×

MPT မှ Night Safety Data Package အသစ်ကို မိတ်ဆက်

12 Sep 2019

ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ ၁၂ ရက်) – မြန်မာနိုင်ငံ၏ ပထမဦးဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT သည် ည ၁၁ နာရီ မှ နံနက် ၇ နာရီအတွင်း ပုံမှန်အင်တာနက် အသုံးပြုလေ့ရှိသည့် သုံးစွဲသူများအတွက် “Night Safety Data Package” အစီအစဉ်ကို ယနေ့ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန်ကြေညာလိုက်သည်။ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်သည့် ဈေးနှုန်းများနှင့် ဤဒေတာအထူး အစီအစဉ်ကို စက်တင်ဘာလ (၁၂) ရက်မှစ၍ ထပ်မံမကြေညာခင်အချိန်အထိ ရယူ အသုံးပြုနိုင်မည်ဖြစ်သည်။
MPT ၏ “Night Safety Data Package” ကို GSM/WCDMA ဆွေသဟာ/ ရှယ်ပြော /ရွှေစကား အစီအစဉ်ရယူထားသော (Prepaid/ Postpaid) အသုံးပြုသူများအားလုံး ရယူသုံးစွဲနိုင်မည် ဖြစ်သည်။ “Night Safety Data Package” များကို အောက်ပါ ဇယားတွင် ကြည့်ရှုနိုင်ပါသည်။

သုံးစွဲသူများအနေဖြင့် “Night Safety Data Package” ကို ကန့်သတ်မှုမရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်သလို (without speed throttling) နှင့် အင်တာနက်မြန်နှုန်းကို တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်မည်ဖြစ်ပြီး (with speed throttling) ဒေတာပမာဏ နှင့် သက်တမ်းကိုလည်း ပေါင်းစည်း၍ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ပက်ကေ့ချ်သက်တမ်းမှာ ဝယ်ယူထားသော ပက်ကေ့ချ်များပေါ်တွင် မူတည်၍ ၁ ရက်၊ ၃ ရက်၊ ၇ ရက် စသည်ဖြင့် အသုံးပြုနိုင်မည် ဖြစ်ပြီး “Night Safety Data Package” ၏ လက်ကျန်ဒေတာများကို သယ်ဆောင်အသုံးပြုမှု မရရှိနိုင်ပါ။

ဈေးနှုန်းများ
(ကုန်သွယ်ခွန်ပါပြီး)
ဝယ်ယူနိုင်သော
နည်းလမ်း
ဒေတာပမာဏ(MB) ကန့်သတ်မြန်နှုန်း အသုံးပြုနိုင်သည့်
ကာလ
Direct
USSD
၁၉၉ကျပ် USSD 180 MB ပုံမှန်အမြန်နှုန်း ၁ရက် *233*1#
၄၉၉ကျပ် 466 MB ၃ရက် *233*2#
၇၉၉ကျပ် 746 MB ၇ရက် *233*3#
၁၉၉ကျပ် 180 MB Max1.5Mbps ၁ရက် *233*4#
၄၉၉ကျပ် 466 MB ၃ရက် *233*5#
၇၉၉ကျပ် 746 MB ၇ရက် *233*6#
၁၉၉ကျပ် MPT4U 184 MB ပုံမှန်အမြန်နှုန်း ၁ရက် None
၄၉၉ကျပ် 475 MB ၃ရက်
၇၉၉ကျပ် 760 MB ၇ရက်
၁၉၉ကျပ် 184 MB Max 1.5Mbps ၁ရက်
၄၉၉ကျပ် 475 MB ၃ရက်
၇၉၉ကျပ် 760 MB ၇ရက်

* Night Safety ဒေတာ ပက်ကေ့ချ် များစွ ဝယ်ယူသုံးစွဲသူများအနေဖြင့် နောက်ဆုံး ဝယ်ယူထားသော ပက်ကေ့ချ် ၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။

