×

MPT အသုံးပြုသူတိုင်း iflix အား ၁၂ လတာကြည့်ရှုခွင့်ရရှိမည်

09 Apr 2018

(ရန်ကုန်၊ ၂၀၁၈ ခုနှစ် ဧပြီလ ၉ ရက်) – မြန်မာ့ဦးဆောင်ဆက်သွယ်ရေးအော်ပရေတာ MPT က ကမ္ဘာ့ ထိပ်တန်းဖျော်ဖြေရေးဝန်ဆောင်မှုပေးနေသော iflix နှင့် ပူးပေါင်းဆောင်ရွက်လိုက်သည့် ဖျော်ဖြေရေး ဝန်ဆောင်မှုအသစ်ကို စတင်လိုက်ကြောင်း ယနေ့သတင်းထုတ်ပြန်လိုက်သည်။ ယခုကဲ့သို့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် MPT သုံးစွဲသူများအနေဖြင့် ထောင်ပေါင်းများစွာသော ကမ္ဘာ့အကောင်းဆုံး ရုပ်သံ အစီအစဉ်များ၊ အမိုက်စားရုပ်ရှင် နှင့် ဇာတ်လမ်းတွဲများကို ကိုယ်ပိုင်မိုဘိုင်းလ်ဖုန်းများ၊ တက်ဘလက်များ ပေါ်မှတစ်ဆင့် ၃၆,၀၀၀ ကျပ်တန်ဖိုးရှိသော iflix ကို ၁၂ လ လစဉ်ကြေးပေးစရာမလိုဘဲ ကြည့်ရှုခွင့်ကို ရရှိနိုင်တော့မည် ဖြစ်သည်။

iflix နှင့် ပူးပေါင်းဆောင်ရွက်မှု စတင်လိုက်သည့် ယနေ့မှစ၍ MPT သုံးစွဲသူများအနေဖြင့် အရည်အသွေးမြင့် 3G နှင့် 4G LTE+ မိုဘိုင်းလ်ကွန်ရက်မှတစ်ဆင့် ဗီဒီယိုများကို အကန့်အသတ်မရှိ မိမိတို့၏ မိုဘိုင်းလ်ဒေတာမှတစ်ဆင့် လွယ်ကူစွာ ကြည့်ရှုခံစားနိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူတိုင်း iflix ၏ ဖျော်ဖြေရေးဝန်ဆောင်မှုများကို ဖုန်း၊ တက်ဘလက်၊ လက်ပ်တော့၊ Desktop အပြင် TV နှင့် အခြား ချိတ်ဆက်နိုင်သည့် Device များပေါ်မှတစ်ဆင် Device ၂ ခုအထိ တစ်ပြိုင်တည်း ချိတ်ဆက်ကြည့်ရှုနိုင် မည်ဖြစ်သည်။ ထို့ပြင် ဒေါင်းလုတ်ရယူထားပြီးနောက် Offline ဖြင့် ပြန်လည်ကြည့်ရှုနိုင်သည့် လုပ်ဆောင်ချက် လည်းပါဝင်သဖြင့် MPT သုံးစွဲသူများအနေဖြင့် ရုပ်သံတီဗွီအစီအစဉ်များ၊ ရုပ်ရှင်များကို အင်တာနက်ချိတ် ဆက်ထားခြင်း မရှိသည့် အချိန်များ၌ပင် ဖုန်း၊ တက်ဘလက် နှင့် အခြား Devices များတွင် ကြည့်ရှု ခံစားနိုင်မည် ဖြစ်သည်။

