×

MPT သုံးစွဲသူများအတွက် အနာဂတ်ဟောစာတမ်းများ ရယူနိုင်မည့် နေလ အက်ပလီကေးရှင်းအသစ်

21 Mar 2018

(ရန်ကုန်၊ ၂၁ မတ် ၂၀၁၈) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သည့် MPT က ဗေဒင် ချစ်သူများအတွက် နေလအမည်ရှိ အက်ပလီကေရှင်းအသစ်ကို ယနေ့ စတင်မိတ်ဆက်လိုက်ပါသည်။ အဆိုပါ နေလ အက်ပလီကေးရှင်း မိုဘိုင်းလ်ဝန်ဆောင်မှုတွင် သုတ၊ ရသများ၊ အချစ်ရေး၊ အိမ်ထောင်ရေး၊ ကျန်းမာရေး၊ အလုပ်အကိုင်၊ ပညာရေး နှင့် မိသားစုအရေး အစရှိ သည်တို့နှင့် ပတ်သက်သော ဗေဒင် တွက်ချက်မှု ဟောစာတမ်းအမျိုးမျိုးတို့ကို MPT သုံးစွဲသူများက ဖတ်ရှုလေ့လာနိုင်မည် ဖြစ်ပါသည်။

MPT အနေဖြင့် သုံးစွဲသူများ၏ နေ့စဉ်ဘဝတွင် ကံမြင့်လာဘ်ပွင့်စေရန် ရည်ရွယ်၍ နေလ မိုဘိုင်းလ် အက်ပလီကေးရှင်းကို စတင်မိတ်ဆက်ခြင်းဖြစ်ပြီး ၎င်းအက်ပလီကေးရှင်းတွင် တားရော့၊ ဆယ့်နှစ်ရာသီ ဂြိုလ်ခွင်နှင့်ဆက်စပ်သော ဗေဒင်ပေါင်းချုပ်၊ မင်္ဂလာမြန်မာ နှစ်၁၀၀ပြက္ခဒိန်၊ မဟာဘုတ်၊ ဖုန်းရွှေတွက်နည်း အပြင် အခါကြီးရက်ကြီးများနှင့် ပွဲတော်ရက်များကိုလည်း ကြည့်ရှုနိုင်မည်ဖြစ်သည်။ အဆိုပါ အက်ပလီ ကေးရှင်းတွင် တရုတ်ရိုးရာဇာတာခွင်များ၊ သတင်းအချက်အလက်များကိုလည်း ဖတ်ရှုနိုင်မည် ဖြစ််သည်။

ယခု ဝန်ဆောင်မှုကို MPT သုံးစွဲသူများသာ ရယူအသုံးပြုနိုင်မည်ဖြစ်ပြီး ကုန်သွယ်ခွန်အပါအဝင် သင်တင့်သော နှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၁၅၈ ကျပ်သာ ကျသင့်မည်ဖြစ်သည်။ MPT က မြန်မာ့နှစ်သစ်ကူး အခါသမယကို ကြိုဆိုသောအားဖြင့် နေလဝန်ဆောင်မှုကို ရယူထားသော သုံးစွဲသူတိုင်းအတွက် ရရက်တာ အခမဲ့ အသုံးပြုခွင့်ပေးအပ်မည်ဖြစ်သည့်အပြင် ပရိုမိုးရှင်းကာလဖြစ်သည့် (၂၁-၃-၂၀၁၈ မှ ၂၀-၄-၂၀၁၈) အတွင်း ဝန်ဆောင်မှုရယူထားသူများ အနေဖြင့် “တန်ခူး”ကံစမ်းမဲ အစီအစဉ်တွင် ပါဝင်ခွင့်ရရှိမည်ပြီး မော်တော်ဆိုင်ကယ် (၃)စီးနှင့် (၃၀၀၀) ကျပ်တန် ငွေဖြည့်ကတ်ဆုမဲ (၁၀၀)ကို ကံစမ်းရရှိနိုင်မည် ဖြစ်သည်။

