×

MPT သုံးစွဲသူများ “ထိတိုင်းထော” အကဗွီဒီယိုပြိုင်ပွဲတွင် ပါဝင်ပြီး MPT Money ငွေကျပ် (၅) သိန်းဆုမဲများ ရယူနိုင်

16 Mar 2020

(ရန်ကုန်၊ ၂၀၂၀ ပြည့်နှစ် မတ်လ ၁၆ ရက်) – မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာဖြစ်သည့် MPT မှ မြန်မာနိုင်ငံရှိ အကဝါသနာရှင်များအတွက် ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာ အက ပြိုင်ပွဲသစ်တစ်ခုဖြစ်သော “ထိတိုင်းထော အကဗွီဒီယိုပြိုင်ပွဲ” ကို မိတ်ဆက်ကြေညာခဲ့ပါသည်။ အဆိုပါပြိုင်ပွဲ တွင် မည်သူမဆို နောက်ဆုံးထွက်ရှိထားသော ထိတိုင်းထော TV ကြော်ငြာနောက်ခံ သီချင်းဖြင့် ပါဝင်ယှဉ်ပြိုင်နိုင်ပြီး ထိတိုင်းထော Dancing Contest Facebook Page ( https://www.facebook.com/htitinehtaw/ ) သို့ ပေးပို့ရမည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်များအနေဖြင့် ထိတိုင်းထော TV ကြော်ငြာတွင် ပါဝင်သော ကကွက်များအတိုင်း (သို့မဟုတ်) MPT Facebook Page တွင်တင်ထားသော အကနမူနာများအတိုင်း ကပြ ပါဝင်သရုပ်ဆောင်ကာ ဗွီဒီယိုဖိုင် ရိုက်ကူး၍ မိမိတို့၏ Facebook စာမျက်နှာပေါ်တွင် တင်ပေးရမည်ဖြစ်သည်။ ထိတိုင်းထော အကဗွီဒီယိုပြိုင်ပွဲအား (၂၀၂၀) ပြည့်နှစ်၊ မတ်လ (၁၆)ရက်နေ့ မှ မတ်လ (၃၁)ရက်နေ့အထိ ကျင်းပသွားမည်ဖြစ်သည်။
ကြည့်ရှုသူများနှင့် ပြိုင်ပွဲဝင်များ ၏ Facebook တွင် ပါရှိသော တုံ့ပြန်မှုများ (reactions ) အပေါ် မူတည်၍ အနိုင်ရရှိသူများကို ရွေးချယ်သွားမည် ဖြစ်သည်။ ပြိုင်ပွဲဝင်ထားသော ပြိုင်ပွဲဝင် ဗွီဒီယိုများထဲမှ “like”၊ “wow” နှင့် “love” တုံ့ပြန်မှုများ (reactions) အများဆုံးရရှိသူများ၊ “Shares” တုံံ့ပြန်မှု အမြင့်ဆုံး နှင့် ကလေးအကများအတွက် တုံံ့ပြန်မှု အမြင့်ဆုံးရရှိသူများကို MPT Money ငွေကျပ် (၅) သိန်းစီ ဆုများပေးအပ်ချီးမြှင့်သွားမည်ဖြစ်သည်။ ပြိုင်ပွဲဝင်ရမည့် နောက်ခံသီချင်းအား http://bit.ly/HtiTineHtawtvc တွင် ဝင်ရောက်ကြည့်ရှုနိုင်ပါသည်။
“ထိတိုင်းထောအကဗွီဒီယိုပြိုင်ပွဲ ကို ကျင်းပခြင်းဖြင့် နိုင်ငံတွင်းမှာ ရှိနေတဲ့ အကဝါသနာရှင်တွေရဲ့ ပါရမီတွေ ကို ထုတ်ဖော်ပြသဖို့ MPTအနေနဲ့ တစ်ဖက်တစ်လမ်းက ကူညီပေးချင်တာ ဖြစ်ပါတယ်။ ကျွမ်းကျင်တဲ့ အကပြိုင်ပွဲ အတွေ့အကြုံတွေ ရှိစရာမလိုဘဲ စည်းချက်တွေ အပေါ်မှာ မျောပါခံစားတတ်ရုံနဲ့ ဒီအွန်လိုင်း အကပြိုင်ပွဲက ပြိုင်ပွဲဝင်အားလုံးကို အသိအမှတ်ပြုစေမှာ ဖြစ်ပါတယ်” ဟု MPT-KSGM Joint Operations ၏ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က ပြောကြားခဲ့ပါသည်။
ပြိုင်ပွဲအတွက် အသက် ကန့်သတ်ချက်မရှိဘဲ မြန်မာနိုင်ငံသားဖြစ်သူ မည်သူမဆို ပါဝင်ယှဉ်ပြိုင်နိုင်မည် ဖြစ်ပါသည်။ ပြိုင်ပွဲဝင်သူအနေဖြင့် အဆိုပါ ဗွီဒီယိုဖိုင်ကို မိမိ၏ ကိုယ်ပိုင် Facebook Account တွင် Hashtag (#MPTDanceContest) ဖြင့် တင်ပေးရမည်ဖြစ်ပြီး ပြိုင်ပွဲဝင်သည် အသက် ၁၃ နှစ်အောက် ဖြစ်ပါက (#MPTKidDance) ဖြင့် Public post တင်ပေးရပါမည်။ ထို့နောက် အဆိုပါ post link နှင့်အတူ ပြိုင်ပွဲဝင်၏ နာမည်၊ ဖုန်းနံပါတ်(MPT ဖုန်းနံပါတ်သာ) အပြည့်အစုံအား သတ်မှတ်ထားသော Hti Tine Htaw Dance Contest Facebook page (m.me/htitinehtaw) Messenger သို့ တိုက်ရိုက်ပေးပို့ ပြီးပြိုင်ပွဲဝင် အဖြစ် အောင်မြင်စွာ ပါဝင်နိုင်မည် ဖြစ်ပါသည်။
MPT သုံးစွဲသူများအနေဖြင့် MPT4U အက်ပလီကေးရှင်းကို Google® Play Store မှသော်လည်းကောင်း Apple® App Store မှ သော်လည်းကောင်း ဒေါင်းလုတ်ဆွဲ၍ ရယူနိုင်ပါသည်။ MPT ၏ ထုတ်ကုန်အသစ်များ နှင့် ဝန်ဆောင်မှုများအကြောင်း ပိုမိုသိရှိလိုပါက ၁၀၆ သို့ ခေါ်ဆို၍ သော်လည်းကောင်း MPT ၏ တရားဝင် ဖေ့စ်ဘွတ်ခ် စာမျက်နှာ https://www.facebook.com/mptofficialpage/ သို့မဟုတ် MPT ၏ တရားဝင် ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ပါသည်။