MPT-KSGM Joint Operations မှ Chief Commercial Officer ဖြစ်သူ Mr. Reizo Umeda က “ပြီးခဲ့တဲ့နှစ်အနည်းငယ်ကတည်းက မြန်မာနိုင်ငံရဲ့ ဖျော်ဖြေရေးကဏ္ဍပုံစံဟာ ပြောင်းလဲလာပြီး အခုဆိုရင် ကိုယ့် အကြိုက်ဆုံးအကြောင်းအရာတွေကို အင်တာနက်နဲ့ ချိတ်ဆက်ထားတဲ့ မိုဘိုင်းလ်ဖုန်းတွေကတစ်ဆင့် ကြည့်ရှုနိုင်လာပြီ ဖြစ်ပါတယ်။ MPT အနေနဲ့ “ရှေ့သို့လှမ်းချီ မြန်မာပြည်” ဆိုတဲ့ ဆောင်ပုဒ်နဲ့ အညီ ဆန်းသစ်တီထွင်မှုတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ဒီအချက်တွေကြောင့် iflix နဲ့ ကျွန်တောတို့ ယခုလိုပူးပေါင်း ဆောင်ရွက်လိုက်တာပဲဖြစ်ပါတယ်။ မြန်မာ့ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာအနေနဲ့ ကျွန်တော်တို့ရဲ့သုံးစွဲသူတွေကို မြန်နှုန်းမြင့် 3G နဲ့ 4G LTE+ မိုဘိုင်းလ် ကွန်ရက်ကတစ်ဆင့် ပြည်တွင်း၊ပြည်ပ ရုပ်ရှင်တွေကို ဘယ်အချိန်၊ ဘယ်နေရာမဆို ကြည့်ရှုနိုင်ဖို့နဲ့ ပိုမိုကောင်းမွန်တဲ့ ဖျော်ဖြေရေးကဏ္ဍတွေကို အရောက်ပို့ဆောင်ပေးနိုင်လို့ အရမ်း ဂုဏ်ယူမိပါတယ်။ MPT သုံးစွဲသူတွေအတွက် အနာဂတ် မှာ ဒစ်ဂျစ်တယ်အတွေ့အကြုံတွေကို ပိုမိုထိတွေ့ခံစား နိုင်ဖို့ ယခုထက်ပိုပြီး ကောင်းမွန်တဲ့ စိတ်လှုပ်ရှားစရာ ဝန်ဆောင်မှုတွေကို ယူဆောင်လာပေးဖို့ မျှော်လင့်နေပါတယ်” ဟု ပြောကြားခဲ့သည်။

ရုပ်ရှင်စတူဒီယိုပေါင်း ၂၂၀ ကျော် အပါအဝင် ကမ္ဘာတစ်လွှားရှိ ထုတ်ဝေသူများစွာ ပူးပေါင်းထားသည့် iflix ကို ရယူသုံးစွဲသူများအတွက် များပြားလှသော ခံစားမှုအတွေ့အကြံုများကို ပေးစွမ်းနိုင်မည့် ပြည်တွင်း၊ ပြည်ပ ရုပ်ရှင်နှင့် ဇာတ်လမ်းတွဲများအပြင်၊ The Flash, Arrow, Mr. Robot, Vampire Diaries နှင့် Big Bang Theory ကဲ့သို့ ယခုလက်ရှိ နာမည်ကျော်လူကြိုက်များသော ဟောလိ၀ုဒ် ထိပ်တန်းဇာတ်လမ်းတွဲများ၊ ရိုက်လိုက်ပါဦ ဒုန်း.. ဒုန်း.. ဒုန်း၊ မင်္ဂလာရှိတဲ့အရပ်၊ ပန်းနှစ်ပွင့်စီးချင်း အစရှိသော ရုပ်ရှင်ပရိသတ်များ နှစ်သက်ကြမည့် ပြည်တွင်း၊ပြည်ပရုပ်ရှင်များကို ခံစား စီးမျောနိုင်မည်ဖြစ်သည်။

iflix ၏ ရုပ်သံလိုင်းအသစ်များသည် သုံးစွဲသူများ ဇာတ်လမ်းအမျိုးအစားပေါ်မူတည်၍ ရှာဖွေနိုင်ရန်အတွက် ကမ္ဘာပေါ်တွင် ရေပန်းအစားဆုံးဖြစ်သည့် ဖျော်ဖြေရေးစတူဒီယိုများ၊ အမှတ်တံဆိပ်များမှ ရုပ်သံဇာတ်လမ်း များကို ရယူထားပြီး ဖြစ်ပါသည်။ သုံးစွဲသူများမှ ကြိုက်နှစ်သက်သည့် ရုပ်သံအစီအစဉ်၊ ရုပ်ရှင်နှင့် ရုပ်သံလိုင်းများကို iflix မူရင်း စာမျက်နှာတွင် အသင့်ကြည့်ရှုနိုင်ရန်ရွေးချယ်ထားနိုင်ပြီး နာမည်ကြီး သရုပ်ဆောင်များဖြစ်သည့် ဖွေးဖွေး၊ လူမင်း၊ သားညီ၊ ထွန်းကိုကို နှင့် အခြားသော သရုပ်ဆောင်များက ရွေးချယ်ထားသည့် Playlist များကိုလည်း Follow လုပ်ထားနိုင်မည်ဖြစ်သည်။

