×

MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်း၊ အင်တာနက်အသုံးပြုခြင်း နှင့် စာတိုပေး ပို့ခြင်းများအတွက် ၅ ဆ ပွားထားသည့် ဖုန်းဘီလ်များကို ယခင်ထက်အချိန်ကြာကြာ အသုံးပြုနိုင်မည့် ထောဘီ+ အစီအစဉ်ကို MPT စတင်မိတ်ဆက်

01 Feb 2019

(ရန်ကုန်၊ ၂၀၁၉ ခုနှစ် ဖေဖေါ်ဝါရီလ ၁ ရက်) – MPT မှ အသစ်ထပ်မံမိတ်ဆက်လိုက်သည့် ထောဘီ+ ပရိုမိုးရှင်း အစီအစဉ်ကို နိုင်ငံတစ်ဝန်းမှ သုံးစွဲသူများ ကြည်နူးပျော်ရွှင်စွာဖြင့် စတင်ရယူအသုံးပြုနိုင်ပြီဖြစ်ပြီး ထောဘီ ပရိုမိုးရှင်းနည်းတူ ဖုန်းဘီလ်များအား ၅ ဆ ပွား တိုးမြှင့်၍ သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း၊ MPT အချင်းချင်းဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ခြင်းများအတွက် အသုံးပြုနိုင်မည်သာဖြစ်သော်လည်း အဆိုပါအစီအ စဉ်သစ်တွင်မူ ဖုန်းဘီလ်ပြောင်းလဲသည့် ပက်ကေ့ချ်အပေါ်မူတည်၍ အသုံးပြုနိုင်မည့် သက်တမ်းကုန်ဆုံးရက်များ အား အနည်းဆုံး ရက်ပေါင်း ၆၀ အဖြစ် ယခင်ထက် နှစ်ဆ တိုးမြှင့်ပေးထားကြောင်း ထုတ်ပြန်ကြေညာသည်။

ဥပမာ သုံးစွဲသူမှ ရှိရင်းစွဲ ဖုန်းဘီလ် ၁,၀၀၀ အား ထောဘီ+ဖုန်းဘီလ်သို့ ပြောင်းလဲခြင်းဖြင့် ဖုန်းဘီလ် ၅,၀၀၀ ဖြစ် သွားမည်ဖြစ်ပြီး အဆိုပါ ပြောင်းလဲသွားသည့်ဖုန်းဘီလ် ၅,၀၀၀ အား MPT ၏ မြန်နှုန်းမြင့် 3G/LTE+ ကွန်ရက် ပေါ်တွင် သုံးသလောက်ပေးအင်တာနက် အသုံးပြုခြင်း၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်းနှင့် စာတိုပေးပို့ ခြင်းများအတွက် အသုံးပြုနိုင်မည်ဖြစ်သည်။ ၎င်းမှာ ထောဘီအစီအစဉ်တွင် ရရှိနိုင်မည့် ပုံစံနှင့် တူညီသော်လည်း ထောဘီတွင် ဖုန်းဘီလ်ကို ၇ ရက်အတွင်းသာအသုံးပြုနိုင်ပြီး ယခု ထောဘီ+ အစီအစဉ် တွင် အသုံးပြုသူများက ယင်းဖုန်းဘီလ်ကို ၁၅ ရက်အထိ တိုးမြှင့်အသုံးပြုနိုင်မည်လည်းဖြစ်ကာ ၅ ဆ ရရှိထား သည့် ဖုန်းဘီလ်များကို အချိန်ကြာကြာ အသုံးပြုနိုင်တော့မည်လည်းဖြစ်သည်။

