×

MPT သုံးစွဲသူများအနေဖြင့် MPT4U မိုဘိုင်းလ်အက်ပလီကေးရှင်းကို အသုံးပြု၍ Data Carry Pack ဝယ်ယူတိုင်း ၂၀ ရာခိုင်နှုန်း အပိုဆုများ ရယူနိုင်တော့မည်

24 May 2018

(ရန်ကုန် ၊ ၂၀၁၈ခုနှစ်၊ မေလ ၂၄ ရက်) – ယနေ့မှစ၍ သြဂုတ်လ ၂၁ ရက်အထိ MPT4U မိုဘိုင်းလ်အက်ပလီကေးရှင်း မှတစ်ဆင့် Data Carry Pack များ ဝယ်ယူသူတိုင်းအတွက် အထူးပရိုမိုးရှင်းအဖြစ် ၂၀ ရာခိုင်နှုန်း ဒေတာအပိုဆုကို သုံးစွဲသူများအတွက် ပေးအပ်သွားမည်ဖြစ်ကြောင်း MPT က ယနေ့ထုတ်ပြန် ကြေညာလိုက်သည်။ အဆိုပါ ဒေတာအပိုဆု ပမာဏကို Data Carry Pack (လက်ကျန်ဒေတာများ ဆုံးရှုံးခြင်းမရှိဘဲ ဆက်လက် အသုံုးပြုနိုင်သည့် ဒေတာ ပက်ကေ့ချ် အမျိုးအစားများ) စတင်ဝင်ယူသည့်နေ့မှ ရက်ပေါင်း ၃၀ အတွင်း အကျုံးဝင် သုံးစွဲနိုင်မည် ဖြစ်သည်။

၂၀ ရာခိုင်နှုန်း ဒေတာအပိုဆု(MB)၏ အသေးစိတ် အချက်အလက်များမှာ အောက်ပါအတိုင်း ဖြစ်သည်။

ဈေးနှုန်း (ကျပ်)
(ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး)
ဒေတာပမာဏ
(MB)
MPT4U ဖြင့်ရရှိမည့် ၂၀ ရာခိုင်နှုန်း ဒေတာ(MB)*
599 300 60
899 555 111
1,289 800 160
2,399 1,500 300
3,999 2,500 500
7,899 5,000 1,000
15,799 10,000 2,000
29,999 19,000 3,800

*MPT4U မိုဘိုင်းလ်အက်ပလီကေးရှင်းနှင့် ဝယ်ယူမှုများအတွက်သာ အကျုံးဝင်ပါသည်။

MPT4U သည် MPT သုံးစွဲသူများအတွက် အသုံးဝင်စေမည့် ဝန်ဆောင်မှုများနှင့် အကူအညီများ ပေးအပ်သွား မည့် မိုဘိုင်းလ်အက်ပလီကေးရှင်းတစ်ခုဖြစ်သည်။ မြန်ဆန်သော စွမ်းဆောင်ရည်နှင့်အတူ အသုံးပြုရလွယ်သော ဒီဇိုင်းပုံစံဖြင့် သုံးစွဲသူများ ပိုမိုအဆင်ပြေစေရန် ထပ်မံဆန်းသစ်ထားသည်ကို တွေ့ရှိရမည်ဖြစ်သည်။

မြန်ဆန်သောစွမ်းဆောင်ရည်များနှင့် အသုံးပြုရလွယ်ကူသော ဒီဇိုင်းပုံစံအသစ်ဖြင့် မြင်တွေ့ရမည့်
MPT4U မိုဘိုင်းလ်အက်ပလီကေးရှင်း

MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “MPT ကို အစဉ်တစိုက် အားပေးလာကြတဲ့ သုံးစွဲသူတွေကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ ကျွန်တော်တို့ရဲ့ MPT4U ကနေ Data Carry Pack တွေ ဝယ်ယူတိုင်း ၂၀ ရာခိုင်နှုန်း အထူးအပိုဆု ပေးသွားမှာဖြစ်ပါတယ်။ MPT4U ဟာ လူကြိုက်များတဲ့ အက်ပလီကေးရှင်းတစ်ခုဖြစ်ပြီးတော့ မကြာသေးခင်ကမှ အသွင်သစ်အနေနဲ့ ပြန်လည် ဆန်းသစ်ထားတာဖြစ်ပြီး MPT နဲ့ မိတ်ဖက်အဖွဲ့အစည်းတွေကပေးအပ်တဲ့ အသုံးတည့်လှတဲ့ ဝန်ဆောင်မှုတွေကို သုံးစွဲသူတွေအတွက်အဆင်ပြေစေဖို့ ပေးအပ်နေတာဖြစ်ပါတယ်။ ဒေတာအသုံးပြုရတာ နှစ်ခြိုက်တဲ့ သုံးစွဲသူတွေက အခုလို ကောင်းမွန်လှတဲ့ မိုဘိုင်းလ်အက်ပလီကေးရှင်းကတစ်ဆင့် ဒေတာပက်ကေ့ချ် ဝန်ဆောင်မှုတွေဝယ်ယူပြီး သူတို့ရဲ့ မိသားစုတွေ၊ မိတ်ဆွေတွေနဲ့ နှစ်သက်ရာ အွန်လိုင်းကဏ္ဍတွေကို အမြဲချိတ်ဆက်အသုံးပြုနိုင်ဖို့ အပိုဆောင်းဒေတာတွေရရှိမယ့် အခွင့်အရေးကို အရယူကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်” ဟု ပြောကြားသည်။

MPT4U အက်ပလီကေးရှင်းအား ဒေါင်းလုတ်ပြုလုပ်လိုပါက *4040# သို့ ဖုန်းခေါ်ဆို၍ Google Play သို့မဟုတ် Apple App Stores မှ လင့်ခ်များ ရယူနိုင်ပါသည်။ ထို့အပြင်အောက်ပါ တိုက်ရိုက်လင့်ခ်မှလည်း ဝင်ရောက် နိုင်ပါသည်။

https://bit.ly/2kSGqH3

အထက်ပါ ဝန်ဆောင်မှု၊ MPT ၏ Data Carry Pack များနှင့် အခြားဝန်ဆောင်မှုများအကြောင်း အသေးစိတ် သိရှိလိုပါက HotLine နံပါတ် ၁၀၆ သို့မဟုတ် MPT ၏ တရားဝင် Facebook စာမျက်နှာ www.facebook.com/mptofficialpage တို့တွင် ဆက်သွယ်မေးမြန်းနိုင်ပါသည်။