×

MPT မှ E Top-up ၃,၀၀၀ နှင့်အထက် ငွေဖြည့်ပြီး iPhone 7 Plus ကံထူးနိုင်မည့် အခွင့်အရေးကြီးတစ်ခု နှင့်စတင်မိတ်ဆက်

19 Nov 2016

MPT မှ E Top-up ၃,၀၀၀ နှင့်အထက် ငွေဖြည့်ပြီး iPhone 7 Plus ကံထူးနိုင်မည့် အခွင့်အရေးကြီးတစ်ခု နှင့်စတင်မိတ်ဆက်

MPT မှ E Top-up ၃,၀၀၀ နှင့်အထက် ငွေဖြည့်ပြီး iPhone 7 Plus ကံထူးနိုင်မည့် အခွင့်အရေးကြီးတစ်ခု နှင့်စတင်မိတ်ဆက်ပေးလိုက်ပါပြီ။ ဘယ်လိုကံထူးနိုင်မလဲဆိုတော့ –
(၁) MPT ရဲ့ သတ်မှတ်ထားတဲ့ အမှတ်တံဆိပ်ဆိုင်ခွဲများနှင့် အရောင်းဆိုင်တွေမှာ E top-up ၃,၀၀၀ကျပ်ဖိုး (သို့) E top-up ၃, ၀၀၀ ကျပ်ဖိုး နှင့်အထက်ဖြည့်သွင်းပြီး ဆိုင်မှ MPT Facebook Photo Frame လေးနဲ့ အတူ ဓါတ်ပုံရိုက်ခွင့်ရရှိမှာဖြစ်ပါတယ်။
(၂) ရိုက်ကူးထားတဲ့ ဓါတ်ပုံကို MPT Facebook Page သို့(နိုဝင်ဘာလ ၂၁ မှ ၂၇ ရက်အတွင်း) ပေးပို့ပေးရမှာဖြစ်ပါတယ်။
(၃) နေ့စဉ်ပေးပို့ပေးတဲ့ပုံတွေကို MPT Facebook Page ပေါ်မှာတင်ပေးသွားမှာဖြစ်ပြီး နိုဝင်ဘာလ ၃၀ ရက်နေ့ မနက် (၁၁:ဝဝ) နာရီ အထိ ရရှိသည့် ( Heart Reaction + Comment + Share) စုစုပေါင်းအပေါ်မူတည်ပြီး အနိုင်ရရှိသူ ၅ ဦး ရွေးချယ်သွားမှာဖြစ်ပါတယ်။
(၄) အနိုင်ရရှိသူများကို iPhone 7 Plus ဆုချီးမြှင့်သွားမှာဖြစ်ပါတယ်။

ပြိုင်ပွဲဝင်စည်းကမ်းချက်များမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
၁) MPT မှ ၀န်ထမ်းများ၊ မိသားစုဝင်များနှင့် ဆွေမျိုးများ၊ ပူးပေါင်းလုပ်ကိုင်နေသူများနှင့် လုပ်ငန်းခွဲများ ဒီပြိုင်ပွဲမှာ ပါ၀င်ခွင့် ရရှိမည် မဟုတ်ပါ။
၃) MPT Official Facebook Page ကို Like ပြုလုပ်ထားပြီး ဖော်ပြပါ ပြိုင်ပွဲ ကြေညာထားသည့် ပို့စ်ကို Like & Share ပြုလုပ်ထားသူ ဖြစ်ရမည်။
၄) သတ်မှတ်ထားသောMPT ဆိုင်များတွင် အနည်းဆုံး E Top-up ဖြင့် ၃,၀၀၀ ကျပ်ဖိုးငွေဖြည့်ပါက MPT Photo Frame ဖြင့် ဓါတ်ပုံရိုက်ကူးနိုင်မည်။
၅) ရိုက်ကူးထားသောဓါတ်ပုံသည် ကိုယ်တိုင်ပါ၀င်ရိုက်ကူးထားတဲ့ ဓာတ်ပုံဖြစ်ရန် လိုအပ်ပြီး မသင့်တော်သော ညစ်ညမ်းသော ဓာတ်ပုံများဖြစ်ပါက MPT၏ ဆုံးဖြတ်ချက်သာလျှင် အမှန်ဖြစ်ပါသည်။
၆) ရိုက်ကူးထားသောဓါတ်ပုံသည် MPT Photo Frame အပြည့် ပါဝင်ပြီး အရည်အသွေးကောင်းမွန် ကြည်လင်ပြတ်သားရမည်။
၇) နောက်ဆုံးအဆင့်အနေနှင့် ဝင်ရောက်ယှဉ်ပြိုင်ရန်အတွက် MPT Official Page ၏ Message Box သို့ အောက်ပါပုံစံအတိုင်းပေးပို့ပေးရမည်။
အမည်
မှတ်ပုံတင်အမှတ်
ဖုန်းနံပါတ်
နေရပ်လိပ်စာ
#SelfieWithMPT
ပူးတွဲပါဓါတ်ပုံ
(ပေးပို့ရာတွင် Hashtag #SelfieWithMPT မပါဝင်ပါက လုံးဝထည့်သွင်းစဉ်းစားမည်မဟုတ်ပါ)
၈) ၂၀၁၆ ဒီဇင်ဘာလ ၁ ရက်နေ့တွင် အနိုင်ရရှိသူများကို ကြေငြာသွားမည်။