×

MPT မှ ၂၀၁၇ ခုနှစ်တွင် Mobile Seminar များကို နောက်ထပ်တစ်ကြိမ် တစ်နိုင်ငံလုံး အနှံ့ပြုလုပ်သွားမည်

06 Jan 2017

အသုံးပြုသူများအား ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော အသိပညာများပေးရန် နှင့် ပြီးခဲ့သော ဆွေးနွေးပွဲများ ကဲ့သို့ အွန်လိုင်း လုံခြုံရေးအကြောင်းအရာများ နှှင့် မှန်ကန်သည့် မိုဘိုင်းလ်ဖုန်း သုံးစွဲခြင်းဆိုင်ရာ အကြောင်းအရာများကို ဆွေးနွေးပေးသွားပါမည်။

(ရန်ကုန်၊ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလ ၃၀ ရက်) – မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT) က မိုလ်ဘိုင်းဖုန်းအသုံးပြုသူများ၏ လုံခြံုရေးနှင့် အင်တာနက်အသုံးပြုမှုများအတွက် Mobile seminar များကို ယခုနှစ်အစောပိုင်းက ပြုလုပ်ခဲ့ပြီး အောင်မြင်မှုများရရှိခဲ့သည့်အလျောက် ၂၀၁၇ ခုနှစ်တွင် အစောပိုင်းတွင် လည်း တစ်နိုင်ငံလုံးအနှံ့တွင် ထပ်မံကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်ပါသည်။ ပါဝင်တက်ရောက်ဆွေးနွေးလိုသူများအတွက် အဆိုပါ မိုဘိုင်းလ် ဆွေးနွေးပွဲတွေများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၂ ရက်နေ့မှ စတင်ကာ မတ်လ ကုန်အထိ မြို့နယ်ပေါင်း ၇၀ ခုတွင် ပြုလုပ်သွားရန် ရည်ရွယ်ထားပြီးတက်ရောက်သူ ၂၀,၀၀၀ ကျော်လာရောက်ဆွေးနွေးနိုင်မည်ဟု ခန့်မှန်းထားပါသည်။
၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်တွင် နောက်ဆုံးထားဆောင်ရွက်ရမည့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းနှင့် သက်ဆိုင်သော လိုအပ်သည့် အကြောင်းအရာများအပြင်၊ အရေးပါသော ကဏ္ဍများဖြစ်သည့် မှန်ကန်သော မိုဘိုင်းလ်ဖုန်းအသုံပြုနည်းနှင့် ထားရှိသင့်သည့် ခံယူချက်များ၊ အင်တာနက်လုံခြုရေးနှင့် မိမိတို့ အသုံးပြုရာ အွန်လိုင်းပတ်ဝန်းကျင်တွင် အတွေ့ရများသည့် အန္တရာယ်ရှိသော ဆိုက်ဘာအနိုင်အထက်ပြုခြင်း သို့ မဟုတ် အနှောက်အယှက်ပေးခံရခြင်းတို့မှ ကာကွယ်ရန် နည်းလမ်းများ၊ တစ်ဦးနှင့်တစ်ဦးအမြဲတစေ အချိတ်အဆက်ရှိသော ကွန်ရက်ကြီးပေါ်တွင် မိမိ၏ကိုယ်ပိုင်အချက်အလက်များကို လုံခြံုစေရန် မည်သို့ပြုလုပ်သင့်သည် စသည့် အကြောင်းအရာများကို MPT အဖွဲ့ မှ ဆွေးနွေးသွားမည်ဖြစ်ပါသည်။
မြန်မာပြည်သူများ၏ လူမှုဘဝကို မြှင့်တင်ပေးမည်ဟူသော MPT ၏ခံယူချက်နှင့်အညီ အခမဲ့တက်ရောက်ခွင့် ရရှိနိုင်မည့် အဆိုပါဆွေးနွေးပွဲများကို အများပြည်သူတို့ပါဝင် တက်ရောက်နိုင်ရန် ရည်ရွယ်ပြီး မြန်မာတစ်နိုင်ငံလုံးအနှံ့ ကျင်းပပြုလုပ်ရန်စီစဉ်ရခြင်းဖြစ်ပါသည်။
