×

MPT မှ Viu နှင့် ပူးပေါင်း၍ ထောင်ပေါင်းများစွာသောရုပ်ရှင်များနှင့်တီဗွီရှိုးအစီအစဉ်များကိုဝန်ဆောင်ခပေးရန်မလိုဘဲဝင်ရောက်ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ပြီ

29 Aug 2019

(ရန်ကုန်၊ ၂၀၁၉ခုနှစ် သြဂုတ်လ ၂၉ ရက်) – မြန်မာနိုင်ငံ၏ပထမဦးဆုံးနှင့်ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ ဖြစ်သည့် MPT သည် တရုတ်၊ ကိုရီးယား၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နှင့် မြန်မာနိုင်ငံများမှ အကောင်းဆုံးရုပ်ရှင်များနှင့်ရုပ်သံအစီအစဉ်များကိုViuအက်ပလီကေးရှင်းနှင့် ဝက်ဘ်ဆိုက်တို့မှတစ်ဆင့် လွယ်ကူစွာဝင်ရောက် ကြည့်ရှုနိုင်ရန် ဆောင်ရွက်လိုက်ပြီဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ပြည်တွင်း၊ ပြည်ပမှ ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာထောင်ပေါင်းများစွာသောရုပ်ရှင်နှင့် တီဗွီရှိုးအစီအစဉ်များကို၁၀၀ ရာခိုင်နှုန်း မြန်မာစာတန်းထိုးဖြင့်Viuမိုဘိုင်းလ် အက်ပလီကေးရှင်း မှတစ်ဆင့် ဝန်ဆောင်ခပေးရန်မလိုဘဲပျော်ရွှင်စွာကြည့်ရှုနိုင်ပြီဖြစ်သည်။
“ကျွန်တော်တို့ဟာ မြန်မာနိုင်ငံကအိမ်ထောင်စုတိုင်းဆီကို ပြည်တွင်းနဲ့ပြည်ပကအထူးဖျော်ဖြေရေးအစီအစဉ်တွေကြည့်ပြီးပျော်ရွှင်မှုနဲ့ရယ်မောခြင်းတွေကိုယူဆောင်နိုင်စေဖို့Viuနဲ့တွဲဖက်လုပ်ကိုင်ခဲ့ပါတယ်။ကျွန်တော်တို့ရဲ့ပရိသတ်တွေအနေနဲ့အံ့အားသင့်ဖွယ်ရာအာရှကရုပ်ရှင်တွေကိုမိမိတို့ရဲ့မိုဘိုင်းလ်ဖုန်းတွေကနေအချိန်တိုင်း၊နေရာတိုင်းမှာကြည့်ရှုနိုင်တော့မှာဖြစ်ပါတယ်။ MPT ရဲ့နိုင်ငံအဝှမ်းကိုဖြန့်ကျက်ထားတဲ့မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက်နဲ့အတူViuရဲ့အဆင့်မြင့်နည်းပညာတို့ရဲ့ပေါင်းစပ်မှုတွေကြောင့်သုံးစွဲသူတွေအနေနဲ့ရုပ်ရှင်နှင့် တီဗွီရှိုးများကိုကြည့်ရှုရာမှာအပြတ်အတောက်မရှိဘဲကောင်းမွန်ချောမွေ့စွာကြည့်ရှုနိုင်မယ့်အတွေ့အကြုံတွေကိုရရှိမှာဖြစ်တယ်”ဟုMPT-KSGM Joint Operations ၏ စီးပွားရေးဌာနကြီးမှ အရာရှိချုပ်ဖြစ်သူMr.Reizo Umeda မှပြောကြားခဲ့သည်။
MPT သုံးစွဲသူများသည် Viuအက်ပလီကေးရှင်းမှတစ်ဆင့် ထောင်ပေါင်းများစွာသောဖျော်ဖြေရေးရုပ်ရှင်များ၊ ရုပ်သံအစီအစဉ်များ၊ “Viuတွင်သာရရှိနိုင်သည့် ဇာတ်လမ်းတွဲ” များကိုမည်သည့်ထပ်ဆောင်းဝန်ဆောင်ခမျှ ပေးစရာမလိုဘဲရိုးရှင်းစွာဝင်ရောက်ကြည့်ရှုနိုင်ပါသည်။ “ငယ်ကျွန်” နှင့် “Dark Flight” စသည့် လူကြည့်များသောရုပ်ရှင်ဇာတ်ကားများအပြင် “The Last Empress”၊ “မင်္ဂလာရှိတဲ့ အရပ်” နှင့် “Naagin”ကဲ့သို့ဇာတ်လမ်းတွဲများကိုလည်းမည်သည့်အခကြေးငွေမျှ ထပ်မံပေးသွင်းစရာမလိုဘဲ ကြည့်ရှုနိုင်ပါသည်။ သုံးစွဲသူများသည် ဝယ်ယူထားပြီးသားအင်တာနက် ပက်ကေ့ချ် မှ သို့မဟုတ် သုံးသလောက်ကျသင့်သည့်အင်တာနက် အသုံးပြုခနှုန်းထားတို့ဖြင့် ကြည့်ရှုနိုင်မည်ဖြစ်သည်။MPT မိုဘိုင်းလ်အင်တာနက်ကိုအသုံးပြုရုံဖြင့် စာရင်းသွင်းရယူခြင်းကိုလုပ်ဆောင်ရန်မလိုအပ်ဘဲViu app ကိုဖွင့်၍ အကြိုက်ဆုံးရုပ်ရှင်ဇာတ်ကားများကိုလွယ်ကူစွာဖြင့် စတင်ကြည့်ရှုနိုင်ပါသည်။
“မြန်မာနိုင်ငံကများစွာသောသုံးစွဲသူတွေကဖျော်ဖြေရေးအတွက်စမတ်ဖုန်းကိုအဓိကမှီခိုနေကြပါတယ်။အဲဒါကြောင့်ကျွန်မတို့အနေနဲ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာတစ်ခုဖြစ်တဲ့ MPT နဲ့ပူးပေါင်းလုပ်ဆောင်ဖို့အတွက်အလွန်ပဲစိတ်အားထက်သန်နေပါတယ်။ဒီလိုပူးပေါင်းဆောင်ရွက်မှုကတစ်ဆင့်ကျွန်မတို့ရဲ့ကတိကဝတ်ဖြစ်တဲ့ မြန်မာနိုင်ငံကသုံးစွဲသူတွေအတွက်အာရှနိုင်ငံတွေဖြစ်တဲ့ကိုရီးယား၊ထိုင်း၊အိန္ဒိယနဲ့မြန်မာနိုင်ငံကအကောင်းဆုံးနဲ့နောက်ဆုံးပေါ်ဖျော်ဖြေရေးအစီအစဉ်တွေကိုပိုမိုယူဆောင်လာနိုင်ဖို့အတွက် အထောက်အပံ့ဖြစ်စေမှာပါ။Viuအနေနဲ့ဘယ်သူ့ကိုမဆိုကောင်းမွန်တဲ့ရုပ်ရှင်အစီအစဉ်တွေကိုခံစားကြည့်ရှုစေချင်တဲ့အတွက် MPT နဲ့အတူပူပေါင်းဆောင်ရွက်ခြင်းကတစ်ဆင့် ဒါတွေကိုတကယ်ဖြစ်အောင်ဆောင်ရွက်နိုင်ပြီဖြစ်ပါတယ်။”ဟုViu Myanmar ၏ Senior Vice President and Country Manager ဖြစ်သူMs.LavinaTauroမှပြောကြားခဲ့သည်။

