×

MPT မှ သုံးစွဲသူ ၁၉သန်းကျော်အတွက် သင်္ကြန်အထူးအပိုထပ်ဆောင်းငွေများ ပေးအပ်ပြီး သင်္ကြန်ပွဲတော်ကိုဆင်နွှဲ

01 Apr 2016

[:en](ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ဧပြီ ၀၁) – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) သည် ၄င်းဝန်ဆောင်မှု အစဉ်အမြဲအားပေးခဲ့သည့် MPT အသုံးပြုသူများအား ကျေးဇူးတုံ့ပြန်သည့်အနေဖြင့် သင်္ကြန်အချိန်အခါကို ပိုမိုပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် ဧပြီ ၂ရက်မှ စတင်၍ ငါးရက်တာကြာမြင့်မည့် အပိုထပ်ဆောင်းငွေဖြည့်ကတ် ပေးအပ်သည့် သင်္ကြန်အထူးအစီအစဉ်ကို မိတ်ဆက်လိုက်သည်။

အဆိုပါ အထူးအစီအစဉ်အရ ၁ဝဝရာခိုင်နှုန်းအထိရရှိနိုင်သော အပိုထပ်ဆောင်းငွေဖြည့်ကတ်ကို MPT GSM, WCDMA နှင့် CDMA အသုံးပြုသူအားလုံး ရရှိမည်ဖြစ်သည်။ MPT အသုံးပြုသူများမှ အပိုထပ်ဆောင်းငွေဖြည့်ကတ်အစီအစဉ်ဖြင့် သင်္ကြန်ကာလအတွင်း မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုများနှင့် ပိုမိုပြောဆိုဆက်သွယ်နို်င်မည်ဖြစ်ရန် MPT သည် အကျယ်ပြန့်ဆုံး 3Gကွန်ရက်ဖြင့် နိုင်ငံလူဦးရေ၏ ၉၅ရာခိုင်နှုန်းကို လွှမ်းခြုံထားသည်။

အပိုထပ်ဆောင်းငွေဖြည့်ကတ်အထူးအစီအစဉ်သည် အသုံးပြုသူမှ ငွေဖြည့်ကတ် ထည့်သည့်ပမာဏာပေါ်မူတည်ပြီး အပိုထပ်ဆောင်းငွေပမာဏကို ရရှိမည်ဖြစ်သည်။ သင်္ကြန်ကာလအတွင်း လက်ကျန်ငွေပမာဏ များများရှိပြီး ဆက်သွယ်မှုအဆင်ပြေစေရန် အသုံးပြုသူများမှ ငွေဖြည့်ကတ်ကို အထူးအစီအစဉ်ကာလစတင်သည့် ဧပြီ ၂ရက်နေ့ မှ ဧပြီ ၆ရက်နေ့ အထိ အချိန်မရွေး ငွေဖြည့်နိုင်သည်။

mpt_pr_text

 

အပိုထပ်ဆောင်းငွေကို အထူးအစီအစဉ်ကာလအဖြစ် သတ်မှတ်ထားသည့် ဧပြီလ ၁၈ရက်အထိအသုံးပြုနိုင်ပြီး ထိုအပိုထပ်ဆောင်းငွေကို MPTဖုန်း အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုများပေးပို့ခြင်းနှင့် ဒေတာအသုံးပြုမှုတို့တွင် အသုံးပြုနိုင်သည်။ အသုံးပြုသူများမှ ငွေဖြည့်ကတ်ကို ပုံမှန်ငွေဖြည့်နိုင်သည့် ညွှန်ကြားချက်အတိုင်း ငွေဖြည့်ခြင်း၊ etop-up၊ bank top-up, Myanmar MM နှင့် *123* ငွေလွှဲပေးပို့သည့်နည်းလမ်းများ ဖြင့်ပါ ငွေဖြည့်နိုင်သည်။

“ယခုလို ပျော်ရွှင်စရာကောင်းလှတဲ့ သင်္ကြန်ပွဲတော်ကာလမှာ သင်္ကြန်အထူးအပိုထပ်ဆောင်းအစီအစဉ်ကို ပြုလုပ်ပေးရတဲ့အကြောင်းကတော့ ၁၉သန်းကျော်သော MPT သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ သင်္ကြန်တွင်းမှာ မိတ်ဆွေ၊ သူငယ်ချင်း၊ မိသားစုတွေနဲ့ အဆက်အသွယ် ပိုမိုပြုလုပ်သွားနိုင်စေဖို့ ဖြစ်ပါတယ်။ ဒါ့အပြင် MPT ရဲ့ အကျယ်ပြန့်ဆုံး 3Gကွန်ရက်ကို ဆက်လက်တိုးချဲ့သွားမှာဖြစ်ပြီး “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ဆောင်ပုဒ်အတိုင်း MPT အသုံးပြုုသူများအတွက် ထူးခြားတဲ့ ဝန်ဆောင်မှုတွေ၊ စိတ်ဝင်စားစရာကောင်းတဲ့ အထူးအစီအစဉ်တွ၊ ကုန်ကျစရိတ်ပိုမိုသက်သာစေမည့် အစီအစဉ်တွေကို နောင်နှစ်များမှာလဲ ဆက်လက်လုပ်ဆောင်ပေးမည်ဖြစ်ပါတယ်။ ယခုမြန်မာနှစ်သစ်ကူး အချိန်အခါသမယမှာ “နှစ်သစ်ကူးမှာ ပျော်ရွှင်ပါစေ” လို့ ဆုတောင်းရင်း ပိုမိုဆန်းသစ်တဲ့ အထူးအစီအစဉ်တွေကိုလည်း ဆက်လက်ပံ့ပိုးပေးသွားပါ့မယ်” ဟု MPT-KSGM (KDDI Summit Global Myanmar Co. Ltd.) Joint Operations ၏ CEO Mr. Takashi Nagashima ကပြောသည်။[:]