×

MPT သုံးစွဲသူတိုင်း ကံထူးနိုင်မည့် Lucky Bonus ပရိုမိုးရှင်းအစီအစဉ်သစ်

31 Aug 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ်၊ သြဂုတ်လ ၃၁ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က တစ်မူထူးခြားသည့် Lucky Bonus ပရိုမိုးရှင်းအစီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ စက်တင်ဘာ (၁) ရက်နေ့မှစ၍ MPT ၏ ကြိုတင်ငွေဖြည့်စနစ် (Prepaid) သုံးစွဲသူများအနေဖြင့် ၎င်းတို့ ဖြည့်သွင်းလိုက်သည့် ငွေပမာဏ၏ ၁၂၀% အထိ Lucky Bonus ငွေဖြည့်လက်ဆောင်များကို ပြန်လည်ရရှိနိုင်မည်ဖြစ်ပြီး E-Top Up သို့မဟုတ် MPT4U မှတစ်ဆင့် ငွေဖြည့်သွင်းသူတိုင်း အဆိုပါ ငွေဖြည့်လက်ဆောင်အစီအစဉ်တွင် အကျုံးဝင် မည်ဖြစ်ပြီး Lucky Bonus များကို ရရှိမည်ဖြစ်သည်။

သုံးစွဲသူများအနေဖြင့် အဆိုပါ Lucky Bonus ပရိုမိုးရှင်းအစီအစဉ်တွင် ပါဝင်နိုင်ရန် *700# ကိုဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) 700 သို့ “Lucky” ဟု SMS ပေးပို့ခြင်းဖြင့် စာရင်းသွင်းရန်လိုအပ်ပြီး E-top up သို့မဟုတ် MPT4U မှ တစ်ဆင့် အနည်းဆုံး ငွေ ၁,၀၀၀ ကျပ် ဖုန်းဘေလ်ဖြည့်သွင်းရန် လိုအပ်မည်ဖြစ်ပြီး ငွေဖြည့်သွင်းသည့် အကြိမ်တိုင်းအတွက် ငွေဖြည့်လက်ဆောင်အပိုဆုများကို အနည်းဆုံး ၂၀ % မှ ၁၂၀ % အထိ ကံထူးနိုင်မည်ဖြစ်သည်။ Lucky Bonus အပိုဆုလက်ဆောင်များကို MPT ဖုန်းအချင်းချင်း ခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်း နှင့် သုံးသလောက်သာကျသင့်မည့် ဒေတာအသုံးပြုခြင်း (PAYG Data) တို့ကို ၃ ရက်အတွင်း အသုံးပြုနိုင်မည်ဖြစ်သည်။ Lucky Bonus ပရိုမိုးရှင်းအစီအစဉ်ကို စက်တင်ဘာလ ၃၀ ရက်နေ့အထိ ရယူအသုံးပြုနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations စီးပွားရေးဌာနကြီး၏ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “MPT သုံးစွဲသူတိုင်း ဒီအစဉ်ကနေ ကံထူးရှင်တွေဖြစ်နိုင်တော့မယ်ဆိုတာကို အသိပေးကြေညာပေးရတဲ့အတွက် အရမ်းပဲ ဝမ်းသာပျော်ရွှင်မိပါတယ်။ သုံးစွဲသူတွေအားလုံးအတွက် လွယ်ကူအဆင်ပြေတဲ့ ကျွန်တော်တို့ရဲ့ E-top up ဒါမှမဟုတ် MPT4U ကိုအသုံးပြုရင်း အရည်အသွေးမြင့်မားတဲ့ MPT ရဲ့ ဆက်သွယ်ရေး ကွန်ရက်ကနေ တစ်ဆင့် မိသားစု နဲ့ မိတ်ဆွေအပေါင်း အသင်းတွေဆီကို စိတ်ကြိုက်ဆက်သွယ်နိုင်ဖို့ Lucky Bonus အပိုဆုလက်ဆောင်တွေကို အထူးအစီအစဉ်အဖြစ် ပေးအပ်သွားတော့မှာပါ။ ဒါ့အပြင် ပရိုမိုးရှင်းကာလအတွင်း သောကြာနေ့တိုင်းငွေဖြည့်တဲ့ သုံးစွဲသူတွေအနေနဲ့ Lucky Bonus အစီအစဉ်အသစ်ကို ကံစမ်းနိုင်တဲ့အပြင် အရင်ရှိပြီးသား သောကြာနေ့ငွေဖြည့် အပိုဆုလက်ဆောင်တွေကိုလည်း ရရှိနိုင်မှာဖြစ်လို့ အပိုလက်ဆောင် ဆုတွေကို နှစ်ထပ်ကွမ်းရရှိမှာပါ။ MPTဟာ ကျွန်တော်တို့ တန်ဖိုးထားရတဲ့ သုံးစွဲသူတွေအတွက် လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ အစီအစဉ်သစ်တွေကို အစဉ်အမြဲဖန်တီး ဆောင်ရွက်ပေးနေမယ်ဆို တာကိုလည်း ပြောကြားလိုပါတယ်။” ဟု ပြောသည်။

MPT သည် သုံးစွဲသူများပိုမို အဆင်ပြေလွယ်ကူစွာ အသုံးပြုနိုင်ရေးအတွက် ပရိုမိုးရှင်းအစီအစဉ်သစ်များ၊ အပိုလက်ဆောင်များ နှင့် လက်ဆောင်ဆုချီးမြှင့်ခြင်းအစီအစဉ်များကို ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိပါသည်။ MPT ၏ နောက်ဆုံးပေါ် အစီအစဉ်သစ်များ၊ ဈေးနှုန်းသင့်တင့်သော ဒေတာ နှင့် အသံဝန်ဆောင်မှု ဆိုင်ရာအစီ အစဉ်များအကြောင်း အသေးစိတ်သိရှိလိုပါက http://mpt.com.mm/mm/ တွင် ဝင်ရောက်ကြည့်ရှု့နိုင် ပါသည်။