“မြန်မာနိုင်ငံမှာ စမတ်ဖုန်းတွေ၊ အင်တာနက်ချိတ်ဆက်အသုံးပြုနိုင်တဲ့ ကိရိယာတွေ များပြားလာတာနဲ့အမျှ အင်တာနက်အသုံးပြုသူတွေဟာလည်း မကြာသေးမီ နှစ်အတွင်း နေရာအနှံအပြားမှာ မြင့်တက်လာနေပါပြီ။ ပြီးခဲ့တဲ့ MPT ရဲ့ မိုဘိုင်းလ် ဆွေးနွေးပွဲတွေမှာ လူဦးရေ ၃၀,၀၀၀ လောက်ပါဝင်တက်ရောက် ခဲ့ကြပါတယ်။ ဆက်လက်ပြီး MPT အနေနဲ့ တာဝန်သိဆက်သွယ်ရေး ကုမ္ပဏီတစ်ခုဖြစ်တာနဲ့အညီ အရေးကြီး အကြောင်းအရာတွေဖြစ်တဲ့ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းနဲ့သက်ဆိုင်တဲ့ အသိပညာတွေ၊ မိုဘိုင်းလ်ဖုန်း အင်တာနက်ကို မှန်မှန်ကန်ကန်နဲ့ သင့်လျှော်အောင် ဘယ်လို အသုံးပြုနိုင်မယ့် ဆိုတဲ့ အကြောင်းအရာတွေနဲ့ အများပြည်သူတွေအကြား အွန်လိုင်းကို ဘယ်လိုများလုံလုံခြံုခြံု အသုံးပြုနိုင်မယ် ဆိုတာတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။ ဒါ့အပြင်အစီအစဉ်ရဲ့ အစိတ်အပိုင်းတစ်ခုအဖြစ် သုံးစွဲသူတွေအနေနဲ့ နိုင်ငံရဲ့ အကြီးမားဆုံးကွန်ရက်ပေါ်မှာ အကောင်းဆုံးအတွေ့အကြံုတွေကို ဘယ်လိုများ ရရှိအောင် အသုံးပြုနိုင်မလဲ ဆိုတာနဲ့ ပတ်သက်ပြီး အသုံးဝင်တဲ့ အချက်အလက်တွေကိုလည်း ဗဟုသုတအဖြစ် ဒီအစီအစဉ်မှာ ပြောပြသွားမှာဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase ကပြောကြားခဲ့ပါသည်။
၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလနှင့် ဇူလိုင်လအတွင်း နိုင်ငံအနှံ့အပြားရှိ သက်ဆိုင်ရာဒေသများမှ ကျောင်းများ ၊ တက္ကသိုလ်များ နှင့် စက်မှုဇုန်များတွင် မိုဘိုင်းလ်ဆွေးနွေးပွဲပေါင်း ၁၂၃ ခုပြုလုပ်ခဲ့ပြီး MPT သုံးစွဲသူပေါင်းများစွာကို အသိပညာများ မျှဝေနိုင်ခဲ့ပါသည်။
ယခုလည်း ၂၀၁၇ ခုုနှစ်အတွင်း နောက်ထပ်တစ်ကြိမ် ထပ်မံပြုလုပ်သွားမည့် ဆွေးနွေးပွဲများကို တိုင်ဒေသကြီးများနှင့် ပြည်နယ်များဖြစ်သည့် ဧရာဝတီတိုင်း၊ ရန်ကုန်တို််င်း၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ နေပြည်တော်၊ မန္တလေး၊ စစ်ကိုင်းတိုင်းစသည့် တိုင်းဒေသကြီးများနှင့် ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင် ပြည်နယ်၊ ရှမ်းပြည်နယ် အစရှိသော ပြည်နယ်များရှိ မြို့နယ်ပေါင်း  ၇၀ ခုတွင် ဆွေးနွေးပွဲပေါင်း ရ၁ ခုကို ပြုလုပ်သွားမည် ဖြစ်ပါသည်။
ပထမဆုံးအဖြစ် မိုဘိုင်းလ် ဆွေးနွေးပွဲကို ဧရာဝတီတိုင်း၊ ဇလွန်မြို့ရှိ ကြာသပတေးပတ်ဆွမ်းလောင်း အသင်းတွင် ကျင်းပပြုလုပ် သွားမည် ဖြစ်သဖြင့် ယင်းဒေသရှိအများပြည်သူတို့ ပါဝင်ဆွေးနွေးနိုင်ရန် ဖိတ်ခေါ်လိုက်ရပါသည်။
MPT ၏ Mobile Seminar အချက်အလက်များနှင့် အခြားသော ထုတ်ပြန်ချက်များကို ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ဖတ်ရှုလေ့လာနိုင်ပါသည်။