×

MPT အချင်းချင်းဖုန်းခေါ်ဆိုခ အထူးနှုန်းများနှင့် “ရှယ်ပြော” အစီအစဉ်သစ်ကို နိုင်ငံတစ်ဝှမ်းမှ သုံးစွဲသူများသို့ MPT မှ စတင်မိတ်ဆက်

25 Mar 2017

(ရန်ကုန်၊ ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်) – MPT ဖုန်းအချင်းချင်း ခေါ်ဆိုရာတွင် ပိုမိုသက်သာသော ဖုန်းခေါ်ဆိုခနှုန်းထား ၁မိနစ်လျှင် ၁၅ ကျပ်ဖြင့် ခေါ်ဆိုနိုင်မည့် ရှယ်ပြော အမည်ရ အစီအစဉ်သစ်ကို ယနေ့စတင်မိတ်ဆက်လိုက်ပြီ ဖြစ်ကြောင်း MPT မှ သတင်းထုတ်ပြန်ကြေညာလိုက်သည်။ နိုင်ငံတစ်ဝှမ်းမှ မိမိတို့၏ မိတ်ဆွေသူငယ်ချင်းများ နှင့် မိသားစုဝင်များကို MPT ၏ ဆက်သွယ်ရေးကွန်ရက်ပေါ်မှ တစ်ဆင့် ပုံမှန်ဖုန်း ခေါ်ဆိုလေ့ရှိသူများ အတွက် အလွန်စွဲမက်ဖွယ်ကောင်းသော အစီအစဉ်သစ်တစ်ရပ်ပင် ဖြစ်သည်။

MPT GSM သုံးစွဲသူများသည် ၁ မိနစ်လျှင် ၁၅ ကျပ်နှုန်းထားဖြင့် ခေါ်ဆိုနိုင်မည့် အဆိုပါ ရှယ်ပြော အစီ အစဉ်ကို ၂၀၁၇ ခုနှစ် မတ်လ ၂၆ ရက်နေ့မှစတင်ကာ ရယူနိုင်မည်ဖြစ်ပြီး မိုဘိုင်းလ်ဖုန်းပေါ်မှဖြစ်စေ၊ မိုဘိုင်းလ်ဖုန်းမှ ကြိုးဖုန်းသို့ဖြစ်စေ ခေါ်ဆိုနိင်မည်ဖြစ်ကာ မိမိတို့၏ မိုဘိုင်းလ်ဖုန်းမှတစ်ဆင့် *234*3# (လစဉ်ငွေပေး ချေစနစ်သုံးဖုန်းများအတွက် *235*3#) သို့ အခမဲ့ခေါ်ဆိုရုံဖြင့် အဆိုပါ ရှယ်ပြော အစီအစဉ်ကို ရယူအသုံးပြု နိုင်မည်ဖြစ်သည်။ ရှယ်ပြောအစီအစဉ်၏ အခြားသောနှုန်းထားများမှာ အခြားအော်ပရေတာများသို့ ဖုန်းခေါ်ဆိုခ ၁ မိနစ်လျှင် ၂၅ ကျပ်၊ SMS ၁စောင်လျှင် ၁၅ ကျပ် နှင့် အင်တာနက်အသုံးပြုခ 1 MB လျှင် ၈ ကျပ် ကျသင့် မည်ဖြစ်သည်။

