×

MPT မှ IP-VPN ဝန်ဆောင်မှု စတင်တော့မည်

29 Feb 2016

[:en]အရည်အသွေးမြင့် ပြည်တွင်းစီးပွားရေးလုပ်ငန်းစုကြီးများအတွက် ကွန်ရက်ကို မြန်မာနိုင်ငံမှာ ပထမဦးဆုံးရရှိနိုင်ပြီ။
(ရန်ကုုန်၊ ဖေဖော်ဝါရီလ ၂၉ ရက်၊ ၂၀၁၆ ခုုနှစ်) – MPT မှ စီးပွားရေးလုုပ်ငန်းစု နှင့်လုပ်ငန်းရှင် အသုံးပြုသူများအတွက် IP-VPN (Virtual Private Network) ဝန်ဆောင်မှုကိုု စတင်လုုိက်ပြီဖြစ်ကြောင်း ကြေညာလိုုက်သည်။ MPT ၏ IP-VPN မှာ အရည်အသွေးမြင့်မားသည့် တစ်နိုင်ငံလုံးအနှံ့ရှိသော IP ကွန်ရက်ကိုု အသုံးပြုကာလုပ်ဆောင်ထားခြင်းဖြစ်ပြီး မြန်မာနိုင်ငံအတွင်းတွင် အကြီးမားဆုံးလည်းဖြစ်ပါသည်။ အဆိုပါဝန်ဆောင်မှုကို ပထမဆုုံးအနေဖြင့် စတင်အသုုံးပြုသော လုုပ်ငန်းစုုမှာလည်း မြန်မာနိုုင်ငံ၏ ထင်ရှားသော ငွေရေးကြေးရေးနှင့်ဆိုင်သည့် ဝန်ဆောင်မှုကိုပေးနေသည့် CB ဘဏ် ဖြစ်သည်။

သာမန်ရိုးရိုး အင်တာနက်ဖြင့် ချိတ်ဆက်ထားသော VPN များဖြင့်ယှဉ်လျှင် အထူးသီးသန့်ဖြစ်ကာ ကန့်သတ်ထားသော MPT ၏ IP-VPN ကွန်ရက်မှာ လုုံခြုံရေးပိုုင်းအရနှင့် ချိတ်ဆက်မှု အပိုုင်းတွင်ပါ များစွာ သာလွန်ကောင်းမွန်ပါသည်။ အခြားတစ်ဘက်တွင်လည်း ကော်ပိုရိတ် ကွန်ရက်များမှာ သီးသန့် ပုဂ္ဂလိကပိုင်လိုင်းများ သို့မဟုတ် ငှားရမ်းထားသည့် လိုင်းများဖြစ်နေပြီး MPT ၏ IP-VPN မှာမူ ပိုမိုပြီး ပြုလွယ်ပြင်လွယ်ရှိကာ လွယ်ကူစွာဖြင့်ချဲ့ထွင်နိုင်သလို စျေးနှုန်းပိုမိုသက်သာစွာဖြင့် ချိတ်ဆက် လုပ်ကိုင်နိုင်ပါသည်။ ယင်းသို့သော အချက်များနှင့် အတူ ယနေ့ကာလတွင် IP-VPN ကွန်ရက်များမှာ ကမ္ဘာအနှံ့ရှိ စီးပွားရေးလုပ်ငန်းကြီးများအတွက်အများက ပုံမှန်သုံးစွဲသည့် ကွန်ရက်များဖြစ်နေပြီဖြစ်သည်။

MPT IP-VPN ၏ အဓိက လက္ခဏာရပ်များမှာ-

  • ကန့်သတ်ထားသော သီးခြား ကွန်ရက်ကိုုအသုုံးပြုထားခြင်းကြောင့် လုုံခြုံမှုအရည်အသွေးမြင့်မားခြင်း
  • ဆက်စပ်သည့် ဝန်ဆောင်မှုအဆင့်အတန်း သဘောတူညီချက် (SLA) နှင့်အတူ အရည်အသွေးပြည့်သည့် ဝန်ဆောင်မှု(QoS) နှင့် အာမခံထားသည့် Bandwidth ကြောင့် ကောင်းစွာ အသုံးပြုနိုင်ခြင်း
  • တစ်နှစ်ပတ်လုံး ၃၆၅ ရက်တိုင်တိုင် နှင့် ၂၄ နာရီ ပတ်လုံး စောင့်ကြည့်ခြင်းနှင့် ကြီးကြပ်ထားခြင်း
  • ငှားရမ်းထားသည့် ကွန်ရက်ပါသောလိုင်း နှင့်ယှဉ်ပါက စျေးနှုန်းသက်သာခြင်း
  • ကွန်ရက်ကိုု လွယ်ကူစွာချဲ့ထွင်နိုုင်ကာ ပြုပြင်ပြောင်းလဲနိုင်ခြင်း
  • နေရာအနှ့ံသိုု့ ရောက်ရှိနိုုင်ခြင်း (တစ်နိုုင်ငံလုုံးအနှံ့ ဝန်ဆောင်မှုပေးနိုုင်ခြင်း) တို့ဖြစ်ပါသည်။

