×

MPT သုံးစွဲသူများအနေဖြင့် Shwe Stream ဝန်ဆောင်မှုတွင် အသစ်ထပ်မံထည့်သွင်းလိုက်သည့် မြန်မာရုပ်ရှင်ဇာတ်ကားများနှင့် ကိုရီးယားဇာတ်လမ်းတွဲများကို သက်သာသော နေ့စဉ်ဝန်ဆောင်မှု နှုန်းထားဖြင့် ရယူနိုင်ပြီ

31 May 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ်၊ မေလ ၃၁ ရက်) မြန်မာ့ ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ MPT က eTrade Myanmar ကုမ္ပဏီလီမိတက် နှင့် ပူးပေါင်း၍ Shwe Stream ဝန်ဆောင်မှုတွင် ပိုမိုဆန်းသစ်သော ကဏ္ဍအသစ်များကို ထည့်သွင်းမိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း ယနေ့သတင်းထုတ်ပြန်ကြေညာလိုက်သည်။ Shwe Stream ဝန်ဆောင်မှုသည် ရုပ်သံဗွီဒီယိုများကို အွန်လိုင်းပေါ်မှ ကြည့်ရှုနိုင်သော ဝန်ဆောင်မှု ဖြစ်ပြီး အဆိုပါ ဝန်ဆောင်မှုတွင် မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ မြန်မာဗွီဒီယိုဇာတ်လမ်းများနှင့် မြန်မာစာတန်းထိုး ကိုရီးယား ဇာတ်လမ်းတွဲများကို Shwe Stream အက်ပလီကေးရှင်းနှင့် ဝက်ဘ်ပေါ်တယ်ဖြစ်သည့် www.shwestream.com.mm တို့တွင် ကြည့်ရှုနိုင်မည် ဖြစ်သည်။

မြန်မာနိုင်ငံ တစ်ဝှမ်းမှ MPTသုံးစွဲသူများအနေဖြင့် လတ်တလောရေပန်းစား လူကြိုက်များနေသော နောက်ဆုံးထွက် မြန်မာရုပ်ရှင်ဇာတ်ကားကြီးများ၊ မြန်မာဗွီဒီယိုဇာတ်လမ်းများ နှင့် ကိုရီးယားဇာတ်လမ်းတွဲများကို တိုက်ရိုက်ကြည့်ရှု နိုင်မည်ဖြစ်သည်။ Shwe Stream ဝန်ဆောင်မှုကို ရယူသုံးစွဲသူများအနေဖြင့် ရုပ်ရှင်၊ ဗွီဒီယိုနှင့် ဇာတ်လမ်းတွဲများကို Wifi (သို့မဟုတ်) အင်တာနက်ချိတ်ဆက် အသုံးပြုနိုင်သည့် စမတ်ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့ပ် (သို့မဟုတ်) ကွန်ပျူတာတို့ဖြင့် အချိန်မရွေး၊ နေရာမရွေး ရယူအသုံးပြုနိုင်မည် ဖြစ်သည်။
MPT သုံးစွဲသူများသည် ၎င်းဝန်ဆောင်မှုကို သက်သာသောနှုန်းထားဖြစ်သည့် တစ်ရက်လျှင် ၉၉ကျပ် (ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) ဖြင့် အမျိုးအစားစုံလင်သော ရုပ်ရှင်နှင့်ဇာတ်လမ်းတွဲများစွာကို အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ လူကြိုက်များရေပန်းစားနေသည့် ရုပ်ရှင်ဇာတ်ကားကြီးများနှင့် ဇာတ်ကားသစ်များကိုမူ ကြည့်သလောက်ပေး (Pay Per View) စနစ်ဖြင့် ဇာတ်ကား တစ်ကားလျှင် အလွန်သက်သာသော နှုန်းထားဖြစ်သည့် ၁၀၀ ကျပ်မှ ၅၀၀ ကျပ်အတွင်း (ကုန်သွယ်လုပ်ငန်းခွန်ပါဝင်ပြီး) ပေးအပ်ပြီး ကြည့်ရှုနိုင်မည် ဖြစ်သည်။

Shwe Stream ဝန်ဆောင်မှုကို ရယူလိုသည့် MPTသုံးစွဲသူများအနေဖြင့် 8202 သို့ “ON” ဟု စာတို (SMS) ပေးပို့၍ ရယူနိုင်မည် ဖြစ်သည်။ Shwe Stream အက်ပလီကေးရှင်းကို Google Play store မှလည်းကောင်း https://lotaya.mpt.com.mm/event/223 မှလည်းကောင်း ဒေါင်းလုတ်ရယူနိုင်မည်ဖြစ်ပြီး www.shwestream.com.mm မှလည်း တိုက်ရိုက်ကြည့်ရှုနိုင်မည်ဖြစ်သည်။

