖုန်းခေါ်ဆိုမှုများ ပိတ်ခံထားရသော SIM ကတ်များလည်း ယခုကံစမ်းမဲအစီအစဉ်တွင် ပါဝင်နိုင်ရန် ငွေပြန်ဖြည့်၍ ပါဝင်နိုင်မည်ဖြစ်သည်)။

အခမဲ့ရရှိမည့် ဖုန်းလက်ကျန်ငွေသက်တမ်းများမှာ-

ဆုကြေးများသက်တမ်း ဆုအရေအတွက်
ကျပ် ၂,၀၀၀,၀၀၀(MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁၀ သိန်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁၀ သိန်း)၅ နှစ်၂၀
ကျပ် ၂၀၀,၀၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ သိန်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ သိန်း)ရက်ပေါင်း ၃၆၀၂၀၀
ကျပ် ၂၀,၀၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ သောင်းနှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ သောင်း)ရက်ပေါင်း ၆၀၂,၀၀၀
ကျပ် ၂,၀၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှု အတွက် ကျပ် ၁ ထောင်နှင့် ဖုန်းအင်တာနက်သုံးစွဲရန် ကျပ် ၁ ထောင်)၁၀ ရက်၂၀၀,၀၀၀
ကျပ် ၂၀၀ (MPT အချင်းချင်းဖုန်းခေါ်ဆိုမှုနှင့် ဖုန်းအင်တာနက်သုံးစွဲရန်)၅ ရက်အခြားစာတိုပေးပို့ကံစမ်းသူများ

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “ပထမဆုံး အနေနဲ့ MPT ကို အစဉ်တစိုက်အားပေးနေကြတဲ့ သုံးစွဲသူတွေမိဘပြည်သူအားလုံးကို ကျေးဇူးတင်ပါတယ်။ MPT ဟာ မြန်မာပြည်ရဲ့ ပထမဆုံးနဲ့ သက်တမ်းအရှည်ကြာဆုံး အော်ပရေတာဖြစ်ပါတယ်၊ အခုဆိုရင် MPT ဟာ ဆက်သွယ်ရေးနယ်ပယ်မှာ ဆန်းသစ်တီထွင်မှုတွေနဲ့အတူ အသုံးပြုသူများအတွက် အကျိုးကျေးဇူးတွေ အများကြီးပါရှိနေပြီး စိတ်ဝင်စားစရာကောင်းတဲ့ အနေအထားမှာ ရှိနေပါပြီ။ ကျွန်တော်တို့ရဲ့ ရှေ့သို့လှမ်းချီမြန်မာပြည် ဆိုတဲ့ဆောင်ပုဒ်အတိုင်း ဖြစ်မြောက်အောင် ကူညီပံ့ပိုးခဲ့ကြတဲ့ သုံးစွဲသူတွေအတွက် ကျေးဇူးတုံ့ပြန်လိုပါတယ်၊ ဒါကြောင့်လည်း ဒီသုံးစွဲသူ သန်း ၂ဝလုံး ပါဝင်ခံစားနိုင်မယ့် ကံစမ်းမဲအစီအစဉ်ကိုပြုလုပ်ခြင်းဖြင့် ကျေးဇူးတုံ့ပြန်တာဖြစ်တဲ့အပြင် MPT မိသားစုဝင်တွေ ပိုမိုများပြားလာဖို့လည်း သုံးစွဲသူအသစ်တွေကို ကြိုဆိုနေပါတယ်” ဟု ပြောသည်။