×

MPT သုံးစွဲသူများအတွက် Happy Friday+ အစီအစဉ်ဖြင့် အပိုဆောင်း ခံစားခွင့်များကို သောကြာနေ့တိုင်း ရရှိနိုင်မည်

10 May 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၁၀ ရက်)- မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က သုံးစွဲသူများအတွက် သောကြာနေ့တိုင်း နယူးထောဘီကို ဝယ်ယူခြင်းဖြင့် ဒေတာအသုံးပြုနိုင်သည့် အပိုဆောင်းဖုန်းဘေလ်များ ရရှိနိုင်မည့် အစီအစဉ်နှင့် သောကြာနေ့တိုင်း Data Carry Combo Pack ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဒေတာ (MB) ရရှိမည့်အစီအစဉ်ဖြစ်သော “ံHappy Friday+” ပရိုမိုးရှင်း အစီအစဉ်ကို မေလ (၁၀) ရက်မှ စတင်ကာ မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း သတင်းထုတ်ပြန် ကြေညာလိုက်သည်။

သောကြာနေ့တွင် နယူးထောဘီကို ဝယ်ယူသူများသည် အပိုဆောင်း နယူးထောဘီ ဖုန်းဘေလ် ၁,၀၀၀ ကျပ်မှ ၅, ၀၀၀ ကျပ်အထိ ရရှိမည် ဖြစ်ပြီး အဆိုပါ ဖုန်းဘေလ်ကို 1 MB လျှင် ၆.၁ ကျပ်နှုန်းဖြင့် အင်တာနက်အသုံးပြုနိုင်မည်ဖြစ်သည်။ Data Carry Combo pack ဝယ်ယူသူများအနေဖြင့်လည်း မိမိတို့ဝယ်ယူသည့် ပက်ကေ့ချ်ပေါ်မူတည်၍ 15MB မှ 1,500MB အထိ အပိုဆောင်းဒေတာများ ရရှိနိုင်မည် ဖြစ်သည်။ အပိုဆောင်းခံစားခွင့်များကို မိမိတို့ဝယ်ယူသည့် ပက်ကေ့ချ်၏ သက်တမ်းအတိုင်း အသုံးပြုနိုင် ပါသည်။

အပိုဆောင်းခံစားခွင့်များ ရယူရန်အတွက် မည်သည့် နယူးထောဘီ နှင့် Data Carry Combo pack များကိုမဆို သောကြာနေ့များတွင် ဝယ်ယူလိုက်ရုံဖြင့် သက်ဆိုင်ရာ ဝန်ဆောင်မှု အလိုက် အပိုဆောင်း ဖုန်းဘေလ်နှင့် ဒေတာ များကို အလိုအလျောက် ရရှိနိုင်မည် ဖြစ်ပါသည်။

နယူးထောဘီဘေလ် ကို ဝယ်ယူရန်အတွက် *500# ကို ခေါ်ဆိုပြီ မိမိနှစ်သက်ရာ ပက်ကေ့ချ်ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်းဖုန်းဘေလ်များကို ရယူနိုင်ပြီး သုံးစွဲနိုင်သည့် သက်တမ်းများကို အောက်ပါ ဇယားတွင် ဖော်ပြပေးထားပါသည်။

Data Carry Combo Pack ကို ဝယ်ယူရန်အတွက် *777# ကို ခေါ်ဆိုပြီး မိမိနှစ်သက်ရာ ပက်ကေ့ချ် ကို ဝယ်ယူခြင်းဖြင့် အပိုဆောင်း ဒေတာ များကို ရက်ပေါင်း ၃၀ အထိ သုံးစွဲနိုင်ပြီး အသုံးမပြုရသေးသည့် ဒေတာ များကိုလည်း သက်တမ်းကုန်ဆုံးပြီးနောက် (၇)ရက်အတွင်း နောက်ထပ်ပက်ကေ့ချ်တစ်ခု အသစ်ထပ်မံ ဝယ်ယူလိုက်ပါက အဆိုပါလက်ကျန်များကိုပက်ကေ့ချ်သက်တမ်းအတိုင်း ဆက်လက်သယ်ဆောင်အ သုံးပြုနိုင်မည်ဖြစ်သည်။ သုံးစွဲသူများအနေဖြင့် MPT 4U app ကို အသုံးပြုပြီးလည်း အဆိုပါ ပက်ကေ့ချ် များကို ဝယ်ယူနိုင်မည် ဖြစ်ပါသည်။

