×

MPT သုံးစွဲသူများသည် MPT Viber Community မှတစ်ဆင့် “တူတူ Chat” Live Chatbot ဝန်ဆောင်မှုများကို အသုံးပြုနိုင်ပြီ

10 Mar 2022

(ရန်ကုန်၊ ၂၀၂၂ ခုနှစ်၊ မတ်လ ၁၀ ရက်)- MPT သည် သုံးစွဲသူများအတွက် အဆင်ပြေဆုံးနှင့် ယုံကြည်စိတ်ချရပြီး ဆန်းသစ်သော ဝန်ဆောင်မှုများကို ပေးအပ်ရန် အမြဲတစေကြိုးပမ်း ဆောင်ရွက်လျက်ရှိသည်နှင့်အညီ ယခုအခါ ၎င်း၏ Viber Community တွင် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Live Chatbot ဝန်ဆောင်မှု “ တူတူ Chat” ကို ယနေ့ ထည့်သွင်းလိုက်ပြီဖြစ်သည်။

အဆိုပါ လုပ်ဆောင်ချက်အသစ်နှင့်အတူ Viber အသုံးပြုသူများအနေဖြင့် MPT ၏ ထုတ်ကုန် နှင့် ဝန်ဆောင်မှု များကို အလွယ်တကူ သိရှိနိုင်သည့်အပြင် သုံးစွဲသူများ၏ လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန် အမြဲအဆင်သင့် ရှိနေသော MPT ၏ သုံးစွဲသူ ဝန်ဆောင်မှုဌာနသို့လည်း သိရှိလိုသည့် ဝန်ဆောင်မှုများကို စုံစမ်း မေးမြန်းနိုင်မည် ဖြစ်သည်။

MPT Viber Community မှတစ်ဆင့် “တူတူ Chat” Live Chatbot ဝန်ဆောင်မှုဖြင့် သုံးစွဲသူများသည် အမျိုးမျိုးသော ဝန်ဆောင်မှုများဖြစ်သည့် ဒေတာနှင့် အသံပက်ကေ့ချ်များ၊ ထပ်ဆောင်းဝန်ဆောင်မှုများနှင့် အထူးကမ်းလှမ်းချက်များဝယ်ယူခြင်း၊ MPT Club ဝန်ဆောင်မှုများနှင့် MPT ပရိုမိုးရှင်းများ၊ ထပ်ဆောင်း ဝန်ဆောင်မှုများ စာရင်းသွင်းခြင်းနှင့် ပယ်ဖျက်ခြင်းများကို အချိန်မရွေး ဆောင်ရွက်နိုင်မည် ဖြစ်သည်။

MPT သည် မြန်မာပြည်သူပြည်သားများအတွက် နေ့စဉ်လိုအပ်သော ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပံ့ပိုးပေးရန် အတွက် မိမိတို့၏ယုံကြည်ချက်ဖြစ်သည့် “အတူလက်တွဲအမြဲရှိမည် MPT” ဟူသည့် ဆောင်ပုဒ်ဖြင့် အတူတကွ ကြိုးပမ်းဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကတိပြုပါသည်။

သုံးစွဲသူများသည် MPT Viber Community အတွက် တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးသည့် Chatbot ဝန်ဆောင်မှု “ တူတူ Chat” ကို လွယ်ကူစွာ ရယူအသုံးပြုနိုင်ရန် အောက်ပါအဆင့်များအတိုင်း ဆောင်ရွက်နိုင်ပါသည်။

အဆင့် ၁။ ။ MPT Viber မှ Viber Chatbot ကိုရွေးပါ။

အဆင့် ၂။ ။ ဘာသာစကား ကို ရွေးချယ်ပါ။

အဆင့် ၃။ ။ မိမိ၏ လိုအပ် ချက်ကို ရွေးချယ်ပါ။

MPT က သုံးစွဲသူများ၏ နေ့စဉ် ဆက်သွယ်ရေး လိုအပ်ချက်များကို ပိုမိုအဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်ရန်  MPT4U အက်ပလီကေးရှင်း နှင့် တရားဝင် ဝက်ဘ်ဆိုက်စာမျက်နှာတို့တွင် တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Live Chatbot ဝန်ဆောင်မှုဖြစ်သည့် “တူတူChat” ကို ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ပထမဆုံး မိတ်ဆက်ခဲ့ပြီး အလိုအလျောက် အပြန်အလှန် ဖြေကြားပေးသည့် IVR စနစ်များလည်း ဆောင်ရွက်ထားပြီး ဖြစ်သည်။ ယခုအခါ MPT Viber Community တွင် Chatbot ဝန်ဆောင်မှုကို  သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် ရည်ရွယ်၍  ထည့်သွင်း ဆောင်ရွက်လိုက်ခြင်းဖြစ်ပါသည်။

MPT Viber Community သည် သုံးစွဲသူများ၏ နေ့စဉ် လိုအပ်ချက်များနှင့် ကိုက်ညီစေရန် အထူးပရိုမိုးရှင်းများ အပါအဝင် ထုတ်ကုန်များနှင့် ဝန်ဆောင်မှုအသစ်များအကြောင်း သတင်းအချက်အလက်များအား MPT သုံးစွဲသူများထံ ပေးအပ်ရန်အတွက် အဆင့်မြှင့်တင်ထားသော ပလက်ဖောင်းတစ်ခုဖြစ်သည်။

MPT သည် ၎င်း၏နေ့စဉ်လုပ်ငန်းလည်ပတ်ဆောင်ရွက်မှုများတွင် သုံးစွဲသူအတွေ့အကြုံများ ဆက်လက် တိုးတက်ကောင်းမွန်လာစေရန် နည်းလမ်းများကို စဉ်ဆက်မပြတ် ရှာဖွေနေပြီး မြန်မာပြည်သူပြည်သားများ၏ ဒီဂျစ်တယ် လူမှုဘဝတိုးတက်ကောင်းမွန်လာစေရန်နှင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ စဉ်ဆက်မပြတ် ပေးအပ်ရန် အမြဲကြိုးစားလျက်ရှိပါသည်။

သုံးစွဲသူများသည် MPT အကြောင်းကို အသေးစိတ်သိရှိလိုပါက MPT ၏ တရားဝင် ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှုနိုင်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်းနှင့် တရားဝင် ဝက်ဘက်ဆိုက်တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။