iflix အင်ဒိုချိုင်းနား၏ General Manager ဖြစ်သူ Ms. Adeana Greenlee က “မြန်မာနိုင်ငံမှာ MPT နဲ့ ပူးပေါင်းဆောင်ရွက်လိုက်တာက အကြီးမားဆုံး မှတ်တိုင်တစ်ခုအဖြစ် စာရင်းဝင်သွားပါပြီ။ MPT သုံးစွဲသူ တွေအတွက် ကျွန်မတို့ဝန်ဆောင်မှုပေးအပ်နိုင်ခဲ့လို့ အရမ်း ပီတိဖြစ်မိပါတယ်။ MPT သုံးစွဲသူတွေအတွက် iflix က ပရိသတ်တောင်းဆိုမှု များပြားလှတဲ့ နိုင်ငံတကာ၊ ဒေသတွင်းနဲ့ ပြည်တွင်း ရုပ်သံ အစီအစဉ်တွေ၊ ရုပ်ရှင်တွေနဲ့အတူ ထောင်ပေါင်းများစွာသော ဖျော်ဖြေရေးကဏ္ဍများကို ဆောင်ယူလာပါပြီ” ဟု ပြောကြား ခဲ့သည်။

MPT သုံးစွဲသူများအနေဖြင့် စမတ်ဖုန်း၊ တက်ဘလက် သို့မဟုတ် TV များကိုအသုံးပြု၍ ဖျော်ဖြေရေး ကဏ္ဍများကို အခမဲ့ရယူနိုင်ရန်အတွက် iflix အက်ပလီကေးရှင်းကို Google Play သို့မဟုတ် App Store များတွင် ဒေါင်းလုတ် ပြုလုပ်နိုင်မည်ဖြစ်ပါသည်။ ယခုဝန်ဆောင်မှုကို MPT ဆင်းမ်ကတ်ဖြင့် မှတ်ပုံတင်ပြီး နောက်ပိုင်းတွင် MPT မှ ကူညီပံ့ပိုုးပေးထားသည့် ၁၂ လစာ ငွေကျပ် ၃၆,၀၀၀ တန်ဖိုးရှိသည့် iflix ၏ ဖျော်ဖြေရေး ၀န်ဆောင်မှုများကို MPT ဆင်းမ်ကတ်ပေါ်မှတစ်ဆင့် မိမိတို့၏ဖုန်းဘေလ်ဖြင့် ကြည့်ရှုခံစား နိုင်မည်ဖြစ်သည်။ MPT သုံးစွဲသူများအနေဖြင့် ၂၀၁၈ ဧပြီ ၉ ရက်နေ့မှ ၂၀၁၈ ဇူလိုင် ရ ရက်နေ့အထိ ဤအစီအစဉ်ကို ရယူနိုင်ပါတယ်။ အင်တာနက် အသုံးပြုခ ကျသင့်ပါမည်။ အသေးစိတ်သိရှိလိုပါက *5050# သို့ ခေါ်ဆို၍ iflix အက်ပလီကေးရှင်းကို ဒေါင်းလုတ်ရယူခြင်းဖြင့် လည်းကောင်း၊ MPT ၏ တရားဝင် Facebook စာမျက်နှာ သို့မဟုတ် Call Center နံပါတ် 106 သို့ ခေါ်ဆို၍လည်းကောင်း လေ့လာနိုင်မည် ဖြစ်ပါသည်။

ယခုအခါတွင် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကတို့ရှိ နိုင်ငံ ၂၆ နိုင်ငံ ရှိ လူပေါင်း ၁ ဘီလီကျော်မှ လက်ရှိသုံးစွဲနေသာ iflix သည် ဗီဒီယိုတိုက်ရိုက်ကြည့်ရှုမှုနယ်ပယ်တွင် စျေးကွက်ဦးဆောင်သူ အဖြစ် ထင်ထင်ရှားရှား ရပ်တည်နေပြီဖြစ်သည်။ iflix တွင်သီးသန့်ကြည့်ရှုနိုင်သည့် ရုပ်ရှင်များ နှင့် ဆုရအစီ အစဉ်များ အပါအဝင် ဟောလိဝုဒ်၊ ဒေသတွင်းနှင့် ပြည်တွင်း ရုပ်ရှင်များ ပါဝင်သည့် ရုပ်ရှင်စုစည်းမှုကြီးကို အသုံးပြုသူများ အတွက် ဝန်ဆောင်မှုပေးထားပြီး iflix ကို ဖုန်း၊ လက်ပ်တော့၊ တက်ဘလက်နှင့် တီဗီတို့ဖြင့် အချိန်မရွေး၊ နေရာမရွေး ကြည့်ရှုနိုင်ပါသည်။