ပရိုမိုးရှင်းအစီအစဉ်သစ် အသေးစိတ်ဇယားမှာ အောက်ပါအတိုင်းဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ စီးပွားရေးရာဌာနမှ အရာရှိချုပ်ဖြစ်သူ Mr. Reizo Umeda က “အရင် အစီ အစဉ်အတိုင်း ဖုန်းဘီလ်တွေကို ၅ ဆပွားပေးနိုင်ရုံသာမကပဲ ရရှိထားတဲ့ ဖုန်းဘီလ်တွေကို ရက် ၆၀ လောက်ထိ အချိန်ကြာကြာ အသုံးပြုနိုင်ပြီဖြစ်တဲ့ ထောဘီ + အစီအစဉ်ကို မိတ်ဆက်ပေးခွင့်ရလို့ ကျွန်တော်တို့အနေနဲ့ အတိုင်းမသိ စိတ်လှုပ်ရှားမိပါတယ်။ MPT ကနေ မိတ်ဆက်ပေးခဲ့တဲ့ ထောဘီအစီအစဉ်ဟာဆိုရင်လည်း မိုဘိုင်းလ်သုံးစွဲသူတွေရဲ့ ဖုန်းဘီလ်ဖြည့်သွင်းတဲ့အပေါ်မှာ အကျိုးအမြတ်များစွာ ပြန်လည်ရရှိလို့ သုံးစွဲသူတိုင်းက သဘောကျနှစ်ခြိုက်ပြီး တရှိန်ထိုးအောင်မြင်မှုရရှိခဲ့တယ်လို့လည်း ဆိုနိုင်ပါတယ်။ ကျွန်တော်တို့အနေနဲ့ သုံးစွဲသူ တွေတိုင်းကို ကျေးဇူးတင်တဲ့အနေနဲ့ သူတို့ရရှိထားတဲ့ ဖုန်းဘီလ် ၅ ဆကို အရင်ထက်ပိုပြီး ကြာကြာသုံးနိုင်ဖို့ကို ခုလို ထပ်ပြီးလုပ်ဆောင်ပေးဖြစ်ခဲ့တာဖြစ်ပါတယ်။ MPT ဟာဆိုရင် သုံးစွဲသူတွေရဲ့ မတူညီတဲ့လိုအပ်ချက်တွေကို အစဉ်အမြဲအလေးထားပြီး သူတို့အတွက်အဆင်ပြေကောင်းမွန်တဲ့ ဝန်ဆောင်မှုတွေ၊ သူတို့နဲ့သင့်တော်မယ့် အစီ အစဉ်တွေကို မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ ပထမဆုံးမိုဘိုင်းလ်ကွန်ရက်ကို သုံးနေသမျှပေးအပ်နိုင်ဖို့ အမြဲရှေးရှုထား ပါတယ်” ဟု ပြောကြားသည်။

ဖုန်းဘီလ်ပြောင်းလဲခြင်းကို သုံးစွဲသူများအနေဖြင့် အကန့်အသတ်မရှိ စိတ်ကြိုက်ပြောင်းလဲနိုင်မည်ဖြစ်သော် လည်း ဒေတာပက်ကေ့ချ်များဝယ်ယူခြင်း၊ ထပ်ဆောင်းဝန်ဆောင်မှုများဝယ်ယူခြင်းနှင့် ဖုန်းခေါ်ဆိုခြင်းပက်ကေ့ချ် ဝယ်ယူခြင်းများအတွက် အသုံးပြုနိုင်မည်မဟုတ်ပါ။ သို့သော်လည်း အသုံးပြုသူများက ပြောင်းလဲရရှိသည့် ဖုန်း ဘီလ်ဖြင့် သုံးသလောက်ပေးအင်တာနက်အသုံးပြုခြင်း၊ MPT အချင်းချင်း ဖုန်းခေါ်ဆိုခြင်း၊ စာတိုပေးပို့ခြင်းများ အတွက်အသုံးပြုနိုင်မည်ဖြစ်သည်။

အကယ်၍ သုံးစွဲသူမှ ယခင်ပြောင်းလဲရယူထားသည့် ထောဘီအစီအစဉ် သက်တမ်းမကုန်ဆုံးသေးပါက အစီအစဉ်သစ်ဖြစ်သော ထောဘီ+ ဝယ်ယူပြောင်းလဲခြင်းကို ထောဘီအစီအစဉ်ပရိုမိုးရှင်း သက်တမ်းကုန်ဆုံးမှ သာ စတင်အသုံးပြုနိုင်မည်ဖြစ်သည်။ ပြောင်းလဲရရှိမည့် ဖုန်းဘီလ်များကို လွှဲပြောင်း၊ ပြန်အမ်းခြင်း ပြုလုပ်နိုင် မည်မဟုတ်ပါ။

ထောဘီ+ အစီအစဉ်နှင့်ပတ်သက်၍ဖြစ်စေ၊ MPT ၏ အခြားသော ထူးခြားကောင်းမွန်သည့် ပရိုမိုးရှင်းအစီအစဉ် များနှင့် စပ်လျဉ်း၍ဖြစ်စေ သိရှိလိုပါက ဖုန်းနံပါတ် ၁၀၆ သို့ ခေါ်ဆိုခြင်း (သို့) MPT ၏ တရားဝင်ဝက်ဘ်ဆိုက် www.mpt.com.mm သို့ ဖေ့စ်ဘွတ်စာမျက်နှာ https://www.facebook.com/mptofficialpage သို့ ဝင်ရောက်လေ့လာနိုင်ပါသည်။