MPT-KGSM Joint Operation၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umedaက ” MPT အနေနဲ့ သုံးစွဲသူတွေအတွက် အသစ်အသစ်သော အရာတွေကို ခေတ်ရေစီးကြောင်းအလိုက် အမြဲတမ်း ဖန်တီးဆောင်ရွက်ပေးနေပါတယ်။ Shwe Stream ဝန်ဆောင်မှုကလည်း မြန်မာပရိသတ်တွေနှစ်သက်မယ့် မြန်မာ့ရုပ်ရှင်၊ ဗွီဒီယိုတွေနဲ့အတူ ကိုရီးယား ဇာတ်လမ်းတွဲတွေ အားလုံးကိုစုပေါင်းပြီး သက်သာတဲ့ နှုန်းထားဖြစ်တဲ့ တစ်ရက်ကို ၉၉ကျပ်နဲ့ ကြည့်ရှုနိုင်အောင် ဆောင်ရွက်ပေးထားတာဖြစ်ပါတယ်။ MPT ရဲ့ အကျယ်ပြန့်ဆုံးနဲ့ အလျင်မြန်ဆုံး ကွန်ရက်နဲ့ အတူူ မြန်မာ့ရုပ်ရှင် ယဉ်ကျေးမှုကို နိုင်ငံအဝှမ်းက ပရိသတ်တွေအားလုံးကို ပိုပြီးနီးစပ်အောင် ထပ်မံပြီး အားဖြည့်ပေးနိုင်မယ်လို့ မျှော်လင့်မိပါတယ်” ဟု ပြောကြားခဲ့ပါသည်။

Shwe Stream ဝန်ဆောင်မှုကို ရယူထားသူများအနေဖြင့်လည်း ပရိုမိုးရှင်းကာလ ဖြစ်သည့် ၂၀၁၉ ခုနှစ် မေလ ၃၁ ရက်မှ သြဂုတ်လတ် ၃၁ ရက်နေ့အတွင်း (၁) ကျပ်သားရှိ ရွှေဒင်္ဂါး ပြား (၃) ပြား နှင့် ၃,၀၀၀ကျပ်တန် MPT ငွေဖြည့်ကတ် ၁၅၀ ကတ် တို့အား ကံထူးဆုအဖြစ် ရယူနိုင်မည့်အခွင့်အရေးများ ရရှိမည် ဖြစ်သည်။ တစ်လလျှင် ကံထူးဆုအဖြစ် ရွှေဒင်္ဂါးပြား (၁) ပြားနှင့် MPT ငွေဖြည့်ကတ် ၅၀ ကတ် တို့ကို ရွေးချယ်ပေးသွားမည် ဖြစ်ပြီး ပထမအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် မလ ၃၁ ရက်မှ ဇွန်လ ၃၀ရက်အထိ၊ ဒုတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ် ၂၀၁၉ ခုနှစ် ဇူလိုင်လ ၁ ရက်မှ ဇူလိုင်လ ၃၁ ရက်အထိ နှင့် တတိယအကြိမ် ပရိုမိုးရှင်းကာလအဖြစ်၂၀၁၉ ခုနှစ် သြဂုတ်လ ၁ ရက်မှ သြဂုတ်လ ၃၁ ရက်အထိ သတ်မှတ်ထားပါသည်။ အသေးစိတ်အချက်အလက်နှင့် စည်းမျဉ်းစည်းကမ်းများကို သိရှိလိုပါက Shwe Stream ဝန်ဆောင်မှုအတွက် လိုတရပေါ်တယ် https://lotaya.mpt.com.mm/event/223 (သို့မဟုတ်) www.shwestream.com.mm တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

Shwe Stream ဝန်ဆောင်မှုကို ရယူပြီးပါက သုံးစွဲသူများအနေဖြင့် ရုပ်ရှင်နှင့် ဗွီဒီယိုများကို စတင်ကြည့်ရှုနိုင်ပြီး မိမိကြည့်ရှုလိုသည့် ဇာတ်ကားများကို အကြိမ်ရေ အကန့်အသတ်မရှိ ဒေါင်းလုတ်လုပ်ထားနိုင်ကာ ၎င်းဇာတ်ကားများကို ၇ ရက်အတွင်း ကြည့်ရှုနိုင်မည် ဖြစ်သည်။ ၇ ရက် ကျော်ပါက ဒေါင်းလုတ်လုပ်၍ သိမ်းထားသော ရုပ်ရှင်နှင့် ဗွီဒီယိုများမှာ အလိုအလျောက် ဖယ်ရှားသွားမည် ဖြစ်သည်။ အဆိုပါ ရုပ်ရှင်၊ ဗွီဒီယို နှင့် ဇာတ်လမ်းတွဲများကို အခြား Platform များပေါ်တွင်ပြန်လည်မျှဝေနိုင်မည် မဟုတ်ပါ။

အသေးစိတ်ထပ်မံသိရှိလိုပါက ၁၀၆ သို့မဟုတ် ၀၁၂၃၀၅၂၇၃ သို့ ၂၄ နာရီအတွင်းဖုန်းခေါ်ဆို၍သော်လည်းကောင်း MPT ၏ တရားဝင် facebook page https://www.facebook.com/mptofficialpage/ နှင့် MPT တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm မှ သော်လည်းကောင်း ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။