×

MPT မှ “Call Me Back” ဝန်ဆောင်မှုကို စတင်

25 Jan 2016

အားပေးကြသောမိဘပြည်သူများ မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့် အဆက်အသွယ်အမြဲရှိစေရန် ကူညီပေးနိုင်မည်

ရန်ကုန်၊ မြန်မာ၊ ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၂၅ ရက် – မြန်မာနိုင်ငံ၏ ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (MPT)မှ အားပေးအသုံးပြုကြသောမိဘပြည်သူများအနေဖြင့် မိတ်ဆွေသူငယ်ချင်းများ၊ မိသားစုများနှင့် လွယ်ကူစွာ ဆက်သွယ်နိုင်ရန်နှင့် လိုအပ်ချိန်တိုင်းအဆက်အသွယ်အမြဲရှိစေရန် ကူညီပေးနိုင်မည့် “Call Me Back” ဝန်ဆောင်မှုကို ဇန်နဝါရီလ ၂၅ ရက်နေ့မှ စတင်လိုက်ကြောင်း သတင်းထုတ်ပြန်ကြေငြာလိုက်သည်။ ဤဝန်ဆောင်မှုသည် MPT ၏ ကြိုတင်ငွေဖြည့်စနစ်သုံး GSM/WCDMA သုံးစွဲသူများအားလုံးအတွက် အကျုံးဝင်ပြီး မိမိ၏ လက်ကျန်ဖုန်းငွေနည်းနေသောအခါတွင် အခြားသော GSM/WCDMA သုံးစွဲသူများဆီသို့ ဖုန်းပြန်လည်ခေါ်ဆိုရန်အတွက် အခမဲ့စာတိုပေးပို့ကာအကြောင်းကြားနိုင်သည့် ဝန်ဆောင်မှုဖြစ်ပါသည်။

ဤဝန်ဆောင်မှုကို အသုံးပြုရန်အတွက် USSD Code *၂၂၂*မိမိအားပြန်လည်ခေါ်ဆိုစေလိုုသည့်ဖုန်းနံပါတ်# ကိုနှိပ်၍ ဖုန်းခေါ်သည့်ခလုတ် ကို ခေါ်ဆိုကာ အသုံးပြုရမည်ဖြစ်ပါသည်။ (ဥပမာ- *၂၂၂*09xxxxxxxxx#[send])။ လက်ခံမည့်ဖုန်းနံပါတ်သည် လက်ခံနိုင်သည့် အခြေအနေကိုအကျုံးဝင်ပါက “Hello, please call me back at 09xxxxxxxxx!” ဟူသော စာတိုကို လက်ခံရရှိမည်ဖြစ်သည်။ အသုံးပြုသူတစ်ဦးသည် တစ်နေ့အတွင်း “Call Me Back” ဝန်ဆောင်မှုကို အများဆုံး ၅ ကြိမ်အထိ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operation ၏ Chief Commercial Officer ဖြစ်သူ Mr.Koichi Kawase က “မြန်မာနိုင်ငံရဲ့ ဦးဆောင် ဆက်သွယ်ရေးအော်ပရေတာအနေနဲ့ မြန်မာပြည်သူပြည်သားတွေ လွယ်ကူအဆင်ပြေစွာ တစ်ဦးနဲ့တစ်ဦးဆက်သွယ်နိုင်ဖို့နဲ့ ကုန်ကျစရိတ်သက်သာစေဖို့ ကူညီပံ့ပိုးပေးရမှာက အဓိကတာဝန်ပဲဖြစ်ပါတယ်၊ ကျွန်တော်တို့ အခု Call Me Back ဝန်ဆောင်မှုကို ပြုလုပ်ပေးရတာကလည်း လူတိုင်းက တစ်ခါတလေ ဖုန်းလက်ကျန်ငွေကုန်သွားချိန်မှာ အလုပ်များနေတဲ့အတွက်ကြောင့် လက်ကျန်ငွေပြန်ပြီးဖြည့်ဖို့ အဆင်မပြေတတ်တာမျိုးဖြစ်တတ်ပါတယ်။ ဒီဝန်ဆောင်မှုကြောင့် အဲလိုအဆင်မပြေဖြစ်နေချိန်မှာတောင် ကိုယ့်ရဲ့မိသားစုတွေ သူငယ်ချင်းတွေနဲ့ အလွယ်တကူဆက်သွယ်နိုင်မှာပါ” ဟု ပြောပါသည်။

ဤဝန်ဆောင်မှုသည် MPT မှ ၄င်းတို့၏ ဝန်ဆောင်မှုကို အားပေးသူ သုံးစွဲသူများအတွက် ပြုလုပ်ပေးသည့် အချိန်နှင့်ငွေကြေးကုန်ကျမှု သက်သာစေသည့် ဝန်ဆောင်မှုများထဲမှ တစ်ခုဖြစ်သည်။ ဆွေသဟာဝန်ဆောင်မှုတွင်လည်း စာတိုတစ်စောင်ကို ၁၀ ကျပ်ဖြင့် ပေးပို့နိုင်ပြီး မြန်မာနိုင်ငံရှိ SMS ပေးပို့သည့် ဝန်ဆောင်မှုများထဲတွင် အသက်သာဆုံးသော စျေးနှုန်းဖြစ်သည်။ ထို့အပြင် လက်တလောတွင် စတင်ထားသည့် “ဖုန်းဘီလ်လွှဲပြောင်းပေးခြင်း” ဝန်ဆောင်မှုဖြင့်လည်း သုံးစွဲသူအချင်းချင်း ဖုန်း လက်ကျန်ငွေကို ကျပ် ၃၀၀ မှစ၍ ကျပ်၁၀၀၀၀ အထိ လွှဲပြောင်းပေးနိုင်အောင် ပြုလုပ်ပေးထားသည်။

အသေးစိတ်အချက်အလက်များနှင့် စည်းမျဥး်စည်းကမ်းများကို သိရှိနိုင်ရန်အတွက်www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpageတွင် ဖတ်ရှုနိုင်ပါသည်။