နေလအက်ပလီကေးရှင်းအား ရယူအသုံးပြုလိုသူ MPT သုံးစွဲသူများအနေဖြင့် ဝန်ဆောင်မှုကို အသုံးပြုရန် 8998 သို့ “DL” ဟု စာတိုပေးပို့ ရမည်ဖြစ်သည်။ ထို့အပြင် နေလ အက်ပလီကေးရှင်းကို Google Play Store နှင့် လိုတရဝက်ဘ်ဆိုက်၏ [http://nl.lotayamm.com] တွင် ဒေါင်းလုတ်ရယူနိုင်သည်။ အဆိုပါ အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူပြီးသည်နှင့် ဝန်ဆောင်မှုအား လွယ်ကူစွာ ရယူအသုံးပြုနိုင်ပြီ ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ကျွန်တော်တို့ရဲ့ မြန်နှုန်းမြင့် 3G နဲ့ 4G LTE+ ဆက်သွယ်ရေးကွန်ရက်ကို မိတ်ဆက်ပေးပြီးကတည်းက ပိုမို ကောင်းမွန်တဲ့အစီအစဉ်တွေကို MPTသုံးစွဲသူတွေအတွက် ကျယ်ကျယ်ပြန် ့ပြန် ့အသုံးပြုနိင်ဖို့ လုပ်ဆောင် နေပါတယ်။ ဒီအက်ပလီကေးရှင်းမှာ MPT အသုံးပြုသူတိုင်းက နေ့စဉ်ဘဝ တွေ အတွက် ဗေဒင်ပညာရှင်တွေ တွက်ချက်ထားတဲ့ ဟောစာတမ်းတွေကို လွယ်ကူရိုးရှင်းစွာနဲ့ သက်သာတဲ့နှုန်းထားတစ်ခုနဲ့ ဖတ်ရှုနိုင်အောင် မိတ်ဆက်ပေးခွင့်ရတဲ့အတွက် အလွန်ပဲကျေနပ်မိပါတယ်”ဟု ပြောကြားသည်။

အလားတူပင် Htut Company ၏ MD ဖြစ်သူ ဦးဝေဖြိုး က “ ကျွန်တော့်အနေနဲ့ MPT နဲ ့အခုလို လက်တွဲပီး နေလ မိုဘိုင်းလ်အက်ပလီကေးရှင်းကို ဖြန့်ချိခွင့်ရတဲ့အတွက် တကယ့်ကိုဂုဏ်ယူမိပါတယ်။ သုံးစွဲသူတွေ အတွက် စေတနာ၊ မေတ္တာနဲ့ ကံကောင်းခြင်းတွေရဖို့ ဒီအက်ပလီကေးရှင်းကို လုပ်ဆောင်ခဲ့တာဖြစ်ပြီး နည်းပညာဖွံ့ဖြိုးတိုးတက်လာတာနဲ့အညီ ပိုမိုကောင်းမွန်တဲ့ တစ်ခြားအက်ပလီကေးရှင်းတွေကို ဆက်ထုတ်ဖို့လည်း ဆောင်ရွက်နေပါတယ်။ ရှေ့သို့လှမ်းချီ မြန်မာပြည် ဆိုတဲ့ MPTရဲ့ ဆောင်ပုဒ်အတိုင်း ကျွန်တော့်တို့ဘက်ကလည်း ပိုပြီးကောင်းမွန်တဲ့ စိတ်ချယုံကြည်ရတဲ့ ၀န်ဆောင်မှုတွေကို ဆက်လက် လုပ်ဆောင်သွားပါမယ်လို့ ကတိပေးပါတယ်” ဟု ပြောကြားသည်။
ဝန်ဆောင်မှုနှင့်ပတ်သက်၍ အသေးစိတ်သိရှိလိုပါက www.naylaapp.com သို့ ဝင်ရောက်၍ဖြစ်စေ၊ MPT Call Center နံပါတ် ၁၀၆ (သို့မဟုတ်) hotline +959 8998 400 07 နှင့် +959 4208 056 67 တို့သို့ ခေါ်ဆို၍ စုံစမ်းမေးမြန်းနိုင်ပါ သည်။

မိုဘိုင်းလ်ဖုန်းပေါ်တွင် မြင်တွေ့ရမည့် နေလအက်ပလီကေးရှင်း၏ ပုံစံဒီဇိုင်း