
MPT သုံးစွဲသူများအနေဖြင့် မိုဘိုင်းငွေကြေးဝန်ဆောင်မှုပေးနေသည့် MPT Pay၊ KBZ Pay၊ CB Pay များ အပါအဝင် ဘဏ်လုပ်ငန်းဆောင်ရွက်နိုင်သည့် အက်ပလီကေးရှင်း များ နှင့် Microsoft Office အက်ပလီကေးရှင်း များကို MPT ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီ
28 Apr 2021နိုင်ငံတစ်၀န်းရှိ သုံးစွဲသူများအဆင်ပြေလွယ်ကူစေရန်အတွက် MPT ၏ ထပ်ဆောင်းကြိုးပမ်းမှုများနှင့်အတူ MPT သုံးစွဲသူများအနေဖြင့် မိမိတို့၏ ငွေကြေးဆိုင်ရာ လုပ်ဆောင်ချက်များနှင့် နေ့စဥ် ဘဏ်လုပ်ငန်း ဝန်ဆောင်မှုများကို အဆင်ပြေလွယ်ကူစွာ ဆောင်ရွက်နိုင်ရန် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများ နှင့် Microsoft Office အက်ပလီကေးရှင်းများကို MPT ၏ 3G/4G ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။
MPT 3G / 4G ကွန်ရက်ရရှိနိုင်သည့် မည်သည့်နေရာတွင်မဆို မိုဘိုင်းဘဏ်လုပ်ငန်း / ငွေရေးကြေးရေး ဆိုင်ရာ မိုဘိုင်း အက်ပလီကေးရှင်းများနှင့် ငွေကြေးလွှဲပြောင်းဆောင်ရွက်ခြင်းများကို မိုဘိုင်းဒေတာဖွင့်ထားရုံဖြင့် (VPN ဝန်ဆောင်မှုအသုံးပြုထားပါက ပိတ်ထားရန်လိုအပ်သည်) အသုံးပြုနိုင်ပြီဖြစ်သည်။ MPT အသုံးပြုသူများအနေဖြင့် KBZ၊ CB၊ AYA နှင့် MPT Pay၊ KBZ Pay၊ CB Pay အစရှိသည့် မိုဘိုင်းငွေကြေးဝန်ဆောင်မှု များနှင့် မိုဘိုင်းငွေကြေး အက်ပလီကေးရှင်းများကို MPT ၏ ကွန်ရက်ပေါ်တွင် အသုံးပြုနိုင်ပြီဖြစ်သည်။ ထို့အပြင် ရုံးလုပ်ငန်းများကို အချိန်မရွေး အဆင်ပြေချောမွေ့စွာ လည်ပတ်နိုင်ရန် Outlook နှင့် Microsoft Teams စသည့် Microsoft Office 365 အက်ပလီကေးရှင်း ဝန်ဆောင်မှုများကိုလည်း အသုံးပြုနိုင်ပြီဖြစ်သည်။
ဖော်ပြပါဝန်ဆောင်မှု ရရှိနိုင်ခြင်းကြောင့် နိုင်ငံတစ်ဝန်းလုံးရှိသုံးစွဲသူများအနေဖြင့် ယခုကဲ့သို့ ခက်ခဲသောကာလများတွင်၎င်းတို့၏ နေ့စဉ်ဘဏ်လုပ်ငန်းနှင့် စီးပွားရေးလိုအပ်ချက်များအတွက် မရှိမဖြစ်ဝန်ဆောင်မှုများကို အသုံးပြုနိုင်မည်ဟု MPT ကယုံကြည်ပါသည်။
MPT သည် သုံးစွဲသူများအနေဖြင့် မိုဘိုင်းအင်တာနက် မရရှိသည့် အချိန်မှစကာ လွယ်ကူအဆင်ပြေစွာ ဆက်သွယ်နိုင်စေရန်အတွက် MPT4U နှင့် MPT Pay အက်ပလီကေးရှင်း များကို MPT ကွန်ရက်ပေါ်တွင် ၀င်ရောက်အသုံးပြုနိုင်မည့် နည်းလမ်းများကို ဆောင်ရွက်ပေးခဲ့သည့်အပြင် သုံးစွဲသူများအနေဖြင့် မိမိတို့ ချစ်ခင်ရသူများနှင့်ဆက်သွယ်ပြောဆိုနိုင်ရန်နှင့် စီးပွားရေးလုပ်ငန်းဆိုင်ရာ ဆက်သွယ်မှုများတွင်အသုံးပြုရန် အတွက် အဆင်ပြေဆုံးသော အသံ (Voice) နှင့် စာတို (SMS) ပက်ကေ့ချ် များကိုလည်းပေးအပ်ခဲ့ပါသည်။
MPT အနေဖြင့် ဝန်ဆောင်မှုများကို အကောင်းဆုံးနည်းလမ်းများဖြင့် ဆက်လက်ပေးအပ်သွားနိုင်ရေးအတွက် အလေးထားဆောင်ရွက် သွားမည်ဖြစ်ပါသည်။