×

MPT သုံးစွဲသူများ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဖြင့် 100 MB မိုဘိုင်းလ်ဒေတာ နှင့် MPT Money ၁, ၀၀၀ကျပ် ဆုလက်ဆောင်များ ရယူနိုင်

26 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၂၆ ရက်) – ဆက်သွယ်ရေး ညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ မိုဘိုင်းလ်ဖုန်းသုံးစွဲသူများအနေဖြင့် ဆင်းမ်ကတ်ဝယ်ယူပြီးနောက် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်တို့ဖြင့် မှတ်ပုံတင်ရန်လိုအပ်ပြီး MPT အ‌နေဖြင့် ဆင်းမ်ကတ်မှတ်ပုံတင် ခြင်းဆိုင်ရာ ဆောင်ရွက်ချက်များ လျင်မြန်လွယ်ကူစွာ လုပ်ဆောင်နိုင်မည့် နည်းလမ်းများကို ထုတ်ပြန်ခဲ့ ပြီးဖြစ်သည်။

ယခုအခါတွင် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာဖြစ်သော MPT သည် သုံးစွဲသူများအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်စိစစ်ရန်၊ မိမိတို့၏ကိုယ်ရေးအချက်အလက်များအား ပြည့်စုံမှန်ကန်စွာ ဖြည့်စွက်ပြီး မှတ်ပုံတင်ကြရန် နှင့် အခြား သောသူ၏ အချက်အလက်ဖြင့် ကြိုတင်မှတ်ပုံတင်ထားပြီးဖြစ်သည့် ဆင်းမ်ကတ်များကို ဝယ်ယူခြင်းမှ ရှောင်ကြဉ်ကြရန် အလေးအနက်ထား တိုက်တွန်းလိုပါသည်။ ယခုထုတ်ပြန်ချက်၏ တစ်စိတ်တစ်ပိုင်း အနေဖြင့် MPT သည် ၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလမတိုင်မီ အသုံးပြုထားသော MPT သုံးစွဲသူများအားလုံးသည် MPT 4U အက်ပလီကေးရှင်း နှင့် care.mpt.com.mm ဝက်ဘ်ဆိုက် တို့မှတစ်ဆင့် အသုံးပြုသူ/မိမိ၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်မူရင်း နှင့် နိုင်ငံသားစိစစ်ရေးကတ်အမှတ် တို့အား မှန်ကန်စွာ ပြန်လည်ပြင်ဆင် ဖြည့်စွက်၍ မှတ်ပုံတင်မည်ဆိုပါက 100 MB မိုဘိုင်းလ်ဒေတာ အပိုဆုများ ပေးအပ်သွားမည်ဖြစ်သည်။ ၂၀၂၀ ပြည့်နှစ် မတ်လ ၇ ရက်မှစတင်ပြီး မိမိဆင်းမ်ကတ်အား အချက်အလက်မှန်ကန်စွာဖြင့် ပြန်လည် ပြင်ဆင် ဖြည့်စွက်ထားသော MPT သုံးစွဲသူများသည် အပိုဆုလက်ဆောင်များကို ခံစားခွင့်ရရှိသွား မည်ဖြစ်သည်။

MPT သုံးစွဲသူများသည် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာ အချက်အလက်များကို ပြန်လည်ပြင်ဆင်ခြင်း အတွက် မည်သည့် ထပ်ဆောင်းကုန်ကျမှုမျှ မရှိဘဲ အောက်ပါ နည်းလမ်းများမှတစ်ဆင့် လွယ်ကူစွာ စာရင်းသွင်း၍ မှတ်ပုံတင်နိုင်ပါသည်။
(၁) သင်၏ဆင်းမ်ကတ်တွင် မှတ်ပုံတင်ထားသောအချက်အလက်များကိုစစ်ဆေးရန် * 601 # ကိုသာခေါ်ဆိုပါ။

(၂) MPT 4U အက်ပလီကေးရှင်း (Android ဖုန်းအသုံးပြုသူများအနေဖြင့် *4040# သို့ ခေါ်ဆိုခြင်းဖြင့် MPT4U အက်ပလီကေးရှင်းကို အခမဲ့ ဒေါင်းလုတ် ပြုလုပ်၍ ရယူနိုင်ပါသည်။ Apple Store https://apple.co/3bdjV7w သို့မဟုတ် Google Play store https://bit.ly/2WB6BWq တို့တွင် ဒေါင်းလုတ်ပြုလုပ်နိုင်မည် ဖြစ်ပြီး ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။)
(၃) MPT ၏ Customer Self-care ဝက်ဘ်ဆိုက်ဖြစ်သည့် care.mpt.com.mm