IP-VPN မှာ စီးပွားရေးလုပ်ငန်းအချင်းချင်း ဆက်စပ်လုပ်ကိုင်ခြင်းအတွက် ပိုမိုကောင်းမွန်သည့် ဝန်ဆောင်မှုများကို ရရှိခံစားစေနိုင်ပါသည်။ MPT မှ ပေးနေသည့် မိုဘိုင်းဆက်သွယ်ရေး လုပ်ဆောင်ချက်များဖြစ်သည့် (အသံ၊ Data နှင့် SMS) များအပြင် ကြိုးလိုင်းဖုန်း (Dataနှင့် အသံ)ကို ကုမ္ပဏီများစွာက၎င်းတို့၏ နေ့စဉ်စီးပွားရေးလုပ်ငန်းများတွင် အသုံးပြုနေပြီးဖြစ်ပါသည်။ MPT အနေဖြင့် ကုမ္ပဏီများစွာကို လွတ်လပ်စွာနှင့် ဆက်သွယ်မှုပြုနိုင်ရန်အတွက် အကူအညီပေးကာ ယင်းတို့၏ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန်နှင့် ကမ္ဘာ့စီးပွားရေးလုပ်ငန်းအတွင်း ပါဝင်လုပ်ဆောင် နိုင်စေရန်အတွက် ဆက်လက်လုပ်ဆောင်သွားမည် ဖြစ်ပါသည်။

MPT-Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Koichi Kawase က “မြန်မာနိုုင်ငံရဲ့စီးပွားရေး ဖွံ့ဖြိုးလာတာနဲ့အမျှ ပြီးပြည့်စုုံတဲ့ စီးပွားရေးလုုပ်ငန်းသုုံး ဆက်သွယ်ရေးကွန်ရက်တွေကိုု နေ့စဉ်နဲ့အမျှလိုုအပ်လာပါတယ်၊ MPT IP-VPN ဝန်ဆောင်မှုကိုု စတင်ခြင်းအားဖြင့် စျေးနှုန်းသက်သာပြီး လုုံခြုံမှုရှိတဲ့ စီးပွားရေးလုုပ်ငန်းသုုံးကွန်ရက်ကိုု တစ်နိုုင်ငံလုုံးအနှံ့ပေးနိုုင်တော့မှာဖြစ်ပြီး၊ မြန်မာ့စီးပွားရေးလုုပ်ငန်းတွေကိုုရော အခြားနိုုင်ငံတကာကနေ မြန်မာနိုင်ငံမှာ လာပြီး အခြေစိုုက်ထားတဲ့ လုုပ်ငန်းတွေကိုုရော ထောက်ပံ့ကူညီပေးရင်းနဲ့ မြန်မာနိုင်ငံတိုုးတက်မှုမှာ တစိတ်တဒေသကနေ ကူညီပံ့ပိုုးချင်ပါတယ်”ဟုု ပြောသည်။ MPT IP-VPN ဝန်ဆောင်မှုကိုု ပထမဆုုံးအသုုံးပြုသော CB ဘဏ်၏ Head of Infrastructure and Nextwork ဖြစ်သူ ဦးကျော်အောင်စိုး က “ သာမန် ရိုးရိုး အင်တာနက်လိုုင်းကိုု အကြာကြီးသုုံးပြီးတဲ့နောက်မှာ ကျွန်တော်တိုု့ MPT IP-VPN ဝန်ဆောင်မှုကိုု သုုံးဖိုု့ ရွေးချယ်ဖြစ်ခဲ့ ပါတယ်၊ ဘာလိုု့လဲဆိုုတော့ အဆင့်မြင့်တဲ့ လုုံခြုံမှုအပိုုင်းမှာ အတူတူပဲဖြစ်ပြီး စျေးကျတော့ ပိုုပြီးသက်သာအဆင်ပြေလိုု့ပါ၊ နောက်ပိုုင်းမှာ ကွန်ရက်ချဲ့ထွင်တာတွေကိုု လွယ်လွယ်ကူကူလုုပ်လိုု့ရမယ်ဆိုုတာကလည်း ပိုုပြီး စိတ်ဝင်စားစရာဖြစ်ခဲ့ပါ တယ်၊ ဒီရွေးချယ်မှုဟာ ကျွန်တော်တိုု့ဘဏ်ရဲ့ စီးပွားရေးပိုုမိုုတိုုးတက်လာခြင်းမှာ အထောက်အကူဖြစ်မယ်ဆိုုတာ ယုုံကြည်ပါတယ်”ဟုု ပြောသည်။

MPT သည် ယင်း၏ IP-VPN ဝန်ဆောင်မှုဧရိယာကိုု ရန်ကုုန်၊ မန္တလေး၊ နေပြည်တော်စသည့်မြို့များမှ အခြားဒေသများသိုု့ပါ ချဲ့ထွင်လျက်ရှိပြီး ပြီးစီးသည့်အချိန်တွင်လည်း ကြေညာမှုများ ထပ်မံပြုလုုပ်ပေးသွားမည်ဖြစ်သည်။ သုုံးစွဲသူများ၏ လိုုအပ်ချက်များ ပြည့်မှီရန် MPT သည် အခြားသောဝန်ဆောင်မှုများထဲမှ မိုုလ်ဘိုုင်းဖုုန်းများမှ တဆင့်လွယ်ကူစွာချိတ်ဆက်နိုုင်သည့်ဝန်ဆောင်မှုများ၊ နိုုင်ငံတကာ ချိတ်ဆက်မှုများ ကိုုလည်း ထပ်မံချဲ့ထွင်သွားရန် လုုပ်ဆောင်လျက်ရှိနေပါသည်။[:]