ဈေးနှုန်း (ကုန်သွယ် ခွန်ပါဝင်ပြီး) ပုံမှန် ဒေတာ ပမာဏ သောကြာနေ့ အထူး အပိုဒေတာ (ဒေတာအားလုံး) Social ဒေတာ ပမာဏ
စုစုပေါင်း ပမာဏ သက်တမ်း ဝန်ဆောင်မှု ရယူရန်

 

*Social ဒေတာ များကို Facebook၊ Messenger၊ Instagram၊ Line နှင့် Viber Apps များတွင် အသုံးပြုနိုင်မည် ဖြစ်ပါသည်။

နယူးထောဘီ ပက်ကေ့ချ် (*500# ကို ဖုန်းခေါ်ဆိုခြင်း (သို့မဟုတ်) MPT 4U app တွင် ဝယ်ယူပါ)

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ယခုလို မိတ်ဆက်လိုက်သည့် ပက်ကေ့ချ်နှင့်ပတ်သက်ပြီး “ ဒီ ‘Happy Friday+ အစီအစဉ်’ ဟာ အချင်းချင်း ပိုဆက်သွယ်မှုရှိပြီး၊ ပိုပြီးရင်းနှီးခင်မင်တတ်တဲ့ ဒီနေ့ခေတ်လူငယ်တွေရဲ့ နေထိုင်မှုပုံစံနဲ့ ကိုက်ညီမှုရှိအောင် ပြင်ဆင်ထားတာ ဖြစ်ပါတယ်။ ကျွန်တော်တို့ရဲ့ နယူးထောဘီနဲ့အတူ ပိုများတဲ့ ဖုန်းဘေလ်တွေကို ပေးထားပြီး Data Carry Combo pack မှာတော့ အပိုဆောင်းဒေတာတွေကို ထပ်တိုးပြီး ပေးထားပါတယ်။ ဒါကြောင့် အင်တာနက်ကို အချိန်ပိုပြီး ကြာကြာ အသုံးပြုနိုင်မှာ ဖြစ်သလို ဒေတာတွေ ကုန်သွားမှာကို စိတ်ပူနေဖို့ မလိုတော့ပါဘူး။ ဒီ ပက်ကေ့ချ် အသစ်တွေကြောင့် သူတို့ရဲ့ သောကြာနေ့ နဲ့ စနေ၊ တနင်္ဂနွေနေ့ တွေမှာ မိတ်ဆွေသူငယ်ချင်းတွေ၊ မိသားစုတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ကိုယ်ပိုင်အချိန်တွေကို ပိုပြီးရလာမှာ ဖြစ်ပြီး သူတို့ရဲ့ ပျော်ရွှင်စရာအတွေ့အကြုံတွေကို social မီဒီယာတွေ ပေါ်မှာဖြစ်စေ SMS တွေကတစ်ဆင့် ဒါမှမဟုတ် ဖုန်းခေါ်ဆိုပြီးတော့ ဖြစ်စေ ပိုပြီးတော့ မျှဝေနိုင်တော့မှာဖြစ်ပြီး အချိန်တိုင်း ချိတ်ဆက်နိုင်တော့မှာ ဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။

ယခု အပိုဆောင်းခံစားခွင့် များအပြင် အခြားသော အရောင်းမြှင့်တင်မှု အစီအစဉ်များအတွက် ပိုမို သိရှိ လိုပါက ဖုန်းနံပါတ် 106 သို့ခေါ်ဆို၍ဖြစ်စေ၊ www.mpt.com.mm သို့မဟုတ် MPT ၏ Facebook စာမျက်နှာ www.facebook.com/mptofficialpage သို့ဖြစ်စေ ဝင်ရောက်လေ့လာနိုင်ပါသည်။