သုံးစွဲသူများအနေဖြင့် မိမိတို့၏ ဆင်းမ်ကတ်များကို မိမိတို့၏ အမည်၊ နိုင်ငံသားစိစစ်ရေးကတ်ဖြင့် အချက်အလက်မှန်ကန်စွာမှန်ပုံတင် မှတ်ပုံတင်ခြင်းသည် သုံးစွဲသူများအနေဖြင့် MPT ၏ ဝန်ဆောင်မှုများကို လုံခြုံစိတ်ချစွာ အသုံးပြုနိုင်မည် ဖြစ်ပြီး မိုဘိုင်းလ်ငွေရေးကြေးရေး ဝန်ဆောင်မှုလုပ်ငန်း (Mobile Financial Service) ဆောင်ရွက်မှုများတွင် ရာဇဝတ်မှုများကျူးလွန်နိုင်မှုကို လျှော့ချနိုင်မည်ဖြစ်သည်။ ဆင်းမ်ကတ် မှတ်ပုံတင်ခြင်းဖြင့် အမှန်တကယ်သုံးစွဲသူတို့အပေါ်တွင် အလွဲသုံးစားပြုလုပ်ခြင်းနှင့် အသုံးချခံရခြင်းတို့မှ ကာကွယ်နိုင်မည့်အပြင် ဆင်းမ်ကတ်ကိုင်ဆောင်သူများကိုလည်း မိမိတို့၏ လုပ်ဆောင်ချက်များ နှင့်ပတ်သက်ပြီး တာဝန်ယူတာဝန်ခံနိုင်စေမည်ဖြစ်သည်။

ထို့အပြင် ၂၀၂၀ ပြည့်နှစ်၊ မတ်လ (၁၉) ရက် မှ (၃၁) ရက်အတွင်း MPT4U Application မှတစ်ဆင့် မိမိအချက်အလက်များဖြင့် မှန်ကန်စွာ ပြန်လည်ပြင်ဆင်ဖြည့်စွက်၍ မှတ်ပုံတင်သည့် MPT သုံးစွဲသူများကို ၎င်း၏ MPT Money အကောင့်ထဲသို့ ဆုလက်‌ဆောင် ငွေ (၁, ၀၀၀) ကျပ်အား ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၂၄ ရက်တွင် ထည့်သွင်းပေးသွားမည် ဖြစ်ပြီး အဆိုပါ ဆုလက်ဆောင်အား ဆိုင်များတွင် စျေးဝယ်ခြင်း နှင့် ဖုန်းငွေဖြည့်သွင်းခြင်း၊ ငွေလွှဲခြင်း သို့မဟုတ် ငွေထုတ်ခြင်းများကို ပြုလုပ်နိုင်မည်ဖြစ်သည်။
MPT Money အကောင့်မရှိသေးသော သုံးစွဲသူများအနေဖြင့် အောက်ပါအဆင့်များ အတိုင်း ဆောင်ရွက် နိုင်ပါသည်။
၁)MPT Money အက်ပလီကေးရှင်းကို Android အသုံးပြုသူများအနေဖြင့် bit.ly/MPTMoneyAndroid မှတစ်ဆင့် ဒေါင်းလုတ်ပြုလုပ်နိုင်ပြီး၊ iOS အသုံးပြုသူများအနေဖြင့် http://bit.ly/MPTMoney_iOS ဒေါင်းလုတ်ပြုနိုင်မည်ဖြစ်ပြီး ပုံမှန်ဒေတာသုံးစွဲခ ကျသင့်မည်ဖြစ်သည်။
၂) ပထမဦးစွာ အကောင့်ဖွင့်ရန်အတွက် စာရင်းသွင်းခြင်းကိုဆောင်ရွက်ရန် (စာရင်သွင်းခြင်း အခမဲ့)
၃)သင်၏မိုဘိုင်းလ်ဖုန်းနံပါတ်ကိုဖြည့်ပါ။ စာရင်းသွင်းခြင်းပြီးမြောက်ရန် သင်၏မိုဘိုင်းလ်ဖုန်းသို့ အတည်ပြု ကုတ် (Verification code) ပါသည့် စာတစ်စောင်ပေးပို့ပါလိမ့်မည်။
၄) သင်၏အမည်၊ နိုင်ငံသားစိစစ်ရေးကတ်အမှတ် နှင့် ဖုန်းနံပါတ်များကို အတည်ပြုပါ။
၅) နိုင်ငံသားစိစစ်ရေးကတ် ဓါတ်ပုံကိုရိုက်၍ တင်သွင်းပါ။
၆) PIN Code အသစ်ကို ပြန်လည် သတ်မှတ်ပါ။
၇)MPT Money Account ဖွင့်ခြင်း အောင်မြင်ပြီ ဖြစ်ပါသည်။ ၄င်းနောက် MPT Money အက်ပလီကေးရှင်း တွင် ဝင်ရောက် အသုံးပြုနိုင်မည် ဖြစ်သည်။