အာရှနိုင်ငံများမှ ထိပ်တန်းရုပ်ရှင်ထုတ်လုပ်သူများ၏ မတူညီသောရုပ်သံအမျိုးအစားများကို မြန်မာစာတန်းထိုးဖြင့် ကြည့်ရှုနိုင်ရန်အတွက် Viu မှ အကောင်းဆုံးရွေးချယ်ဆောင်ရွက်ပေးထားပါသည်။ ထို့အပြင် နောက်ဆုံးထွက်ရှိထားသည့် ကိုရီးယားဒရမ်မာ (K-drama) စီးရီးအချို့နှင့် Variety Show ပေါင်းများစွာကိုမူရင်းထုတ်လွှင့်မှုအပြီးနာရီအနည်းငယ်အတွင်းViuတွင်ကြည့်ရှုနိုင်ပါသည်။ MPTViuသုံးစွဲသူများသည် ဗွီဒီယိုများကိုViu app ထဲသို့ဒေါင်းလုတ် ရယူကာ offline ဖြင့် မိုဘိုင်းလ်ဖုန်းများနှင့်တက်ဘလက်များတွင်လည်း ကြည့်ရှုနိုင်သည်။ Viuအက်ပလီကေးရှင်းကိုဒေါင်းလုတ်ရယူရန် Google Play Store သို့မဟုတ် ဖော်ပြပါလင့်ခ်သို့ https://www.viu.com/ott/web/mm/viu.apkဝင်ရောက်နိုင်ပါသည်။
MPT ၏ထုတ်ကုန်များနှင့်ဝန်ဆောင်မှုများအတွက်ပိုမိုသိရှိလိုပါကဖုန်းနံပါတ်၁၀၆သို့ဖုန်းခေါ်ဆို၍ ဖြစ်စေ၊ MPT ၏တရားဝင်Facebook ဖြစ်သည့် https://www.facebook.com/mptofficialpage/ နှင့် MPT ၏တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သည့် www.mpt.com.mm တို့သို့ ဖြစ်စေဝင်ရောက်ကြည့်ရှု နိုင်ပါသည်။