ဥပမာ ၁။ ကန့်သတ်မှုမရှိဘဲ ပုံမှန်မြန်နှုန်းနှင့် အသုံးပြုနိုင်မည့် (without speed throttling) “Night Safety Data Package” ကို ဝယ်ယူထားပြီး ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်သော “Night Safety Data Package” ကို ထပ်မံဝယ်ယူပါက အသုံးပြုနိုင်သောဒေတာပမာဏ ပေါင်း စည်းသွားမည်ဖြစ်ပြီး ၊ မြန်နှုန်းသတ်မှတ်ချက်မှာလည်း နောက်ဆုံး ဝယ်ယူထားသည့် ပက်ကေ့ချ်၏ မြန်နှုန်းသတ်မှတ်ချက်အတိုင်း အသုံးပြုနိုင်မည်ဖြစ်သည်။ သက်တမ်းမှာမူ ရက်အကြာဆုံးရှိသည့် ပက်ကေ့ချ် ၏ သက်တမ်းအတိုင်း အသုံးပြုနိုင်မည် ဖြစ်သည်။
ဥပမာ ၂။ သုံးစွဲသူများထံတွင် အခြား ပက်ကေ့ချ်များ (ဥပမာ-Mobile Legend ဒေတာပက်ကေ့ချ်) နှင့် “Night Safety Date Package” ရှိသည်ဆိုပါက “Night Safety Data Package” ၏ ဒေတာ ပမာဏကို အရင်ဆုံး အသုံးပြုဖြတ်တောက်သွားမည်ဖြစ်သည်။
အဆိုပါ ဒေတာပက်ကေ့ချ် ဝယ်ယူထားသောသုံးစွဲသူများသည် ညစဉ် ည ၁၁ နာရီ နှင့် နံနက် ၇ နာရီ ကြား အသုံးပြုနိုင်မည် ဖြစ်ပြီး ပက်ကေ့ချ် ဝယ်ယူအသုံးပြုမှုအတွက် မိမိ၏မူလ လက်ကျန်ငွေ (သို့မဟုတ်) အပိုဆောင်းဒေတာများနှင့် အခြား (Standard Internet Package) များထက်အရင် “Night Safety Data Package” မှ အသုံးပြုဖြတ်တောက် သွားမည်ဖြစ်သည်။
အဆိုပါ “Night Safety” ဒေတာပက်ကေ့ချ်ကို ဝယ်ယူလိုပါက *233# ကိုခေါ်ဆို၍ နှစ်သက်ရာ ပက်ကေ့ချ်ကို ရွေးချယ် ဝယ်ယူခြင်းဖြင့်သော်လည်းကောင်း MPT 4U အက်ပလီကေးရှင်းမှတစ်ဆင့်လည်း အဆိုပါ ပက်ကေ့ချ်ကို ဝယ်ယူမည်ဆိုပါက ထပ်မံ၍ အပိုဆောင်းဒေတာများကို ပျော်ရွှင်စွာ အသုံးပြုနိုင်မည် ဖြစ်သည်။ အဆိုပါ ညသုံးဒေတာပက်ကေ့ချ်ကို ဝယ်ယူခြင်းဖြင့် MPT ၏ မြန်ဆန်သော 3G/LTE+ ဖြင့် အင်တာနက်အသုံးပြုခြင်းကို 1MB လျှင် ၁ကျပ် မှစတင်၍ ဈေးနှုန်းသက်သာစွာဖြင့် အသုံးပြုနိုင်မည်ဖြစ်သည်။
MPT-KSGM Joint Operations ၏ စီးပွားရေး ဌာနကြီးမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda မှ “ကျွန်တော် တို့ပေးအပ်လိုက်တဲ့ စိတ်ဝင်စားဖွယ်ရာ ဆွဲဆောင်နိုင်တဲ့ ဈေးနှုန်းတွေနဲ့အတူ MPT သုံးစွဲသူတွေ ဒေတာ အလွန်အကျွံ အသုံးပြုမိမှာကို စိုးရိမ်နေဖို့မလိုတော့ပါဘူး။ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေ သူတို့ လိုချင်သလို နေ့အချိန်ထက် ညဘက်မှာ အင်တာနက်မြန်နှုန်းကို ထိန်းညှိပြီးအသုံးပြုနိုင်ဖို့ ရွေးချယ်နိုင်မှာဖြစ်ပါတယ်။ အခု ဒေတာပက်ကေ့ချ်ပရိုမိုးရှင်းအစီအစဉ်က သုံးစွဲသူတွေအတွက် 1MB ကို ၁ ကျပ်တည်းနဲ့ အရည်အသွေးကောင်းတဲ့အင်တာနက်ကို ရယူအသုံးပြုနိုင်မှာ ဖြစ်ပြီး ဗွီဒီယိုဂိမ်းတွေဆော့နိုင်တယ်၊ ဗွီဒီယိုတွေကြည့်နိုင်တယ်၊ ဒေတာနဲ့ အသုံးပြုရတဲ့ အက်ပလီကေးရှင်း တွေကိုစိတ်ကြိုက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးများတဲ့အချိန်ပြီးသွားရင်တော့ တစ်စက္ကန့်လျှင် ကန့်သတ်မြန်နှုန်း 1.5 MB ဖြင့် အသုံးပြုနိုင်တဲ့ “Night Safety Data Package” က အခြားဒေတာပက်ကေ့ချ် (သို့မဟုတ်) ကြိုက်သလောက်သုံး ကျသင့်သလောက်ပေး (PAYG) တွေထက် ဒေတာသုံးစွဲမှုနှုန်းကို ပိုပြီးသက်သာစေပါတယ်” ဟုပြောကြားခဲ့သည်။
MPT ၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများအကြောင်းကို ပိုမိုသိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ဖုန်းခေါ်ဆို၍ သော်လည်းကောင်း၊ MPT ၏ တရားဝင် facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ (သို့မဟုတ်) MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm သို့လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။