MPT-KSGM Joint Operations ၏ Chief Executive Officer ဖြစ်သူ Mr. Toshitake Amamiya မှ “ကျွန်တော်တို့ရဲ့ သုံးစွဲသူတွေဟာ MPT ရဲ့ အောင်မြင်မှုအတွက် မရှိမဖြစ်အရေးပါပါတယ်။ ဒါ့ကြောင့် သုံးစွဲသူတွေရဲ့ လိုအပ်ချက်နဲ့အမှန်တကယ် ကိုက်ညီမယ့် ၀န်ဆောင်မှုတွေကို ပိုမိုကောင်းမွန်တဲ့ နှုန်းထားများနဲ့ ပေးအပ်သွားနိုင်ဖို့နဲ့ အကောင်းဆုံးလုပ်ဆောင်ပေးသွားဖို့အတွက် သန္နိဌာန်ချထားပါတယ်။ အခုလည်းသုံးစွဲသူ တွေရဲ့ စကားသံတွေကို နားစွင့်ရင်း ရင်ခုန်စိတ်လှုပ်ရှားဖွယ် ကောင်းတဲ့ “ရှယ်ပြော” ဆိုတဲ့ အစီအစဉ်သစ်ကို စတင်မိတ်ဆက်လိုက်တာပဲ ဖြစ်ပါတယ်။ နို်င်ငံတစ်ဝှမ်းမှာ အများဆုံးသောသုံးစွဲသူတွေရှိနေတဲ့ MPT အနေနဲ့ မြန်မာနိုင်ငံရဲ့ အသက်သာဆုံး ဖုန်းခေါ်ဆိုခနှုန်းထား ၁ မိနစ်မှာ ၁၅ ကျပ် သာကျသင့့်တဲ့ ဒီလိုစွဲမက်ဖွယ် ကောင်းတဲ့ “ရှယ်ပြော”အစီအစဉ်ကနေ MPT မိုဘိုင်းလ်အချင်းချင်းခေါ်ဆိုမှုတွေ မိုဘိုင်းလ်ကနေ ကြိုးဖုန်း ခေါ်ဆိုမှုတွေကို ပြုလုပ်နိုင်မှာဖြစ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။

“နောက်လဆိုရင် သင်္ကြန်ပွဲတော် အချိန်ကာလကို ရောက်ပြီဖြစ်တဲ့အတွက် သုံးစွဲသူတွေဟာ ကျွန်တော်တို့ရဲ့ ယခုအစီအစဉ်အသစ်ကို ပိုင်ပိုင်နိုင်နိုုင် အသုံးချပြီး မြန်မာနိုင်ငံရဲ့ အမြန်ဆုံးနဲ့ အကျယ်ပြန့်ဆုံး ဆက်သွယ်ရေး ကွန်ရက်ပေါ်ကနေ သူတို့ရဲ့ သူငယ်ချင်းအပေါင်းအသင်းတွေ၊ ချစ်ခင်ရသူတွေနဲ့ ပိုမိုထိတွေ့နိုင်လိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်” ဟု ၎င်းက ဆက်လက်ပြောကြားခဲ့ပါသည်။

ရှယ်ပြောအစီအစဉ်ကို ရယူထားစဉ် မိမိတို့ မူလကဝယ်ယူထားသည့် ဒေတာပက်ကေ့ချ်များကိုလည်း ၎င်းပက်ကေ့ချ်သက်တမ်းကုန်ဆုံးချိန်အထိ ယခင်အစီအစဉ်များအတိုင်း ဆက်လက်အသုံးပြုနိုင်မည် ဖြစ်သည်။ ထို့အပြင် အင်တာနက်ကိုနှစ်ခြိုက်စွာ အသုံးပြုနေကြသည့် သုံးစွဲသူများအတွက်လည်း 1MB ကို ၁ကျပ်သာကျ သော Colourful Data Pack, Night Time Data Pack နှင့် Social Packages အစရှိသည့် အင်တာနက် ပက်ကေ့ချ်မျိုးစုံကိုလည်း “ရှယ်ပြော” အစီအစဉ်မှနေပြီး စျေးနှုန်းသက်သာစွာဖြင့် စိတ်ကြိုက်ရွေးချယ် ဝယ်ယူပြီး အသုံးပြုနိုင်မည်ဖြစ်သည်။

အစီအစဉ်များပြောင်းလဲရယူရာတွင် အဆင်ပြေလွယ်ကူမှုရှိစေရန်လည်း MPT မှ စီစဉ်ပေးထားရာ သုံးစွဲသူများအနေဖြင့် “ရှယ်ပြော” အစီအစဉ်ကိုပယ်ဖျက်လိုပါက
• မူလအစီအစဉ်အတွက် *234*1# သို့ ခေါ်ဆို၍ ဖြစ်စေ
• ဆွေသဟာအစီအစဉ်အတွက် *234*2# သို့ ခေါ်ဆို၍ ဖြစ်စေ ယခင်နှုန်းထားများအတိုင်း ပြန်လည်သုံးစွဲနိုင်မည် ဖြစ်သည်။
*အစီအစဉ်များ ပြောင်းလဲမှုများကို တစ်ရက်လျှင် တစ်ကြိမ်သာ ပြုလုပ်နိုင်ပါသည်။