×

MPT သုံးစွဲသူများအတွက် သီချင်းနှင့် ဖျော်ဖြေရေးကဏ္ဍများ ဆောင်ယူပေးရန် MPT နှင့် Big 9 တို့ပူးပေါင်းဆောင်ရွက်

30 Mar 2018

(ရန်ကုန်၊ ၃၀ ရက် မတ်လ ၂၀၁၈) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT က Big 9 နှင့်အတူ ပူးပေါင်း၍ MPT သုံးစွဲသူများအတွက် တေးသီချင်းများအပါအဝင် စိတ်ဝင်စားဖွယ်ရာ ဖျော်ဖြေရေးကဏ္ဍများစွာ ပါ၀င်မည့် Big 9 Go အက်ပလီကေးရှင်းကို စတင်မိတ်ဆက်လိုက်ပြီဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ MPT သုံးစွဲသူများအနေဖြင့် Big 9 Go အက်ပလီကေးရှင်း မှတစ်ဆင့် နောက်ဆုံးပေါ် တေးဂီတရုပ်သံဗွီဒီယိုများကို အချိန်နှင့်အမျှရယူကြည့်ရှု့နိုင်မည့်အပြင် အထူးသီးသန့် ဖျော်ဖြေရေးအစီအစဉ်များစွာကိုလည်း ရယူခံစားနိုင်မည် ဖြစ်သည်။

Big 9 Go အက်ပလီကေးရှင်းမှာ ပြည်တွင်းထုတ် ဖျော်ဖြေရေးဝန်ဆောင်မှု အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီး Iron Cross Music Band မှ နိုင်ငံကျော် ဂီတအနုပညာရှင် များဖြစ်သော လေးဖြူ၊ မျိုးကြီးတို့မှ ဦးစီးဆောင်ရွက်နေခြင်းဖြစ်သည်။ ယခုကဲ့သို့ ပူးပေါင်းဆောင်ရွက်မှုကြောင့် နိုင်ငံတစ်ဝန်းရှိ MPT သုံးစွဲသူများအနေဖြင့် တေးသီချင်းများနှင့် ဖော်ပြပါ ဖျော်ဖြေရေး ကဏ္ဍများကို အကန့်အသတ်မရှိ နားဆင်ခံစားနိုင်မည်ဖြစ်သည်။ Big 9 Go ဝန်ဆောင်မှုတွင် Iron Cross ၀ုိင်းတော်သားများ၏ သီချင်းများအပြင် Lifestyle, ဖျော်ဖြေရေး၊ ဖက်ရှင်နှင့် အလှအပရေးရာ၊ ကျန်းမာရေး၊ အားကစား၊ ခရီးသွားတင်ဆက်မှုတွေ ကိုပါ ရယူနိုင်မည်ဖြစ်သည်။

MPT သုံးစွဲသူများအနေဖြင့် Big 9 Go အက်ပလီကေးရှင်းကို တစ်ရက်လျှင် ၉၉ ကျပ်နှုန်းဖြင့် သက်သာစွာ ရယူနိုင်ပြီး တေးသီချင်းများ၊ ဖျော်ဖြေရေးကဏ္ဍများ ကို အကန့်အသတ်မရှိ ရယူအသုံး ပြုမည်နိုင်မည် ဖြစ်သည်။ ထို့အပြင် သုံးစွဲသူများ စိတ်ကြိုက်ခံစားနိုင်ရန် ရည်ရွယ်၍ ဝန်ဆောင်မှုစတင် ရယူသုံးစွဲသူတိုင်း တစ်ပတ်အခမဲ့သုံးစွဲနိုင်မည်ဖြစ်ပါသည်။ အင်တာနက်အသုံးပြုခအတွက် ကျသင့်မည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Rezio Umeda က “ကျွန်တော်တို့ MPT အနေနဲ့ သုံးစွဲသူတွေကို စိတ်ဝင်စားဖွယ်ရာ တေးသီချင်းနှင့် ဖျော်ဖြေရေး ကဏ္ဍများကို ယူဆောင်လာပေးမယ့် Big 9 နဲ့ ပူးပေါင်း ဆောင်ရွက်နိုင်လို့ အရမ်းပဲ ပျော်ရွှင်မိပါတယ်။ သုံးစွဲသူတွေက မိုဘိုင်းလ်ဖုန်းထဲမှာ သီချင်းနှင့် အခြားသော ဗွီဒီယိုတွေကို သိမ်းဆည်းဖို့ နေရာပေး စရာမလိုဘဲ MPT ရဲ့ မြန်နှုန်းမြင့် 4G LTE+ ကွန်ရက်ပေါ်ကနေတစ်ဆင့် တိုက်ရိုက်ခံစားကြည့်ရှုလို့ရပါပြီ” ဟု ပြောကြားခဲ့ပါသည်။

Big 9 Go အက်ပလီကေးရှင်းကို Android ဖုန်းများတွင် ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး Google Play (သို့မဟုတ်) http://bg.lotayamm.com တွင် ဝင်ရောက်၍ ဒေါင်းလုတ်ယူနိုင်မည်ဖြစ်သည်။ အသေးစိတ်သိရှိလိုပါက MPT Call Centre ၁၀၆ ၊ Hotline နံပါတ် ၀၉-၄၄၁၁၂၂၂၂၅ သို့ ဆက်သွယ်မေးမြန်းနိုင်မည်ဖြစ်သည်။