×

MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် (၁၀)မိနစ်လျင် (၉၉)ကျပ်သာကျသင့်မည့် (၁၀)မိနစ် ပက်ကေ့ချ်အသစ်တစ်ခု MPT မှ မိတ်ဆက်

14 Jun 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် ဇွန် ၁၄ ရက်) – MPT သည် MPT အချင်းချင်းဖုန်းခေါ်ဆိုမှုများအတွက် ၁၀ မိနစ်လျင် ၉၉ ကျပ်သာ ကျသင့်မည့် ၁၀ မိနစ်ပက်ကေ့ချ်အသစ်တစ်ခုကို ယနေ့စတင်မိတ်ဆက်လိုက်သည်။

MPT ၏ ဆွေသဟာ၊ ရှယ်ပြောနှင့် ပုံမှန်နှုန်းထားဖြင့်ရယူထားသောအစီအစဉ်များကို (GSM/WCDMA) အသုံးပြုသူများအနေဖြင့် *2220# သို့ခေါ်ဆိုကာ အဆိုပါပက်ကေ့ချ်ကို ရယူနိုင်မည် ဖြစ်ပါသည်။ ထို့ပြင် အဆိုပါပက်ကေ့ချ်ကို သုံးစွဲသူများ၏လိုအပ်ချက်အလိုက် တစ်နေ့အတွင်း အကြိမ်အရေအတွက် အကန့်အသတ် မရှိ၀ယ်ယူနိုင်မည်ဖြစ်ပါသည်။
အသစ်မိတ်ဆက်လိုက်သည့် ဖုန်းခေါ်ဆိုခနှုန်းထားအရ MPT သုံးစွဲသူများသည် ပိုမိုသက်သာသောစျေးနှုန်းဖြင့် မိမိတို့၏ ရင်းနှီးချစ်ခင်ရသူများကို ယခင်ကထက် ပိုမိုခေါ်ဆိုနိုင်မည် ဖြစ်ပါသည်။ ၁၀ မိနစ်လျင် ၉၉ ကျပ် သာကျသင့်မည့် MPT ၏အဆိုပါ ပက်ကေ့ချ်သည် အထူးသဖြင့် တစ်နေ့တာလုံး ဖုန်းဖြင့်အဆက်အသွယ် ပြုလုပ်ရန် လိုအပ်သော သုံးစွဲသူများအတွက် မိမိတို့အလိုရှိသောအချိန်တိုင်းတွင် အလွယ်တကူရယူ အသုံးပြုနိုင်မည်ဖြစ်ပါသည်။

Voice ပက်ကေ့ချ်များကို ကြိုက်နှစ်သက်ကြသော သုံးစွဲသူများအတွက် တစ်နေ့လျင် ၃၉၉ ကျပ်နှင့် စိတ်ကြိုက်ဖုန်းခေါ်ဆိုနိုင်မည့် MPT၏ နေ့စဉ်သုံးပက်ကေ့ချ်တွင် ၁၀ မိနစ် ပက်ကေ့ချ်ကို ထပ်မံမိတ်ဆက်လိုက်
ခြင်းဖြစ်ရာ သုံးစွဲသူများ အတွက် ရွေးချယ်စရာ Voice ပက်ကေ့ချ်များ ပိုမိုများပြားလာမည် ဖြစ်ပါသည်။

MPT ၏ ၁၀ မိနစ်ပက်ကေ့ချ်အကြောင်း သို့မဟုတ် အခြားသောအစီအစဉ်များနှင့် ပရိုမိုရှင်းများအကြောင်း ပိုမိုသိရှိလိုပါက www.mpt.com.mm သို့မဟုတ် www.facebook.com/mptofficialpage တွင် ၀င်ရောက်လေ့လာနိုင်ပါသည်။
*မှတ်ချက် – ၁၀ မိနစ်ပက်ကေ့ချ်ဝယ်ယူရာတွင် ကုန်သွယ်ခွန် ၅ ရာခိုင်နှုန်း ထပ်မံပေးဆောင်ရပါမည်။