*MPT Money Tutorial Link https://www.facebook.com/watch/?ref=saved&v=584381028819154

“သတ်မှတ်ထားတဲ့ ညွှန်ကြားချက်တွေအရ ကျွန်တော်တို့ရဲ့ MPT သုံးစွဲသူတွေအားလုံးကို လွယ်ကူ လျင်မြန်စွာ နဲ့ ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆိုင်ရာအချက်အလက်တွေကို စနစ်တကျ မှန်ကန်စွာနဲ့ ပြန်လည် ပြင်ဆင်ဖြည့်စွက်ဖို့ တိုက်တွန်းလိုပြီး နေရာဒေသမရွေး လွယ်လွယ်ကူကူနဲ့ လုပ်ဆောင်လို့ရမယ့် နည်းလမ်းများကိုလည်း ဆောင်ရွက်ပေးထားပါတယ်။ MPT ဝန်ထမ်းတွေအနေနဲ့လည်း သုံးစွဲသူတွေအတွက် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းလုပ်ငန်းစဥ်တွေကို ကူညီဖို့အဆင်သင့်ရှိပါတယ်။ အခုဆိုရင် မိမိဆင်းမ်ကတ်ကို ပြန်လည်ပြင်ဆင်ပြီး စာရင်းသွင်းမှတ်ပုံတင်ရုံနဲ့ 100MB မိုဘိုင်းလ်ဒေတာအပိုဆု နဲ့ MPT Money ဆု‌လက်ဆောင် ၁, ၀၀၀ ကျပ်တွေ ရရှိမှာ ဖြစ်ပါတယ်။” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။

MPT မှ သုံးစွဲသူများအား ၎င်းတို့၏ ဆင်းမ်ကတ်များကို မှတ်ပုံတင်ရန်အတွက် ပြည်နယ်နှင့်တိုင်းဒေသကြီး အသီးသီးတို့တွင် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းဆောင်ရွက်မှုများကို အင်တိုက်အားတိုက် ဆောင်ရွက်လျက်ရှိ ပါသည်။ သုံးစွဲသူများအနေဖြင့်လည်း ၎င်းတို့နှင့် အနီးဆုံးတွင် ရှိသည့် MPT Own Shop များ နှင့် MPT အမှတ်တံဆိပ်စတိုးဆိုင်များတွင်လည်း ဆင်းမ်ကတ်ပြန်လည်ပြင်ဆင်မှတ်ပုံတင်ခြင်းကို ဆောင်ရွက်နိုင်ပါ သည်။

ဆက်သွယ်ရေးညွှန်ကြားမှုဦးစီးဌာန၏ ညွှန်ကြားမှုအရ သုံးစွဲသူများအနေဖြင့် မိမိနိုင်ငံသားစိစစ်ရေးကတ် တစ်ခုလျှင် ဆင်းမ်ကတ် (၂) ကတ်ကိုသာ မှတ်ပုံတင်ခွင့်ပြုထားပါသည်။ MPT သုံးစွဲသူများအား အချက်အလက်မှန်ကန်စွာဖြင့် ဆင်းမ်ကတ်မှတ်ပုံတင်ခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၃၀ ရက် မတိုင်မီ စနစ်တကျ စာရင်းသွင်းမှတ်ပုံတင်ရန် တိုက်တွန်းအပ်ပါသည်။

MPT ဆင်းမ်ကတ် မှတ်ပုံတင်ခြင်း နှင့် ပတ်သက်၍ အသေးစိတ်သိရှိလိုပါက Hotline ဖုန်းနံပါတ် 106 သို့ ခေါ်ဆို၍သော် လည်းကောင်း၊ MPT ၏ ဝက်ဘ်ဆိုက်ဖြစ်သော www.mpt.com.mm သို့မဟုတ် MPT ၏ အပြာရောင်အမှတ်အသားပါသော (Blue Mark) တရားဝင်ဖေ့စ်ဘုတ်ခ်စာမျက်နှာ www.facebook.com/mptofficialpage တွင် ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။